Pages

Friday, October 25, 2013

စူပါမားကက်များ၌ရောင်းချနေသော အရက်၊ ဘီယာများကွယ်ပျောက်သွားရန်ရှိနေ

Photo: စူပါမားကက်များ၌ရောင်းချနေသော အရက်၊ ဘီယာများကွယ်ပျောက်သွားရန်ရှိနေ October 25th, 2013
Friday, October 25, 2013

နိုင်ငံခြားဖြစ် အရက်၊ ဘီယာများ မြန်မာ နိုင်ငံအတွင်း တင်ပို့ရောင်းချခွင့် မရှိဟု စီးပွားကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတ်မှတ် ထားသော်လည်း မြို့နယ် အသီးသီးနှင့် ရန်ကုန်မြို့ တွင် ရောင်းချနေကြသောကြောင့် ဖမ်းဆီးသိမ်းဆည်းသွားရန် စီစဉ်လျက်ရှိကြောင်း စီးပွားကူးသန်း ၀န်ကြီးဌာနမှ သိရသည်။

အရက်၊ ဘီယာများ ရောင်းချနေခြင်းအား ဖမ်းဆီးသိမ်းဆည်းရန်အတွက် လက်ရှိတွင် သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးလျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညွှန်အောင်က ပြောသည်။

“ဒီလိုဖမ်းဆီးဖို့အတွက် အသေးစိတ် ဆွေးနွေးရမယ် ပြီးရင် ပညာပေးကာလရှိမယ်။ ဒါပေမယ့်အခုခု လောလောမှာ ဘယ်တော့ စလုပ်မယ်ဆိုတာ မပြောနိုင်သေးဘူး ”ဟု ၎င်းဆိုသည်။

လူနေရပ်ကွက်အတွင်းတွင် အရက်ဘီယာများ သိုလှောင်နေခြင်း နှင့် ပတ်သက်၍ တိုင်ကြားပါလာက ဖမ်းဆီးအရေးယူ သွားမည်ဖြစ်ကြောင်း ဦးညွှန်အောင်က ဆက်လက်ပြောသည်။
“ဘီယာတွေနဲ့ အရက်တွေကို တင်ထားတဲ့ စူပါမားကွက်တွေကို အခုလောလောဆယ်တော့ ဝင်ရောက်ဖမ်း ဆီးမှုတွေ မလုပ်သေးဘူး။ ဒီလိုလုပ်ဖို့အတွက် အဖွဲ့တွေ လုပ်နေတယ်။ ကျွန်တော်တို့ကို သတင်းအတိကျပေး လာရင်တော့ ဝင်ရောက် ဖမ်းဆီးမယ်”ဟု အထက်ပါပုဂ္ဂိုလ်က ထပ်လောင်း ပြောဆိုသည်။

မြန်မာနိုင်ငံသို့ ပြည်ပမှ တရားဝင် တင်သွင်းခွင့် မရှိသည်မှာ အရက်၊ ဘီယာ ၊ စီးကရက်၊ သုံးခုရှိပြီး ပြည်ပမှ ယင်းပစ္စည်းများအား တင်သွင်း လာပါက သယ်ဆောင်လာသည့်သူအား တရားဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း စီးပွားကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တရားမဝင် နယ်စပ်ကုန်သွယ်ပိတ်ပင်
တားဆီးရေးအဖွဲ့ Mobile Team အနေဖြင့် ထုတ်ပြန်ထားသည်။
မြန်မာနိုင်အတွင်းသို့ အရက်ဘီယာများအား တရားဝင်တင်သွင်းခွင့်မရှိဟု ဆိုသော်လည်း လက်ရှိရန်ကုန်မြို့  အတွင်းရှိ မီနီမားကက်နှင့် စူပါမားကက်များသည် အရက်၊ ဘီယာ မျိုးစိတ်ပေါင်း ၁၂၀ ကျော်တို့ အား တရားဝင် ရောင်းချလျက်ရှိသည်။

နှင်းနွယ်
မြန်မာ့ခေတ်

RangonNewsDaily:: October. 25 .2013
နိုင်ငံခြားဖြစ် အရက်၊ ဘီယာများ မြန်မာ နိုင်ငံအတွင်း တင်ပို့ရောင်းချခွင့် မရှိဟု စီးပွားကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတ်မှတ် ထားသော်လည်း မြို့နယ် အသီးသီးနှင့် ရန်ကုန်မြို့ တွင် ရောင်းချနေကြသောကြောင့် ဖမ်းဆီးသိမ်းဆည်းသွားရန် စီစဉ်လျက်ရှိကြောင်း စီးပွားကူးသန်း ၀န်ကြီးဌာနမှ သိရသည်။ အရက်၊ ဘီယာများ ရောင်းချနေခြင်းအား ဖမ်းဆီးသိမ်းဆည်းရန်အတွက် လက်ရှိတွင် သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးလျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညွှန်အောင်က ပြောသည်။

“ဒီလိုဖမ်းဆီးဖို့အတွက် အသေးစိတ် ဆွေးနွေးရမယ် ပြီးရင် ပညာပေးကာလရှိမယ်။ ဒါပေမယ့်အခုခု လောလောမှာ ဘယ်တော့ စလုပ်မယ်ဆိုတာ မပြောနိုင်သေးဘူး ”ဟု ၎င်းဆိုသည်။

လူနေရပ်ကွက်အတွင်းတွင် အရက်ဘီယာများ သိုလှောင်နေခြင်း နှင့် ပတ်သက်၍ တိုင်ကြားပါလာက ဖမ်းဆီးအရေးယူ သွားမည်ဖြစ်ကြောင်း ဦးညွှန်အောင်က ဆက်လက်ပြောသည်။
“ဘီယာတွေနဲ့ အရက်တွေကို တင်ထားတဲ့ စူပါမားကွက်တွေကို အခုလောလောဆယ်တော့ ဝင်ရောက်ဖမ်း ဆီးမှုတွေ မလုပ်သေးဘူး။ ဒီလိုလုပ်ဖို့အတွက် အဖွဲ့တွေ လုပ်နေတယ်။ ကျွန်တော်တို့ကို သတင်းအတိကျပေး လာရင်တော့ ဝင်ရောက် ဖမ်းဆီးမယ်”ဟု အထက်ပါပုဂ္ဂိုလ်က ထပ်လောင်း ပြောဆိုသည်။

မြန်မာနိုင်ငံသို့ ပြည်ပမှ တရားဝင် တင်သွင်းခွင့် မရှိသည်မှာ အရက်၊ ဘီယာ ၊ စီးကရက်၊ သုံးခုရှိပြီး ပြည်ပမှ ယင်းပစ္စည်းများအား တင်သွင်း လာပါက သယ်ဆောင်လာသည့်သူအား တရားဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း စီးပွားကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တရားမဝင် နယ်စပ်ကုန်သွယ်ပိတ်ပင်
တားဆီးရေးအဖွဲ့ Mobile Team အနေဖြင့် ထုတ်ပြန်ထားသည်။
မြန်မာနိုင်အတွင်းသို့ အရက်ဘီယာများအား တရားဝင်တင်သွင်းခွင့်မရှိဟု ဆိုသော်လည်း လက်ရှိရန်ကုန်မြို့  အတွင်းရှိ မီနီမားကက်နှင့် စူပါမားကက်များသည် အရက်၊ ဘီယာ မျိုးစိတ်ပေါင်း ၁၂၀ ကျော်တို့ အား တရားဝင် ရောင်းချလျက်ရှိသည်။

မြန်မာ့ခေတ် , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment