Pages

Friday, October 25, 2013

မြန်မာနိုင်ငံတွင်ွGucci ပိုက်ဆံအိတ်များ ထုတ်လုပ်မည်

RangonNewsDaily:: October. 25 .2013
DKNYC Gucci Guess စသော အမေ ရိကန်နှင့် အီတလီတံဆိပ် ပိုက်ဆံအိတ်များကို ကိုရီးယားကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းပြီး ပြည် တွင်းတွင် ထုတ်လုပ်မည်ဖြစ်ကြောင်း Myanmar Golden Star ကုမ္ပဏီမှ သိရသည်။

ယင်းအမှတ်တံဆိပ် ပိုက်ဆံအိတ်များကို ပြည်တွင်းရှိ Myanmar Golden Star ကုမ္ပဏီနှင့် ကိုရီးယားနိုင်ငံရှိ Hanna ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းပြီး အမေရိကန်ဒေါ်လာ ၁၂သန်း ရင်းနှီး မြှုပ်နှံကာ ပြည်တွင်းတွင် CMP စနစ်ဖြင့် ချုပ် လုပ်ပြီး မူရင်းကုမ္ပဏီသို့တင်သွင်းသွားမည်ဖြစ် ကြောင်း သိရသည်။

''ကျွန်တော်တို့နဲ့ Hana ကုမ္ပဏီပူးပေါင်း ပြီးတော့ထုတ်မှာပါ။ ထုတ်ပြီးတော့ ဒီမှာရောင်း ခွင့်တော့မရှိပါဘူး။ ကျွန်တော်တို့က ဒီကနေ CMP စနစ်နဲ့ သတ်မှတ်အရည်အသွေးတွေ အတိုင်း မူရင်း အမေရိကန်နဲ့အီတလီက ကုမ္ပဏီ တွေရဲ့အော်ဒါတွေကို ချုပ်လုပ်ပြီး သူတို့ကိုပြန် ပို့ပေးမှာပါ''ဟု Myanmar Golden Star ကုမ္ပဏီမှဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းကပြောသည်။
ယင်းစက်ရုံကို ပဲခူးတိုင်းအတွင်းရှိစက်မှုဇုန် တွင် တည်ဆောက်မည်ဖြစ်ပြီး ၂ဝ၁၄ ခုနှစ် နှစ်လယ်ပိုင်းလောက်တွင် ပိုက်ဆံအိတ်များ၊ လက်ကိုင်အိတ်များ စတင်ထုတ်လုပ်မည်ဖြစ်ပြီး တစ်နှစ်ကို ပိုက်ဆံအိတ်ပေါင်းသန်း ၃ဝ မှ ၄ဝ အတွင်း ထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။

''အခုက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို တင်ပြထားပါတယ်။ ခွင့်ပြုချက်ကျ လာတာနဲ့ထုတ်သွားမှာပါ။ ၂ဝ၁၄ ခုနှစ်လောက် မှာ စတင်ထုတ်လုပ်နိုင်မယ်လို့ ခန့်မှန်းထား တယ်။ အမေရိကန်နာမည်ကြီးတံဆိပ် ပိုက်ဆံ အိတ်အများစုကို CMP စနစ်နဲ့ချုပ်လုပ်သွားမှာ ပါ။ တစ်နှစ်ကိုသန်းပေါင်းများစွာထုတ်လုပ်သွားဖို့ ရှိပါတယ်''ဟု ၄င်းကပြောသည်။

လက်ရှိတွင် ယင်းအမှတ်တံဆိပ် ပိုက်ဆံ အိတ်များကို တရုတ်နှင့်ဗီယက်နမ်ရှိ အထည်ချုပ် စက်ရုံများတွင် ချုပ်လုပ်နေပြီး မြန်မာနိုင်ငံတွင် ၂ဝ၁၄ခုနှစ်တွင် စတင်ထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။
အထည်ချုပ်လုပ်ငန်းသည် လုပ်သားများ စွာအသုံးပြုရသည့် လုပ်ငန်းဖြစ်သောကြောင့် ယင်းလုပ်ငန်းမှ အလုပ်အကိုင်အခွင့်အလမ်းများ စွာရရှိလာမည်ဖြစ်သော်လည်းကျွမ်းကျင်လုပ်သား နည်းပါးသေးကြောင်းသိရသည်။

''ကျွန်တော်တို့နိုင်ငံမှာက လုပ်သားတွေ တော့ပေါတယ်။ ဒါပေမယ့် ကျွမ်းကျင်လုပ်သား ရှားပါးမှုကတော့ရှိနေဆဲပဲ။ ကျွမ်းကျင်လုပ်သား ရရှိဖို့ကလည်း အရမ်းအရေးကြီးတယ်။ သူတို့ တွေ တတ်ကျွမ်းမှလုပ်ငန်းကို ဆက်သွားလို့ရ မယ်။ ဒါကြောင့် လုပ်သားတွေကို အရင်ဆုံး လေ့ကျင့်သင်ကြားမှုတွေလုပ်ပေးပြီးမှကုန်ပစ္စည်း တွေထုတ်လုပ်သွားမှာပါ''ဟု ဦးသန့်ဇင်ထွန်းက ပြောသည်။

The Union Daily , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment