Pages

Thursday, September 12, 2013

အမေရိကန် တက္ကသိုလ်များအကြောင်း ရှင်းလင်းဟောပြောမည်

RangonNewsDaily:: September 12, 2013

မြန်မာကျောင်းသားများ တက်ရောက်နိုင်မည့် အမေရိကန်တက္ကသိုလ်များအကြောင်းကို လာမည့် စက်

တင်ဘာ ၁၇ ရက်တွင် Crown Education မှ ဦးဆောင်ပြီး ဟောပြောသွားမည် ဖြစ်သည်။
ဟောပြောမည့် အစီအစဉ်တွင် ဆွေးနွေးပွဲများကိုပါ ပြုလုပ်မည်ဖြစ်ပြီး မြန်မာကျောင်းသားများအနေနှင့် SAT/GMAT ရမှတ်များတင်ပြရန် မလိုဘဲ အမေရိကန်တက္ကသိုလ်များတွင် ပညာသင်ယူနိုင်ရန်စသည့် အကြောင်းများကိုပါ ထည့်သွင်းသွားမည် ဖြစ်သည်။

အမေရိကန် တက္ကသိုလ်များတွင် ပညာသင်ယူမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံမှ ကျောင်းသားများအနေနှင့် ထင်မြင်ယူဆထားချက်အချို့မှာ ကွဲလွဲချက်များရှိနေပြီး တိုက်ရိုက်တက်ခွင့်၊ ပညာသင်ဆုစသည့် အချက်များ

ကိုလည်း မရှင်းလင်းကြသည့်အတွက် ယခုဆွေးနွေးပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းက ပြောကြားသည်။

မဇ္ဈိမ , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment