Pages

Thursday, September 12, 2013

ဘောလုံးသမား တစ်ယောက် ဂိုးသွင်းတာက မထူးဆန်းပေမယ့် မြန်မာမွတ်ဆလင် ဘောလုံးသ မားတစ်ယောက် အနိုင်သေချာစေသော ဂိုးသွင်းပြီး အောင်ပွဲခံ ဦးချရိုးကျိုးမှုပြု



RangonNewsDaily:: September 12, 2013
စက်တင်ဘာလ ၁၁ ရက် ဗုဒ္ဓဟူးနေ့ ညနေပိုင်း မလေးရှား နိုင်ငံ မာဒေးကားကွင်းတွင် ကန်ခဲ့သော အသက် ၂၃ နှစ်အောက် ပွဲတွင် မြန်မာအသင်းက စင်္ကာပူ လူငယ် အသင်းအား ၂ ဂိုး ပြတ်ဖြင့် အနိုင်ရရှိခဲ့ပါသည်။

ပထမဂိုးအား အသင်းခေါင်းဆောင် ကျော်ကိုကို မှ သွင်းပေးခဲ့ပြီး ဒုတိယ ပွဲပြတ်ဂိုးအား မြန်မာအားကစား
မား ရှေ့တန်းတိုက်စစ်မှုး စိုးကျော်ကျော်မှ သွင်းပေးခဲ့ပါသည်

မန္တလေး ရတနာပုံ FC မှာ ကစားခဲ့ ပြီး လက်ရှိ ဧရာဝတီ ယူနိုက်တက် အသင်းမှာ ကစားနေသော စိုးကျော်

ကျော်သည် စင်္ကာပူနှင့် ကန်သောပွဲတွင် မြန်မာအသင်းအတွက် အနိုင်သေချာစေမည့် ဂိုးကို သွင်းယူ ပေးခဲ့
ပြီးနောက် အစ္စလာမ် ဘာသာဝင်များ၏ ထုံးစံအတိုင်း အရှင်မြတ်အား ဦးချရိုးကျိုးမှုပြုခဲ့ကြောင်း တွေ့ရပါသည်။

မြန်မာ့အားကစားတွင် ဒီမိုကရေစီခေတ် အတွင်းက မြန်မာနိုင်ငံ အတွက် အိုလံပစ် ပွဲအထိ ရွှေတံဆိပ်ဆွတ် ခူးပေးသူများ တွင် လူမျိုးဘာသာ ပေါင်းစုံပါ ၀င်ခဲ့ကြပါသည်။

ယင်းအချိန်က မြန်မာ့အားကစား လက်ရွေးစင်များကြောင့် မြန်မာကို ကမ္ဘာက သိခဲ့ရသော်လည်း စစ်အစိုးရ

များ အဆက်ဆက် လက်ထက်တွင် အမျိုးသားရေး မှိုင်းတိုက်မှုများ နှင့် စစ်တပ်၏ မလျော် သြဇာသုံးမှု များ
ကြောင့် မြန်မာအားကစားမှာ အနိမ့်ဆုံး အဆင့် ကျဆင်းခဲ့ ရပါသည်။

ယခု ခေတ်ပြောင်းတွင်း ယခုကဲ့သို့ ဘာသာခြားများ ၀င်ရောက် ယှဉ်ပြိုင်ရန် အခွင့် အလန်းများ ပြန်လည်ပေါ်

ပေါက် လာခြင်းမှာ ကောင်းမွန်သော အလားအလာ တစ်ရပ်ဖြစ်ကြောင်း သိရှိရပါသည်။

မြန်မာအသင်းအနေဖြင့် ယခုပွဲ အနိုင်ရရှိခဲ့ခြင်းကြောင့် ဗိုလ်လုပွဲသို့ တက်ရန် အခွင့်အလမ်းရရှိခဲ့ကြောင်းသိ

ရှိရပါသည်။

မြန်မာ့လက်ရွေးစင် ဘောလုံးသမား စိုးကျော်ကျော် ဂိုးသွင်းလို့  မြန်မာနိုင်ငံက မွတ်စ်လင်မ်တွေ ဂုဏ်ယူနေ

တာနဲ့ ပတ်သက်ပြီးပိုတယ်လို့ တချို့ သူတွေကထင်ကောင်းထင်ကြလိမ့်မယ်။ဟုတ်ပါတယ်။ ဘောလုံးသမား
တစ်ယောက် ဂိုးသွင်းတာက မထူးဆန်းပါဘူး။

ထူးဆန်းတာက သူ့ ရဲ့ ဂိုးသွင်းအပြီး အောင်ပွဲခံပုံပါ။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေအရ တချို့ ဆို မိမိကို မွတ်စ်လင်မ်တစ်ယောက်ဖြစ်မှန်း လူသိမခံလိုတာတွေ ရှိပါတယ်။

တချို့ ဆို မိမိစီးပွားရေးလုပ်ငန်းကိုမွတ်စ်လင်မ်ပိုင်မှန်းမသိလိုတာကြောင့်ဆိုင်းဘုတ်တွေ ဖြုတ်လိုက်
ပြင်လိုက်

လုပ်တာတွေ တွေ့ ရပါတယ်။ ဒီလိုအခြေအနေတွေမှာ မိမိကိုယ်ကို မွတ်စ်လင်မ်တစ်ယောက်ဖြစ်ကြောင်း နိုင်
ငံတကာ မီဒီယာအရှေ့ မှာ စဂ်ျဒါဟ်ချပြီး အောင်ပွဲခံပြလိုက်တာကတော့ လေးစားဖို့ ကောင်းတဲ့ သတ္တိပဲ ဖြစ်ပါ
တယ်။

အဲဒီအတွက်ကြောင့် ဂုဏ်ယူပြီး ချီးမွမ်းထောပနာပြုနေကြတယ်လို့ ပဲ မြင်မိပါတယ်။

သူသာ ဂိုးသွင်းအပြီး သာမန်သာ အောင်ပွဲခံမယ်ဆိုရင် နိုင်ငံအဆင့် ကိုယ်စားပြု ဘောလုံးအသင်းမှာ မွတ်

စ်လင်မ် ကစားသမား ရှိမှန်း ကျွန်တော်တို့ သိလိုက်မှာတောင်မဟုတ်ဘူးလို့  ထင်မိပါတယ်။

သတင်း - အောင်နိုင် ( MMM )
Myanmar Muslim Media , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment