Pages

Thursday, September 12, 2013

နည်းပညာမိတ်ဆက်ပွဲတွေရဲ့ အလွန် စီးချင်းထိုးမယ့် (Apple Vs Android)

Photo: နည်းပညာမိတ်ဆက်ပွဲတွေရဲ့ အလွန် စီးချင်းထိုးမယ့် (Apple Vs Android)
 Thursday, September 12, 2013 

စက်တင်ဘာလကတော့ နည်းပညာမိတ်ဆက်ပွဲတွေနဲ့ ကြီးစိုးခဲ့တဲ့လ လို့ပြောရမှာပါ။ဒါကြောင့်လည်း ကမ္ဘာအနံ့မှာရှိတဲ့ နည်းပညာ ပရိတ်သတ် 
တွေလည်း အများအပြားအာရုံစိတ်ခဲ့တဲ့ လလို့ဆိုရင်လည်း မမှားပါဘူး။

အဓိကအာရုံစိတ်စရာဖြစ်ခဲ့တဲ့နေ့တွေကတော့ စက်တင်ဘာ-၄ ဘာလင်မှာ ကျင်းပတဲ့ IFA နည်းပညာကုန်စည်ပြပွဲနဲ့ စက်တင်ဘာ-၁၀ မှာကျင်းပခဲ့တဲ့ Apple ရဲ့iPhone တွေပဲဖြစ်ပါတယ်။ကျင်းပသွားတဲ့ပွဲနှစ်ပွဲလုံးမှာ ဝေဖန်သံ
ချီးမွမ်းသံတွေနဲ့ မျှော်လင့်သလောက် မျှော်လင့်ချက်မပြည့်စုံခဲ့တဲ့ ကဲ့ရဲ့  သံတွေလည်းအများအပြားပေါ်ထွက်လာပါတယ်။

စစ်မျက်နှာပြင်ကိုစတင်ဖွင့်လှစ်ခဲ့တဲ့ Android

စစ်တလင်းမှာစီးချင်းထိုးဖို့အတွက် ဘာလင်မှာ Android တို့ရဲ့  သူရဲကောင်း 
ရွေးချယ်ပွဲကြီးကျင်းပခဲ့တာကအစပြု ရမှာပါ။နည်းပညာကုမ္ပဏီတွေ အများအပြားဝင်ရောက်ပြသခဲ့တဲ့ ပွဲတစ်ပွဲလည်းဖြစ်ခဲ့သလို Android တို့ရဲ့  စုဝေးရာပွဲဆိုရင်လည်းမှားမယ်မထင်ပါဘူး။

Andorid တွေအချင်းချင်းအပြိုင် စီးချင်းထိုးခဲ့ကြသလို အားပေးမူ အများဆုံးနဲ့ အမှတ်အများဆုံးရခဲ့တဲ့ သူရဲကောင်းကတော့ Samsung တပ်ရင်းက Galaxy တို့ရဲ့  အမွေခံ Galaxy Note 3 ပါပဲ။ 

စီးရီးတွေများလွန်းလို့ ဝေဖန်ခံနေရတဲ့ ကြယ်တာယာအုပ်စုဟာ ဒီတစ်ခေါက် 
မွေးထုတ် ပေးလိုက်တဲ့ သူရဲကောင်းက ဝေဖန်သူတို့ကို အနည်းငယ်
နှုတ်ဆိတ်စေခဲ့တာတော့အမှန်ပါပဲ။

ထွက်ရှိပြီးခဲ့ သမျှ ကြယ်တာယာ သူရဲကောင်းတွေထက် မျက်စိကျချင်စရာ မျက်နှာပြင်နဲ့ စွမ်းဆောင်ရည်တွေပါ ကျန်တဲ့ Android သူရဲကောင်းတွေ အတွက်တော့ အားကျချင်စရာဖြစ်ခဲ့ရပါတယ်။
(Note-3 Review ပြည့်ကြည့်လိုသူများ https://www.facebook.com/photo.php?fbid=500840126674287&set=a.244639595627676.56112.244608038964165&type=1&theater)

Android သူရဲကောင်းကို စိန်ခေါ်မယ့် Apple သူရဲကောင်းသစ်

Android စစ်မြေပြင်မှာပေါ်ထွက်လာတဲ့ Samsung Galaxy Note 3 ကိုအဓိကယှဉ်ပြိုင် ထိုးသတ်ဖို့ Apple ကသူ့ရဲကောင်းသစ် နှစ်ကောင်ကို
မွေးထုတ်ပေးလိုက်ပါတယ်။သူတို့ကတော့ 5C နဲ့ 5S ပေါ့။တစ်ကမ္ဘာလုံးမှာရှိ တဲ့ ပန်းသီးပရိတ်သတ်တွေကတော့ သူတို့ရဲ့ သူရဲကောင်းကြီးကို အများကြီး
မျှော်လင့်ထားခဲ့သလိုပဲ Android တပ်စုကလည်း အသင့်အနေ အထားနဲ့
စောင့်ကြည့်နေခဲ့ကြပါတယ်။

စစ်မြေပြင်မှာ စိန်ခေါ်ထိုးသတ်ဖို့ စက်တင်ဘာ-၁၀ မှာပရိတ်သတ်ရှေ့မောက် အစွမ်းပြဖို့ 5C Review(https://www.facebook.com/photo.php?fbid=124591734378268&set=a.110919895745452.1073741828.110423879128387&type=1&theater) နဲ့ 5S Review (https://www.facebook.com/photo.php?fbid=124591344378307&set=a.110919895745452.1073741828.110423879128387&type=1&theater) ကိုစင်တင်လိုက်ပါတယ်။

အဲဒီမှာ သူတို့ရဲ့ အဓိက ရွေးချယ်လိုက်တဲ့သူရဲကောင်းကတော့ 5s လို့ခေါ်တဲ့ iPhone 5s သူရဲကောင်းကြီးပါပဲ။ယခင်ထွက်ရှိပြီးဖြစ်တဲ့ သူရဲကောင်းထက် အရပ်အမောင်းနဲ့ ရူပါကသိပ်မကွာခြားတဲ့အတွက် ပန်သီးစားသုံးသူတွေ အနည်းငယ် လက်မှိုင်ကျစေခဲ့တာတော့အမှန်ပါပဲ။

ဒါကြောင့်ပြိုင်ဘက် Andorid တပ်စုကလည်း စကားလုံးစစ်ပွဲနဲ့အတူ ယခုလိုလှောင်ပြောင်စိန်ခေါ်ခဲ့ပါတယ်။ပြန်လည်ကြည့်ရှုလိုပါက(https://www.facebook.com/photo.php?fbid=503924893032477&set=a.244639595627676.56112.244608038964165&type=1&theater) 

သူရဲကောင်းသစ်ရဲ့ ကြီးမားတဲ့ ထူးခြားချက်ကလည်း ယခင်ထွက်ရှိပြီးတဲ့ iPhone 5 ထက်အနည်းငယ်သာကွဲပြားတဲ့ A7 Chip with 64 Bits Architecture နဲ့ လက်ဗွေလုံခြုံရေးစနစ်လောက်သာ စွဲမက်တဲ့ အနေအထား နှစ်ခုလောက်ပါလာတာကပန်းသီးပရိတ်သတ်တွေအတွက်
ဝေဖန်မူတွေနဲ့အတူ နောက်ထွက်မယ့် သူရဲကောင်းသစ် iPhone 6 ကိုတောင်စိတ်ကူးရင်မျှော်မှန်းလာတဲ့သူတွေတောင်ပေါ်လာရပါတယ်။

နိဂုံးချုပ်

မည်သို့ပင်ဆိုစေကာမူ နှစ်ခုစလုံးကတော့ သူ့ပရိတ်သတ်နဲ့သူတော့ ရှိနေဦးမှာအမှန်ပါပဲ။Samsung လည်းSamsung ပရိတ်သတ်တွေရှိနေသလို 
ပန်းသီးလည်းပန်းသီး ပရိတ်သတ်တွေကတော့သူဟာနဲ့သူရှိဦးမှာပါပဲ။ အဲဒီကြားထဲမှာမှ Sony,Nokia,HTC,Huawei စတဲ့ပရိတ်သတ်တွေလည်း သူ့အကြိုက်နဲ့သူတော့ရှိနေဦးမှာပါ။ 

ဘယ်လိုပဲဖြစ်ဖြစ် ကြယ်တာယာနဲ့ ပန်းသီးတို့ရဲ့  ဒီတစ်ခေါက်မိတ်ဆက် လိုက်တဲ့ဟီးရိုးနှစ်ကောင်ကတော့ ဘယ်သူက ဘယ်သူ့ကို အလဲထိုး သွားမလည်းဆိုတာ ကျွန်တော်တို့ကတော့ ပရိတ်သတ် တစ်ယောက် အနေနဲ့စောင့်မျှော် ကြည့်ရှုရင်း ဒီမှာတင်ရပ်နားလိုက်ပါတယ်။

သတိပြုစရာရှိတာက ပြီးခဲ့တဲ့နှစ်တွေနဲ့ ယခုလက်ရှိအနေအထား မှာ Apple ကဈေးကွက်မှာiPhone 5 ကအရောင်းရဆုံး ထုတ်ကုန်ဖြစ်နေတယ်ဆို တာပါပဲ။

ပွဲဆူအောင်လုပ်တယ်လို့တော့မထင်ပါနဲ့ အားသာချက် ကိုယ်စီတော့ရှိမှာပါ။ ပန်းသီးစားမလား၊စက်ရုပ်နဲ့နှစ်ပါးသွားမလား ???? 

ခွန်နေ(AMMG)
TechSpace Journal

RangonNewsDaily:: September 12, 2013

စက်တင်ဘာလကတော့ နည်းပညာမိတ်ဆက်ပွဲတွေနဲ့ ကြီးစိုးခဲ့တဲ့လ လို့ပြောရမှာပါ။ဒါကြောင့်လည်း ကမ္ဘာအနံ့မှာရှိတဲ့ နည်းပညာ ပရိတ်သတ်
တွေလည်း အများအပြားအာရုံစိတ်ခဲ့တဲ့ လလို့ဆိုရင်လည်း မမှားပါဘူး။ အဓိကအာရုံစိတ်စရာဖြစ်ခဲ့တဲ့နေ့တွေကတော့ စက်တင်ဘာ-၄ ဘာလင်မှာ ကျင်းပတဲ့ IFA နည်းပညာကုန်စည်ပြပွဲနဲ့ စက်တင်ဘာ-၁၀ မှာကျင်းပခဲ့တဲ့ Apple ရဲ့iPhone တွေပဲဖြစ်ပါတယ်။ကျင်းပသွားတဲ့ပွဲနှစ်ပွဲလုံးမှာ ဝေဖန်သံ
ချီးမွမ်းသံတွေနဲ့ မျှော်လင့်သလောက် မျှော်လင့်ချက်မပြည့်စုံခဲ့တဲ့ ကဲ့ရဲ့  သံတွေလည်းအများအပြားပေါ်ထွက်လာပါတယ်။

စစ်မျက်နှာပြင်ကိုစတင်ဖွင့်လှစ်ခဲ့တဲ့ Android

စစ်တလင်းမှာစီးချင်းထိုးဖို့အတွက် ဘာလင်မှာ Android တို့ရဲ့  သူရဲကောင်း
ရွေးချယ်ပွဲကြီးကျင်းပခဲ့တာကအစပြု ရမှာပါ။နည်းပညာကုမ္ပဏီတွေ အများအပြားဝင်ရောက်ပြသခဲ့တဲ့ ပွဲတစ်ပွဲလည်းဖြစ်ခဲ့သလို Android တို့ရဲ့  စုဝေးရာပွဲဆိုရင်လည်းမှားမယ်မထင်ပါဘူး။

Andorid တွေအချင်းချင်းအပြိုင် စီးချင်းထိုးခဲ့ကြသလို အားပေးမူ အများဆုံးနဲ့ အမှတ်အများဆုံးရခဲ့တဲ့ သူရဲကောင်းကတော့ Samsung တပ်ရင်းက Galaxy တို့ရဲ့  အမွေခံ Galaxy Note 3 ပါပဲ။

စီးရီးတွေများလွန်းလို့ ဝေဖန်ခံနေရတဲ့ ကြယ်တာယာအုပ်စုဟာ ဒီတစ်ခေါက်
မွေးထုတ် ပေးလိုက်တဲ့ သူရဲကောင်းက ဝေဖန်သူတို့ကို အနည်းငယ်
နှုတ်ဆိတ်စေခဲ့တာတော့အမှန်ပါပဲ။

ထွက်ရှိပြီးခဲ့ သမျှ ကြယ်တာယာ သူရဲကောင်းတွေထက် မျက်စိကျချင်စရာ မျက်နှာပြင်နဲ့ စွမ်းဆောင်ရည်တွေပါ ကျန်တဲ့ Android သူရဲကောင်းတွေ အတွက်တော့ အားကျချင်စရာဖြစ်ခဲ့ရပါတယ်။
(Note-3 Review ပြည့်ကြည့်လိုသူများ https://www.facebook.com/photo.php?fbid=500840126674287&set=a.244639595627676.56112.244608038964165&type=1&theater)

Android သူရဲကောင်းကို စိန်ခေါ်မယ့် Apple သူရဲကောင်းသစ်

Android စစ်မြေပြင်မှာပေါ်ထွက်လာတဲ့ Samsung Galaxy Note 3 ကိုအဓိကယှဉ်ပြိုင် ထိုးသတ်ဖို့ Apple ကသူ့ရဲကောင်းသစ် နှစ်ကောင်ကို
မွေးထုတ်ပေးလိုက်ပါတယ်။သူတို့ကတော့ 5C နဲ့ 5S ပေါ့။တစ်ကမ္ဘာလုံးမှာရှိ တဲ့ ပန်းသီးပရိတ်သတ်တွေကတော့ သူတို့ရဲ့ သူရဲကောင်းကြီးကို အများကြီး
မျှော်လင့်ထားခဲ့သလိုပဲ Android တပ်စုကလည်း အသင့်အနေ အထားနဲ့
စောင့်ကြည့်နေခဲ့ကြပါတယ်။

စစ်မြေပြင်မှာ စိန်ခေါ်ထိုးသတ်ဖို့ စက်တင်ဘာ-၁၀ မှာပရိတ်သတ်ရှေ့မောက် အစွမ်းပြဖို့ 5C Review(https://www.facebook.com/photo.php?fbid=124591734378268&set=a.110919895745452.1073741828.110423879128387&type=1&theater) နဲ့ 5S Review (https://www.facebook.com/photo.php?fbid=124591344378307&set=a.110919895745452.1073741828.110423879128387&type=1&theater) ကိုစင်တင်လိုက်ပါတယ်။

အဲဒီမှာ သူတို့ရဲ့ အဓိက ရွေးချယ်လိုက်တဲ့သူရဲကောင်းကတော့ 5s လို့ခေါ်တဲ့ iPhone 5s သူရဲကောင်းကြီးပါပဲ။ယခင်ထွက်ရှိပြီးဖြစ်တဲ့ သူရဲကောင်းထက် အရပ်အမောင်းနဲ့ ရူပါကသိပ်မကွာခြားတဲ့အတွက် ပန်သီးစားသုံးသူတွေ အနည်းငယ် လက်မှိုင်ကျစေခဲ့တာတော့အမှန်ပါပဲ။

ဒါကြောင့်ပြိုင်ဘက် Andorid တပ်စုကလည်း စကားလုံးစစ်ပွဲနဲ့အတူ ယခုလိုလှောင်ပြောင်စိန်ခေါ်ခဲ့ပါတယ်။ပြန်လည်ကြည့်ရှုလိုပါက(https://www.facebook.com/photo.php?fbid=503924893032477&set=a.244639595627676.56112.244608038964165&type=1&theater)

သူရဲကောင်းသစ်ရဲ့ ကြီးမားတဲ့ ထူးခြားချက်ကလည်း ယခင်ထွက်ရှိပြီးတဲ့ iPhone 5ထက်အနည်းငယ်သာကွဲ
ပြားတဲ့ A7 Chip with 64 Bits Architecture နဲ့ လက်ဗွေလုံခြုံရေးစနစ်လောက်သာ စွဲမက်တဲ့ အနေအထား
ျနှစ်ခုလောက်ပါလာတာကပန်းသီးပရိတ်သတ်တွေအတွက်ဝေဖန်မူတွေနဲ့အတူ နောက်ထွက်မယ့် သူရဲ
ကောင်းသစ် iPhone 6 ကိုတောင်စိတ်ကူးရင်မျှော်မှန်းလာတဲ့သူတွေတောင်ပေါ်လာရပါတယ်။

နိဂုံးချုပ်

မည်သို့ပင်ဆိုစေကာမူ နှစ်ခုစလုံးကတော့ သူ့ပရိတ်သတ်နဲ့သူတော့ ရှိနေဦးမှာအမှန်ပါပဲ။Samsung လည်း
Samsung ပရိတ်သတ်တွေရှိနေသလို ပန်းသီးလည်းပန်းသီး ပရိတ်သတ်တွေကတော့သူဟာနဲ့သူရှိဦးမှာပါပဲ။
အဲဒီကြားထဲမှာမှ Sony,Nokia,HTC,Huawei စတဲ့ပရိတ်သတ်တွေလည်း သူ့အကြိုက်နဲ့သူတော့ရှိနေဦးမှာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ကြယ်တာယာနဲ့ ပန်းသီးတို့ရဲ့  ဒီတစ်ခေါက်မိတ်ဆက် လိုက်တဲ့ဟီးရိုးနှစ်ကောင်ကတော့ ဘယ်သူက ဘယ်သူ့ကို အလဲထိုး သွားမလည်းဆိုတာ ကျွန်တော်တို့ကတော့ ပရိတ်သတ် တစ်ယောက် အ
နေနဲ့စောင့်မျှော် ကြည့်ရှုရင်း ဒီမှာတင်ရပ်နားလိုက်ပါတယ်။

သတိပြုစရာရှိတာက ပြီးခဲ့တဲ့နှစ်တွေနဲ့ ယခုလက်ရှိအနေအထား မှာ Apple ကဈေးကွက်မှာiPhone 5 ကအ
ရောင်းရဆုံး ထုတ်ကုန်ဖြစ်နေတယ်ဆို တာပါပဲ။

ပွဲဆူအောင်လုပ်တယ်လို့တော့မထင်ပါနဲ့ အားသာချက် ကိုယ်စီတော့ရှိမှာပါ။ ပန်းသီးစားမလား၊စက်ရုပ်နဲ့နှစ်
ပါးသွားမလား ????

ခွန်နေ(AMMG)
TechSpace Journal , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment