Pages

Thursday, September 12, 2013

ခင်ဝင့်ဝါ အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ပြီ

Photo: ခင်ဝင့်ဝါ အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ပြီ
Thursday, September 12, 2013

Miss Supranational ပြိုင်ပွဲတွင် Miss Internet ဆုအပါအ၀င် ဆုလေးဆု ဆွတ်ခူးရရှိထားသည့် ခင်ဝင့်ဝါသည် စက်တင်ဘာ ၄ ရက်တွင် မြန် မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သော်လည်း ကျန်းမာရေးကြောင့် ခေတ္တ အနားယူရာမှ စက်တင်ဘာ ၁၂ ရက်မှ စတင်ကာအနုပညာလုပ်ငန်းများကို ဆက်တိုက်လုပ်ဆောင် သွားတော့မည်ဖြစ်ကြောင်း ၎င်းက မဇ္ဈိမသို့ ပြောကြားလိုက်သည်။

ယင်းသို့လုပ်ဆောင်ရာတွင် သူမ၏ပထမဆုံးအနုပညာလှုပ်ရှားမှုအဖြစ် မဂ္ဂဇင်း၏ မျက်နှာဖုံးစာမျက်နှာအတွက် ရိုက်ကူးခြင်းကို လက်ခံရိုက်ကူးသွားမည်ဖြစ်ပြီး ထိုမှတစ်ဆင့် Miss Supranational Myanmar အေဂျင်စီနှင့် တိုင်ပင်ကာ တစ်စတစ်စလုပ်ကိုင်သွားရန် စီစဉ်ထားကြောင်း ခင်ဝင့်ဝါက ပြောဆိုလိုက်သည်။

“ပြန်ရောက်ရောက်ချင်း နှစ်ရက်နားလိုက်တယ်။ စက်တင်ဘာ ၁၂ ရက်ကစပြီး မဂ္ဂဇင်းတွေမှာ ဓာတ်ပုံ ရိုက်ပေးဖို့ ရှိတယ်။MRTV-4 Talk Show ပြောပေးဖို့ အစီအစဉ်လည်းရှိပါတယ်။ လူမှုရေးရော၊ အနုပညာ အလုပ်တွေရော လုပ်မှာပါ။ ပြီးတော့ ပညာရေးအတွက် လေ့လာစ ရာတွေလေ့လာမယ်။ ဗဟုသုတအပိုင်းတွေလည်း လိုအပ်သေး တယ်လို့ထင်လို့ လေ့လာစရာရှိတာ လေ့လာဦးမှာပါ။ 

ပရဟိတလုပ်ငန်းကတော့ အမြန်ဆုံးလုပ်ချင်ပါတယ်။ ဘယ်ကို လှူမယ်ဆိုတာကိုတော့ အတိအကျ မစဉ်းစားရသေးပါဘူး။ တကယ် လည်း လိုအပ်မယ်၊ တကယ်တမ်းလည်း အသုံးလိုမယ်၊ တကယ်ဒုက္ခရောက်နေ တဲ့သူတွေကို ကူညီမှာပါ။ ဝေးလံခေါင်ဖျားတဲ့နေရာတွေ ကိုယ်တိုင် မသွားနိုင်ရင်တောင်မှ မရောက်,ရောက်အောင်တော့ ညီမတို့ ကူညီမှာပါ”ဟု ခင်ဝင့်ဝါက ပြောပြသည်။

ခင်ဝင့်ဝါသည် ရရှိလာသည့် ၀င်ငွေ၏ ၃၀ ရာခိုင်နှုန်းအား လူမှုရေးအကျိုးပြု ပရဟိတလုပ်ငန်းများတွင် လှူဒါန်းရန် ရည်ရွယ်ထားသူဖြစ်ပြီး လက်ရှိတွင် ကမ်းလှမ်းလာသော Brand Ambassador ခန့်အပ်မှုများအတွက်
လေ့လာ ဆုံးဖြတ်လျက်ရှိသည်။ လက်ရှိတွင် ခင်ဝင့်ဝါသည် Miss Supranational Myanmar Organization နှင့် တစ်နှစ်စာချုပ်ချုပ်ဆို ထားသည်။

ပန်းမြတ်ဇော်
မဇ္ဈိမ

RangonNewsDaily:: September 12, 2013

Miss Supranational ပြိုင်ပွဲတွင် Miss Internet ဆုအပါအ၀င် ဆုလေးဆု ဆွတ်ခူးရရှိထားသည့် ခင်ဝင့်ဝါသည် စက်တင်ဘာ ၄ ရက်တွင် မြန် မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သော်လည်း ကျန်းမာရေးကြောင့် ခေတ္တ အနားယူရာမှ စက်တင်ဘာ ၁၂ ရက်မှ စတင်ကာအနုပညာလုပ်ငန်းများကို ဆက်တိုက်လုပ်ဆောင် သွားတော့မည်ဖြစ်ကြောင်း ၎င်းက မဇ္ဈိမသို့ ပြောကြားလိုက်သည်။ ယင်းသို့လုပ်ဆောင်ရာတွင် သူမ၏ပထမဆုံးအနုပညာလှုပ်ရှားမှုအဖြစ် မဂ္ဂဇင်း၏ မျက်နှာဖုံးစာမျက်နှာအတွက် ရိုက်ကူးခြင်းကို လက်ခံရိုက်ကူးသွားမည်ဖြစ်ပြီး ထိုမှတစ်ဆင့် Miss Supranational Myanmar အေဂျင်စီနှင့် တိုင်ပင်ကာ တစ်စတစ်စလုပ်ကိုင်သွားရန် စီစဉ်ထားကြောင်း ခင်ဝင့်ဝါက ပြောဆိုလိုက်သည်။

“ပြန်ရောက်ရောက်ချင်း နှစ်ရက်နားလိုက်တယ်။ စက်တင်ဘာ ၁၂ ရက်ကစပြီး မဂ္ဂဇင်းတွေမှာ ဓာတ်ပုံ ရိုက်ပေးဖို့ ရှိတယ်။MRTV-4 Talk Show ပြောပေးဖို့ အစီအစဉ်လည်းရှိပါတယ်။ လူမှုရေးရော၊ အနုပညာ အလုပ်တွေရော လုပ်မှာပါ။ ပြီးတော့ ပညာရေးအတွက် လေ့လာစ ရာတွေလေ့လာမယ်။ ဗဟုသုတအပိုင်းတွေလည်း လိုအပ်သေး တယ်လို့ထင်လို့ လေ့လာစရာရှိတာ လေ့လာဦးမှာပါ။

ပရဟိတလုပ်ငန်းကတော့ အမြန်ဆုံးလုပ်ချင်ပါတယ်။ ဘယ်ကို လှူမယ်ဆိုတာကိုတော့ အတိအကျ မစဉ်းစားရသေးပါဘူး။ တကယ် လည်း လိုအပ်မယ်၊ တကယ်တမ်းလည်း အသုံးလိုမယ်၊ တကယ်ဒုက္ခရောက်နေ တဲ့သူတွေကို ကူညီမှာပါ။ ဝေးလံခေါင်ဖျားတဲ့နေရာတွေ ကိုယ်တိုင် မသွားနိုင်ရင်တောင်မှ မရောက်,ရောက်အောင်တော့ ညီမတို့ ကူညီမှာပါ”ဟု ခင်ဝင့်ဝါက ပြောပြသည်။

ခင်ဝင့်ဝါသည် ရရှိလာသည့် ၀င်ငွေ၏ ၃၀ ရာခိုင်နှုန်းအား လူမှုရေးအကျိုးပြု ပရဟိတလုပ်ငန်းများတွင် လှူဒါန်းရန် ရည်ရွယ်ထားသူဖြစ်ပြီး လက်ရှိတွင် ကမ်းလှမ်းလာသော Brand Ambassador ခန့်အပ်မှုများအတွက်
လေ့လာ ဆုံးဖြတ်လျက်ရှိသည်။ လက်ရှိတွင် ခင်ဝင့်ဝါသည် Miss Supranational Myanmar Organization နှင့် တစ်နှစ်စာချုပ်ချုပ်ဆို ထားသည်။

ပန်းမြတ်ဇော်
မဇ္ဈိမ , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment