Pages

Thursday, September 12, 2013

ကျေးလက်ဂီတဆုပေးပွဲတွင် တေလာဆွစ်နှင့်အတူ Musgraves တို့ ထိပ်ဆုံးမှ ရပ်တည်

Photo: ကျေးလက်ဂီတဆုပေးပွဲတွင် တေလာဆွစ်နှင့်အတူ Musgraves တို့ ထိပ်ဆုံးမှ ရပ်တည်
Thursday, September 12, 2013

ယခုနှစ်အတွက်ပေးအပ်မည့် ကျေးလက်ဂီတဆုပေးပွဲအတွက် ဆန်ခါတင်စာရင်းများကို စက်တင်ဘာ ၁၀ ရက်ကထုတ်ပြန်ခဲ့ပြီး ယင်းစာရင်းများထဲတွင် အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်သည့် တေလာနှင့် အသက် ၂၅ နှစ်အရွယ် မက်စ်စကာဘတ်ဗ်တို့မှာ ဆုခြောက်ခုအတွက် လျာထားခြင်းခံထားရကြောင်း စာရင်းများက ဖော်ပြထားသည်။ 

၎င်းတို့နောက်တွင် အဆိုတော်စုံတွဲများဖြစ်ကြသည့် Blake Shelton နှင့် Miranda Lambert တို့မှာလည်း ငါးဆုခန့်စီအထိ လျာထားခြင်းခံရသည်။

ကျေးလက်ဂီတအဖွဲ့မှာ အနုပညာလုပ်ငန်းများလုပ်ကိုင်နေသည့် လူမှုရေးအဖွဲ့အစည်းဖြစ်ပြီး အဖွဲ့ဝင်များ မှသီချင်းအမျိုးအစား တစ်ခုချင်းစီမှ မဲပေးရွေးချယ်ခြင်းဖြစ်သည်။ ဆုရရှိသည့်အဆိုတော်များကို Tenne- ssee ပြည်နယ်ရှိ ကျေးလက်သီချင်းမြို့တော်ခန်းမ Nashville တွင် နိုဝင်ဘာ ၆ ရက်၌ ဆုများပေးအပ်ချီး မြှင့်သွားမည်ဖြစ်သည်။ ယင်းဆုပေးပွဲအား ရုပ်သံမှတိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်သည်။

CMA ၏ ဂုဏ်သတင်းအမွှေးဆုံးဖြစ်သော တစ်နှစ်တာအတွင်း အကောင်းဆုံးဖျော်ဖြေမှုဆုအား ယမန်နှစ် က Shelton မှ ဆွတ်ခူးရရှိ ခဲ့ပြီး ယခုနှစ်တွင်လည်း ထိုဆုအတွက် ason Aldean, Luke Bryan, Swift, George Strait တို့နှင့်အတူ ဆန်ခါတင်စာရင်းတွင် ပါရှိထားသည်။
တေလာဆွစ်မှာ ထိပ်တန်းအမျိုးသမီး အဆိုရှင်ဆု၊ တစ်နှစ်တာအတွက် အကောင်းဆုံးတေးစီးရီးဆု၊ သီချင်းအဆိုရှင်ဆု၊ တင်ဆက်မှုအကောင်းဆုံးဆုနှင့် အကောင်းဆုံးရုပ်သံသီချင်းဆုများတွင် လျာထားခြင်း ခံခဲ့ရသည်။

ကျေးလက်ဂီတသီချင်းများ ရေးသားသီဆိုသူ Musgraves မှာလည်း ထိပ်တန်းအမျိုးသမီးအဆိုရှင်ဆု၊ အကောင်းဆုံးမျက်နှာသစ် အနုပညာရှင်ဆုများ အပါအ၀င်ဆုပေါင်းခြောက်ဆုတွင်ဆုရရှိရန် နာမည်ကြီး လျက်ရှိသည်။ Musgraves မှာ “Merry Go Round” ဖြင့် အောင်မြင်ကျော်ကြားလာခဲ့ခြင်းဖြစ်ပြီး သူမ၏ သီချင်းများမှာ အမေရိကန်ကျေးလက်၏ အခက်အခဲအကျပ်အတည်းများအား သူမတူအောင်ပုံဖော်နိုင် သည့်အဆိုရှင် ဖြစ်သည်။

CMA ဆုပေးပွဲအခမ်းအနားအား Brad Paisley နှင့် Carrie Underwood တို့မှ အစီအစဉ်မှူးများအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး Walt Disney Co ၏ ABC ရုပ်သံလိုင်းမှ ထုတ်လွှင့်သွားမည်ဖြစ်သည်။

အောင်မင်း
မဇ္ဈိမ

RangonNewsDaily:: September 12, 2013

ယခုနှစ်အတွက်ပေးအပ်မည့် ကျေးလက်ဂီတဆုပေးပွဲအတွက်ဆန်ခါတင်စာရင်းများကိုစက်တင်ဘာ၁၀ ရက်
ကထုတ်ပြန်ခဲ့ပြီး ယင်းစာရင်းများထဲတွင် အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်သည့် တေလာနှင့် အသက် ၂၅ နှစ်
အရွယ် မက်စ်စကာဘတ်ဗ်တို့မှာ ဆုခြောက်ခုအတွက် လျာထားခြင်းခံထားရကြောင်း စာရင်းများက ဖော်ပြ
ထားသည်။ ၎င်းတို့နောက်တွင် အဆိုတော်စုံတွဲများဖြစ်ကြသည့် Blake Shelton နှင့် Miranda Lambert တို့မှာလည်း ငါးဆု
ခန့်စီအထိ လျာထားခြင်းခံရသည်။

ကျေးလက်ဂီတအဖွဲ့မှာ အနုပညာလုပ်ငန်းများလုပ်ကိုင်နေသည့် လူမှုရေးအဖွဲ့အစည်းဖြစ်ပြီး အဖွဲ့ဝင်များ မှ
သီချင်းအမျိုးအစား တစ်ခုချင်းစီမှ မဲပေးရွေးချယ်ခြင်းဖြစ်သည်။ဆုရရှိသည့်အဆိုတော်များကိုTenne- ssee ပြည်
နယ်ရှိ ကျေးလက်သီချင်းမြို့တော်ခန်းမ Nashville တွင် နိုဝင်ဘာ ၆ ရက်၌ ဆုများပေးအပ်ချီး မြှင့်သွားမည်ဖြစ်
သည်။ ယင်းဆုပေးပွဲအား ရုပ်သံမှတိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်သည်။

CMA ၏ ဂုဏ်သတင်းအမွှေးဆုံးဖြစ်သော တစ်နှစ်တာအတွင်း အကောင်းဆုံးဖျော်ဖြေမှုဆုအား ယမန်နှစ် က Shelton မှ ဆွတ်ခူးရရှိ ခဲ့ပြီး ယခုနှစ်တွင်လည်း ထိုဆုအတွက် ason Aldean, Luke Bryan, Swift, George Strait တို့နှင့်အတူ ဆန်ခါတင်စာရင်းတွင် ပါရှိထားသည်။

တေလာဆွစ်မှာ ထိပ်တန်းအမျိုးသမီး အဆိုရှင်ဆု၊ တစ်နှစ်တာအတွက် အကောင်းဆုံးတေးစီးရီးဆု၊ သီချင်းအ
ဆိုရှင်ဆု၊ တင်ဆက်မှုအကောင်းဆုံးဆုနှင့် အကောင်းဆုံးရုပ်သံသီချင်းဆုများတွင် လျာထားခြင်း ခံခဲ့ရသည်။

ကျေးလက်ဂီတသီချင်းများ ရေးသားသီဆိုသူ Musgravesမှာလည်းထိပ်တန်းအမျိုးသမီးအဆိုရှင်ဆု၊ အကောင်း
ဆုံးမျက်နှာသစ် အနုပညာရှင်ဆုများ အပါအ၀င်ဆုပေါင်းခြောက်ဆုတွင်ဆုရရှိရန် နာမည်ကြီး လျက်ရှိသည်။ Musgraves မှာ “Merry Go Round” ဖြင့် အောင်မြင်ကျော်ကြားလာခဲ့ခြင်းဖြစ်ပြီး သူမ၏ သီချင်းများမှာ အမေရိ
ကန်ကျေးလက်၏ အခက်အခဲအကျပ်အတည်းများအား သူမတူအောင်ပုံဖော်နိုင် သည့်အဆိုရှင် ဖြစ်သည်။

CMA ဆုပေးပွဲအခမ်းအနားအား Brad Paisley နှင့် Carrie Underwood တို့မှ အစီအစဉ်မှူးများအဖြစ်  ဆောင်
ရွက်သွားမည်ဖြစ်ပြီး Walt Disney Co ၏ ABC ရုပ်သံလိုင်းမှ ထုတ်လွှင့်သွားမည်ဖြစ်သည်။

အောင်မင်း
မဇ္ဈိမ , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment