Pages

Friday, October 25, 2013

" မြန်မာ့ရုပ်ရှင်၊ ဗီဒီယို ဇာတ်ကားတွေ တိုးတက်လာစေချင်ကြောင်း ဝါရင့် သရုပ်ဆောင်ကြီးနှစ်ဦးပြော "

Photo: " မြန်မာ့ရုပ်ရှင်၊ ဗီဒီယို ဇာတ်ကားတွေ တိုးတက်လာစေချင်ကြောင်း ဝါရင့် သရုပ်ဆောင်ကြီးနှစ်ဦးပြော "
Friday, October 25, 2013

ရုပ်ရှင်သက်ကြီးပူဇော် ပွဲမှာ ကန်တော့ခံသက်ကြီးအ ဖြစ်ကန်တော့ခံခဲ့တာ ၁၁နှစ်ရှိ ပြီဖြစ်တဲ့ဝါရင့်ရုပ်ရှင်သရုပ် ဆောင်ကြီး ဦးစံမတူကမြန် မာ့ရုပ်ရှင်သရုပ်ဆောင် အနု ပညာလောကထဲမှာ သူ့ခေတ်သူ့ အခါက အောင်မြင်ထင်ရှားခဲ့တဲ့ သရုပ်ဆောင်အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။သရုပ် ဆောင်အနုပညာအလုပ်နဲ့ ဘဝရပ်တည်ခဲ့သူဖြစ်တဲ့ ဝါရင့် ရုပ်ရှင်သရုပ်ဆောင်ကြီး ဦးစံမ တူက

”အဘတို့က ဒီရုပ်ရှင်မှာ အနုပညာပင်စင်ယူထားတဲ့ သဘောပဲ။အသက်အရ အဘတို့ကသရုပ်ဆောင်ခွင့်မရတော့ ဘူး ။ပြောရရင်ဒီအနုပညာ အလုပ်ဆိုတာ ကျန်းမာနေရင် လုပ်လို့ရတာပါပဲ။အခုအဘတို့ သွားလာနိုင်တယ်၊ လှုပ်ရှားနိုင် တယ်။ကျန်းကျန်းမာမာနဲ့လုပ် နိုင်တဲ့ အင်အားတော့ ရှိပါသေး တယ်။ ဒါပေမဲ့ တစ်ခုဆိုးတာက အဘတို့အသက် အရွယ်က ၈၁ နှစ်ဆိုတော့ရုပ်ရှင်မှာသရုပ် ဆောင်ရရင်အဘတို့က အဘိုး အခန်းကပဲ သရုပ်ဆောင်ရမှာ ပါ။ ဗမာဇာတ်ကားတိုင်းလိုလိုပဲ ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ဖြစ်၊ ဗီဒီယိုဇာတ်ကားတွေပဲဖြစ်ဖြစ် အဘိုးအခန်းတွေ၊အဘွားအ ခန်း တွေမပါဘူး။အဖေ၊အမေ ခန်း တောင်မှ မပါကြတာတွေရှိပါ တယ်။အခုသူတို့ပြကြတဲ့ဟာ တွေက အထူးသဖြင့် မင်း သား၊ မင်းသမီးကိုပဲ အသားပေးပြနေ တယ်။ ညတိုင်း တီဗီရုပ်သံက ထုတ်လွှင့်ပြသနေတဲ့ ကိုရီး ယားကားတွေမှာဆိုရင် အဘိုး ပါတယ်။ အဘွားအခန်းတွေပါ တယ်။ဇာတ်လမ်းကဇာတ်အိမ် လည်း ခိုင်တယ်။

တချို့ဇာတ် လမ်းတွေဆို အပိုင်း ၃ဝဝ ကျော်နေတာ မျိုးတွေ ရှိတယ်။ ဒါပေမဲ့ အဲဒီဇာတ်လမ်းတွေ က ၃ဝဝကျော်တာတောင် မပြီး သေးပေမယ့်တစ်ပိုင်းပြီး သွား ရင်နောက်ထပ်ဘာဖြစ် မယ်ဆို တာတထိတ်ထိတ်နဲ့ခံစား စောင့် ကြည့်နေရတယ်။ အဲဒီလိုစွဲဆောင် မှုအနုပညာတွေရှိတယ်။ အဲဒီ တော့ ကိုရီးယားဇာတ် ကားတွေ ဆို သူတို့က ရာဇဝင်တွေပဲ ပြပြ၊ ခေတ်အလိုက်ပဲပြပြ သူတို့ဆီ မှာက လူအင်အားလည်း ကောင်း တယ်။အခမ်းအနားဆိုလည်း ပြောစရာမလိုဘူး။

အဘတို့ ဆီမှာတော့တိုက်ခန်းမှာပဲ သွားပြီးငှားရိုက်လိုက် တာပဲ ရှိတယ်။သူတို့ဆီမှာကဒီလို မဟုတ်ဘူး။ အဲဒီတော့ ကြည့် ရတာအလွန်တရာကို သဘော ကျတယ်” “အားကျတယ်။ နောင်တစ်ချိန်မှာ ကိုရီးယားလို၊ အိန္ဒိယလို ဗမာက လိုက်နိုင်စေချင်တယ်။ လုပ်နိုင်စေချင်တယ်။အဲဒီလိုဖြစ်ပါစေလို့လည်း ဆုတောင်းတယ်” လို့ မြန်မာဇာတ်လမ်း တွေ တိုးတက်လာစေချင်တဲ့ ဆန္ဒကိုပြောပြခဲ့ပါတယ်။ ဆက်လက်ပြီးတော့လည်း ဦးစံမတူ နှင့်အတူအတွဲညီစွာ သရုပ်ဆောင်ခဲ့ကြဖူးတဲ့ ဦးပလာတာက “အခုခေတ်မှာကျတော့ အချိန် ကုန်မခံနိုင်ဘူး။ ငွေကုန်လည်းမခံနိုင်ကြဘူး။ အဲဒီတော့ ဇာတ်ကား ကို မြန်မြန်ပြီးအောင် မြန်မြန် ရိုက်၊ လူ လေးယောက်လောက်နဲ့ ဇာတ်ကားပြီးသွားတယ်။ တိုက်လေးတစ်လုံးထဲမှာ တင် သုံးခန်းလောက်ဆို ပြီးသွားပြီ။ ဟိုတုန်းကတော့ အဖေ၊ အမေ၊ မောင်နှမအပြည့်အစုံထည့်တယ်။ ဇာတ်လမ်းဇာတ်ကွက် အဲဒါတွေ ကွာခြားသွားပြီ။ ကိုယ်နဲ့သင့်လျော်မယ့် ပညာတွေကိုလည်း ဒီခေတ်လူငယ်တွေကို ကြိုးစားစေချင်တယ်” လို့ ပြောပြခဲ့ပါတယ်။

သိမ့်သိမ့်
Popular Journal

RangonNewsDaily:: October. 25 .2013
ရုပ်ရှင်သက်ကြီးပူဇော် ပွဲမှာ ကန်တော့ခံသက်ကြီးအ ဖြစ်ကန်တော့ခံခဲ့တာ ၁၁နှစ်ရှိ ပြီဖြစ်တဲ့ဝါရင့်ရုပ်ရှင်သရုပ် ဆောင်ကြီး ဦးစံမတူကမြန် မာ့ရုပ်ရှင်သရုပ်ဆောင် အနု ပညာလောကထဲမှာ သူ့ခေတ်သူ့ အခါက အောင်မြင်ထင်ရှားခဲ့တဲ့ သရုပ်ဆောင်အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။သရုပ် ဆောင်အနုပညာအလုပ်နဲ့ ဘဝရပ်တည်ခဲ့သူဖြစ်တဲ့ ဝါရင့် ရုပ်ရှင်သရုပ်ဆောင်ကြီး ဦးစံမ တူက

”အဘတို့က ဒီရုပ်ရှင်မှာ အနုပညာပင်စင်ယူထားတဲ့ သဘောပဲ။အသက်အရ အဘတို့ကသရုပ်ဆောင်ခွင့်မရတော့ ဘူး ။ပြောရရင်ဒီအနုပညာ အလုပ်ဆိုတာ ကျန်းမာနေရင် လုပ်လို့ရတာပါပဲ။အခုအဘတို့ သွားလာနိုင်တယ်၊ လှုပ်ရှားနိုင် တယ်။ကျန်းကျန်းမာမာနဲ့လုပ် နိုင်တဲ့ အင်အားတော့ ရှိပါသေး တယ်။ ဒါပေမဲ့ တစ်ခုဆိုးတာက အဘတို့အသက် အရွယ်က ၈၁ နှစ်ဆိုတော့ရုပ်ရှင်မှာသရုပ် ဆောင်ရရင်အဘတို့က အဘိုး အခန်းကပဲ သရုပ်ဆောင်ရမှာ ပါ။ 
 
ဗမာဇာတ်ကားတိုင်းလိုလိုပဲ ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ဖြစ်၊ ဗီဒီယိုဇာတ်ကားတွေပဲဖြစ်ဖြစ် အဘိုးအခန်းတွေ၊အဘွားအ ခန်း တွေမပါဘူး။အဖေ၊အမေ ခန်း တောင်မှ မပါကြတာတွေရှိပါ တယ်။အခုသူတို့ပြကြတဲ့ဟာ တွေက အထူးသဖြင့် မင်း သား၊ မင်းသမီးကိုပဲ အသားပေးပြနေ တယ်။ ညတိုင်း တီဗီရုပ်သံက ထုတ်လွှင့်ပြသနေတဲ့ ကိုရီး ယားကားတွေမှာဆိုရင် အဘိုး ပါတယ်။ အဘွားအခန်းတွေပါ တယ်။ဇာတ်လမ်းကဇာတ်အိမ် လည်း ခိုင်တယ်။

တချို့ဇာတ် လမ်းတွေဆို အပိုင်း ၃ဝဝ ကျော်နေတာ မျိုးတွေ ရှိတယ်။ ဒါပေမဲ့ အဲဒီဇာတ်လမ်းတွေ က ၃ဝဝကျော်တာတောင် မပြီး သေးပေမယ့်တစ်ပိုင်းပြီး သွား ရင်နောက်ထပ်ဘာဖြစ် မယ်ဆို တာတထိတ်ထိတ်နဲ့ခံစား စောင့် ကြည့်နေရတယ်။ အဲဒီလိုစွဲဆောင် မှုအနုပညာတွေရှိတယ်။ အဲဒီ တော့ ကိုရီးယားဇာတ် ကားတွေ ဆို သူတို့က ရာဇဝင်တွေပဲ ပြပြ၊ ခေတ်အလိုက်ပဲပြပြ သူတို့ဆီ မှာက လူအင်အားလည်း ကောင်း တယ်။အခမ်းအနားဆိုလည်း ပြောစရာမလိုဘူး။

အဘတို့ ဆီမှာတော့တိုက်ခန်းမှာပဲ သွားပြီးငှားရိုက်လိုက် တာပဲ ရှိတယ်။သူတို့ဆီမှာကဒီလို မဟုတ်ဘူး။ အဲဒီတော့ ကြည့် ရတာအလွန်တရာကို သဘော ကျတယ်” “အားကျတယ်။ နောင်တစ်ချိန်မှာ ကိုရီးယားလို၊ အိန္ဒိယလို ဗမာက လိုက်နိုင်စေချင်တယ်။ လုပ်နိုင်စေချင်တယ်။
 
အဲဒီလိုဖြစ်ပါစေလို့လည်း ဆုတောင်းတယ်” လို့ မြန်မာဇာတ်လမ်း တွေ တိုးတက်လာစေချင်တဲ့ ဆန္ဒကိုပြောပြခဲ့ပါတယ်။ ဆက်လက်ပြီးတော့လည်း ဦးစံမတူ နှင့်အတူအတွဲညီစွာ သရုပ်ဆောင်ခဲ့ကြဖူးတဲ့ ဦးပလာတာက “အခုခေတ်မှာကျတော့ အချိန် ကုန်မခံနိုင်ဘူး။ ငွေကုန်လည်းမခံနိုင်ကြဘူး။ 
 
အဲဒီတော့ ဇာတ်ကား ကို မြန်မြန်ပြီးအောင် မြန်မြန် ရိုက်၊ လူ လေးယောက်လောက်နဲ့ ဇာတ်ကားပြီးသွား
တယ်။ တိုက်လေးတစ်လုံးထဲမှာ တင် သုံးခန်းလောက်ဆို ပြီးသွားပြီ။ ဟိုတုန်းကတော့ အဖေ၊ အမေ၊ မောင်နှ
မအပြည့်အစုံထည့်တယ်။ 
 
ဇာတ်လမ်းဇာတ်ကွက် အဲဒါတွေ ကွာခြားသွားပြီ။ ကိုယ်နဲ့သင့်လျော်မယ့် ပညာတွေကိုလည်း ဒီခေတ်လူ
ငယ်တွေကို ကြိုးစားစေချင်တယ်” လို့ ပြောပြခဲ့ပါတယ်။

သိမ့်သိမ့်
Popular Journal , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment