Pages

Thursday, September 12, 2013

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်တွင် ရဲအယောင်ဆောင် ငွေတောင်းသူနှစ်ဦးကို အရေးယူ

RangonNewsDaily:: September 12, 2013

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တောင်သမန်ကျေးရွာ တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမည်သုံး၍ ဒုရဲအုပ် အယောင်ဆောင် ငွေလိုက်လံ တောင်းခံနေသူနှစ်ဦးကို စက်တင်ဘာလ ၉ ရက်နေ့ ညနေ ၄ နာရီအချိန်၌ ဖမ်းဆီးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ အမရပူရမြို့နယ် တောင်သမန်ကျေးရွာတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အမည်သုံး၍ သင်တန်းတက်ရောက်ရန် အတွက်ဟုဆိုကာ ငွေ ၃၀၀၀ ကျပ် တောင်းခံခဲ့ရာ အကြော်စုံဆိုင်ပိုင်ရှင်က ငွေကြေး တစ်စုံတစ်ရာ ပေးလိုက်ခြင်း မရှိကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အခုနောက်ပိုင်းမှာ ဝန်ထမ်းအယောင်ဆောင်ပြီး လိမ်လည်တာတွေက များလာတယ်။ စားဝတ်နေရေးကလည်း ခက်ခဲလာလို့လေ။ ဒီလိုအယောင်ဆောင်တဲ့ သူတွေကို ပြည်သူတွေအနေနဲ့ အလွယ်တကူ သိနိုင်တာကတော့ အယောင်ဆောင် လိမ်လည်တဲ့ သူတွေက ဟောက်စားလုပ်ကြ တာများတယ်။ မသင်္ကာဘူး ဆိုရင်တော့ သက်ဆိုင်ရာဌာနတွေကို တစ်ဆင့်လှမ်းပြီး ဆက်သွယ်မေးမြန်းနိုင်ပါတယ်” ဟု မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး စိန်ထွန်းက ဆိုသည်။

အဆိုပါ လိမ်လည်သူနှစ်ဦးသည် ပြည်ကြီးတံခွန်မြို့နယ် (ခ) ရပ်ကွက်တွင် နေထိုင်သည့် ကောင်းထက်လင်း ၂၂ နှစ်နှင့် ရန်နိုင်စိုး ၂၇ နှစ်တို့ဖြစ်ပြီး ၎င်းတို့နှစ်ဦး ဒုရဲအုပ် အယောင်ဆောင်၍ တောင်းခံ လာသော ကျပ် ၃၀၀၀ နှင့် ပြစ်မှုကျူးလွန်ရာတွင် စီးနင်းအသုံးပြုသည့် ဆမ်းဘိုဆိုင်ကယ်တစ်စီးကို သိမ်းဆည်း၍ အမရပူရ မြို့မရဲစခန်းတွင် (ပ) ၃၇၈/၂၀၁၃ ပြစ်မှုပုဒ်မ ၁၇၀ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

The Voice ::-- , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment