Pages

Thursday, September 12, 2013

အိုင်တီကုမ္မဏီနောက်ကွယ်မှာ FBI ရှိနေလား

Photo: အိုင်တီကုမ္မဏီနောက်ကွယ်မှာ FBI ရှိနေလား
 Thursday, September 12, 2013 

ဒီတစ်လော FBI ဟာ သတင်းအချက်အလက် ပေါက်ကြားရေးနဲ့ ပက်သက် လို့ အတော်လေး သတင်းထွက် နေပါတယ်။ ကိုယ်တိုင် သတင်းက ပေါက်ကြားသလို၊ ကုလသမဂ္ဂရုံးက သတင်း အချက်အလက်တွေကို ခိုးယူ မှုကလည်း ကြီမားတဲ့ သတင်း ဖြစ်ပါတယ်။ 

ဥရောပ သမဂ္ဂရဲ့ အစည်းအဝေး ဗီဒီယိုနဲ့ အသံမှတ်တမ်းတွေကို အဓိက Target ထား ဖောက်ထွင်းယူခဲ့တဲ့ FBI ဟာ လက်ရှိမှာ တရားရင်ဆိုင်နေရ ပါတယ်။ ကုလသမဂ္ဂက ဘယ်လိုတုန့်ပြန်မလဲ မသိသေးပါဘူး။ ဒီကာလ အတွင်းမှာကိုပဲ တစ်ကမ္ဘာလုံးကို တုန်လှုပ်စေတဲ့ သတင်းတစ်ပုဒ် ထပ်မံ ထွက်ရှိလာပါတယ်။ ယင်းကတော့ မိုက်ခရိုဆော့ဖ် ရဲ့  နည်းပညာတစ်ခုကို ကြိုးကိုင်သူဟာ FBI ဖြစ်တယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်မှ စပေါ်တဲ့ Microsoft ရဲ့  Bitlocker ဆော့ဖ်ဝဲ ကို Windows အိုင်တီသမားများ သိကြမှာပါ။ ဟာ့ဒ်ဝဲနဲ့ ကွန်ပြူတာ လုံခြုံရေးအတွက် ကြားခံတားမြစ်ပေး၊ ဖွင့်လှစ်ပေးတဲ့ ဆော့ဖ်ဝဲမျိုး (Encryption Software) ဖြစ်ပြီး ထုတ်လုပ် အောင်မြင် ခဲ့ပါတယ်။ 

ယခုတော့ ယင်းဆော့ဖ်ဝဲမှာ အားနည်းချက် (Backdoor) ကိုတွေ့ရှိသွားပါပြီ။ Backdoor လို့ခေါ်တဲ့ ဆော့ဖ်ဝဲရဲ့ နောက်ဝင်ပေါက် (လျှို့ ဝှက်ဖောက်ထွင်းပေါက်) တစ်ခုကို ထားရှိဖို့ FBI က စေခိုင်းခဲ့ပြီး Microsoft ကလည်း နားလည်မှုနဲ့ သဘောတူပေးခဲ့တယ်ဆိုတဲ့ သတင်း ဖြစ်ပါတယ်။ အမေရိကန် FBI ကို သတင်းသမား များ မေးမြန်းပေမယ့် ငြင်းဆန်နေ ဆဲ ဖြစ်ပါတယ်။ Microsoft မှလည်း ငြင်းဆန်ပါတယ်။ သို့ပေမယ့် သက်သေ အထောက်အထား နဲ့တကွ ပြောလာတဲ့ ပညာရှင်များကို FBI ဘယ်လိုတုန့်ပြန်မလဲဆိုတာကို စောင့်ကြည့်လျက် ရှိပါတယ်။

အကယ်၍ အဲ့ဒါသာ မှန်ရင် ကမ္ဘာပေါ်မှာ Microssoft platform သုံးနေတဲ့ ကွန်ပြူတာအားလုံးကို FBI က အလွယ်တကူ ဝင်ရောက် နိုင်ပါတယ်။ FBI က ယင်းနည်းပညာကို အသုံးချပြီး ကုလက သတင်းတွေ ဖောက်ထွင်း တယ်လို့လည်း ပြောဆိုနေကြ ပါတယ်။ FBI ရဲ့  မကောင်းသတင်းများ ပိုပြန့်နေပြီး ကမ္ဘာက အဖြေကို စောင့်ဆိုင်းလျက် ရှိကြကြောင်း သိရပါတယ်။
.
Ref: mashable
အောင်ခမ်း (MM Social Sky)
MM Social Sky

RangonNewsDaily:: September 12, 2013

ဒီတစ်လော FBI ဟာ သတင်းအချက်အလက် ပေါက်ကြားရေးနဲ့ ပက်သက် လို့ အတော်လေး သတင်းထွက်
နေပါတယ်။ ကိုယ်တိုင် သတင်းက ပေါက်ကြားသလို၊ ကုလသမဂ္ဂရုံးက သတင်း အချက်အလက်တွေကို ခိုးယူ မှုကလည်း ကြီမားတဲ့ သတင်း ဖြစ်ပါတယ်။ ဥရောပ သမဂ္ဂရဲ့ အစည်းအဝေး ဗီဒီယိုနဲ့ အသံမှတ်တမ်းတွေကို အဓိက Target ထား ဖောက်ထွင်းယူခဲ့တဲ့ FBI ဟာ လက်ရှိမှာ တရားရင်ဆိုင်နေရ ပါတယ်။ ကုလသမဂ္ဂက ဘယ်လိုတုန့်ပြန်မလဲ မသိသေးပါဘူး။ ဒီကာလ အတွင်းမှာကိုပဲ တစ်ကမ္ဘာလုံးကို တုန်လှုပ်စေတဲ့ သတင်းတစ်ပုဒ် ထပ်မံ ထွက်ရှိလာပါတယ်။ 
 
ယင်းကတော့ မိုက်ခရိုဆော့ဖ် ရဲ့  နည်းပညာတစ်ခုကို ကြိုးကိုင်သူဟာ FBI ဖြစ်တယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါ
တယ်။ ၂၀၀၅ ခုနှစ်မှ စပေါ်တဲ့ Microsoft ရဲ့  Bitlocker ဆော့ဖ်ဝဲ ကို Windows အိုင်တီသမားများ သိကြမှာပါ။ ဟာ့ဒ်ဝဲနဲ့ ကွန်ပြူတာ လုံခြုံရေးအတွက် ကြားခံတားမြစ်ပေး၊ ဖွင့်လှစ်ပေးတဲ့ ဆော့ဖ်ဝဲမျိုး (Encryption Software
) ဖြစ်ပြီး ထုတ်လုပ် အောင်မြင် ခဲ့ပါတယ်။

ယခုတော့ ယင်းဆော့ဖ်ဝဲမှာ အားနည်းချက် (Backdoor) ကိုတွေ့ရှိသွားပါပြီ။ Backdoor လို့ခေါ်တဲ့ ဆော့ဖ်ဝဲရဲ့ နောက်ဝင်ပေါက်(လျှို့ ဝှက်ဖောက်ထွင်းပေါက်)တစ်ခုကိုထားရှိဖို့ FBI က စေခိုင်းခဲ့ပြီးMicrosoft ကလည်း နား
လည်မှုနဲ့သဘောတူပေးခဲ့တယ်ဆိုတဲ့သတင်း ဖြစ်ပါတယ်။အမေရိကန် FBI ကို သတင်းသမား များ မေးမြန်း
ပေမယ့် ငြင်းဆန်နေ ဆဲ ဖြစ်ပါတယ်။ Microsoft မှလည်း ငြင်းဆန်ပါတယ်။ 
 
သို့ပေမယ့် သက်သေ အထောက်အထား နဲ့တကွ ပြောလာတဲ့ ပညာရှင်များကို FBI ဘယ်လိုတုန့်ပြန်မလဲဆို
တာကို စောင့်ကြည့်လျက် ရှိပါတယ်။

အကယ်၍ အဲ့ဒါသာ မှန်ရင် ကမ္ဘာပေါ်မှာ Microssoft platformသုံးနေတဲ့ကွန်ပြူတာအားလုံးကိုFBIက အလွယ်
တကူဝင်ရောက် နိုင်ပါတယ်။FBI ကယင်းနည်းပညာကို အသုံးချပြီး ကုလက သတင်းတွေ ဖောက်ထွင်း တယ်
လို့လည်း ပြောဆိုနေကြ ပါတယ်။ FBI ရဲ့  မကောင်းသတင်းများ ပိုပြန့်နေပြီး ကမ္ဘာက အဖြေကို စောင့်ဆိုင်း
လျက် ရှိကြကြောင်း သိရပါတယ်။
.
Ref: mashable
အောင်ခမ်း (MM Social Sky) , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment