Pages

Friday, September 20, 2013

တရုတ် လေယာဉ်တင်သင်္ဘောပေါ်တွင် တိုက်လေယာဉ်များ လေ့ကျင့်

Photo: တရုတ် လေယာဉ်တင်သင်္ဘောပေါ်တွင် တိုက်လေယာဉ်များ လေ့ကျင့်
Friday, September 20, 2013

ရှန်ယန်း J-15 (ငါးမန်းပျံ) တိုက်လေယာဉ်များသည် ယခုအခါ လီအိုနင်း လေယာဉ်တင် သင်္ဘောကြီးပေါ်တွင် အဆင်းအတက် ပြုလုပ်သည့် စစ်ဆင်ရေးမျိုး အရှိန်မြှင့် လေ့ကျင့်နေကြောင်း သိရှိရသည်

တရုတ်ရေတပ်သည် ၎င်းတို့၏ ပထမဆုံး လေယာဉ်တင် သင်္ဘောကြီးပေါ်တွင် တိုက်လေယာဉ်များ အဆင်းအတက် လေ့ကျင့်မှုကို အင်တိုက်အားတိုက် စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။ ရှန်ယန်း J-15 (ငါးမန်းပျံ) တိုက်လေယာဉ်များသည် ယခုအခါ လီအိုနင်း လေယာဉ်တင် သင်္ဘောကြီးပေါ်တွင် အဆင်းအတက် ပြုလုပ်သည့် စစ်ဆင်ရေးမျိုး အရှိန်မြှင့် လေ့ကျင့်နေကြောင်း သိရှိရသည်။ J-15များသည် လေယာဉ်တင် သင်္ဘောပေါ်တွင် တပ်စွဲနေရာယူနိုင်အောင် ဖန်တီးထားသည့် ဘက်စုံသုံး တိုက်လေယာဉ်များ ဖြစ်သည်။ J-15များကို ယူကရိန်းထံမှ တရုတ်က ဝယ်ယူခဲ့သော ဆူခွိုင်း Su-33 လေယာဉ်ကို ပုံစံပြောင်းကာ ရှန်ယန်းလေယာဉ် ကော်ပိုရေးရှင်းက ဖန်တီး ထုတ်လုပ်ထားခြင်းဖြစ်ပြီး ပြည်တွင်းဖြစ် လက်နက်များကို တပ်ဆင်ထားကြောင်း သိရသည်။

J-15၏ ပျံသန်းမှုစနစ်များနှင့် လက်နက်တင်ဆောင်မှု စနစ်များသည် များစွာ ကျယ်ပြန့်ကောင်းမွန်ကြောင်း တရုတ်စစ်ဘက်က ကြွေးကြော်ခဲ့ဖူးသည်။ J-15များကို တရုတ်ဖြစ် တိုင်ဟန် တာဘိုအင်ဂျင်များဖြင့် တွန်းအားပေး မောင်းနှင်စေခဲ့သည်။ J-15ကို (၂၀၀၉)ခုနှစ်၊ ဩဂုတ်လက စတင်စမ်းသပ် ပျံသန်းပြီးနောက် ယခုအခါ လီအိုနင်း သင်္ဘောကြီး၏ အဓိက ပင်တိုင်တိုက်လေယာဉ်အဖြစ် အသုံးပြုရန် ဦးတည်လာခဲ့ခြင်း ဖြစ်သည်။ လတ်တလောတွင်မူ စစ်ဆင်ရေးထက် လေယာဉ်များ အမှားအယွင်းမရှိ ချောမွေ့စွာ အဆင်းအတက် ပြုလုပ်ရေး လေ့ကျင့်မှုများကို အသားပေး လေ့ကျင့်နေဆဲ ဖြစ်သည်။

ရေတပ် နောက်တန်းသေနာပတိ ယန်ဇူးက "ရေတပ်ရဲ့ အမှတ်အသား ဆေးရောင်တွေကို J-15မှာ ရေးခြယ်ပြီးပါပြီ။ ခုဆိုရင် တာဝန်ထမ်းဆောင်မှုကိုလည်း အစပျိုးနိုင်ခဲ့ပြီ။ ပြောရမယ်ဆိုရင် လောလောဆယ် အတည်မပြုသေးပေမယ့် J-15တွေဟာ ရေတပ်ဖွဲ့မှာ တာဝန်စထမ်းနေပြီလို့ ယူဆရပါမယ်"ဟု ဆိုသည်။ ၎င်းက J-15 တိုက်လေယာဉ်များကို ပမာဏ အမြောက်အမြား ထုတ်လုပ်သွားမည်ဟု ပြောကြားခဲ့သည်။ပထမအသုတ် ထုတ်လုပ်မှုက စတင်နေပါပြီ။ ဒီတိုက်လေယာဉ်တွေရဲ့ တာဝန်ထမ်းဆောင်မှု သက်တမ်းကလည်း ကြာရှည်ပါလိမ့်မယ်။ J-15တွေရဲ့ တည်ဆောက်ပုံဟာ အပြောင်းအလဲတွေ လုပ်ဆောင်ဖို့ အရမ်းလွယ်ကူတယ်။ ရေဒါနဲ့ အီလက်ထရောနစ် ဆက်သွယ်ရေး စနစ်တွေ၊ အင်ဂျင်စနစ်တွေကို အဆင့်မြှင့်နိုင်အောင် စီစဉ်ထားတယ်။ နောက်ထပ် (၁၀)နှစ်၊ (၁၅)နှစ်လောက်မှာ အဆင့်မြှင့် မွမ်းမံမှုတွေ ထပ်လုပ်ပြီး လေယာဉ်တွေရဲ့ တာဝန်ထမ်းဆောင်မှု သက်တမ်းကို တိုးမြှင့်နိုင်မှာပါ"ဟုလည်း သေနာပတိယန်က ပြောကြားခဲ့သည်။ ၎င်းက လီအိုနင်း သင်္ဘောကြီး၏ လေယာဉ်တင်ဆောင်နိုင်မှု စွမ်းရည်နှင့် ပတ်သက်ပြီး မေးမြန်းမှုကိုမူ "သင်္ဘော ကုန်းပတ်ပေါ်မှာ တာဝန်ထမ်းဆောင်နိုင်မယ့် တိုက်လေယာဉ် အရေအတွက်က (၃၆)စင်းလောက် ရှိပါလိမ့်မယ်"ဟု ဖြေကြားခဲ့သည်။ တရုတ်စစ်တပ်သည် ဘက်စုံသုံး တိုက်လေယာဉ် အမျိုးအစားဖြစ်သည့် J-15များကို (၁၆)စင်းထိ ထုတ်လုပ်ထားပြီးဖြစ်သည်။

Planet Myanmar Network

RangonNewsDaily:: September 19, 2013

ရှန်ယန်း J-15 (ငါးမန်းပျံ) တိုက်လေယာဉ်များသည် ယခုအခါ လီအိုနင်း လေယာဉ်တင် သင်္ဘောကြီးပေါ်တွင် အဆင်းအတက် ပြုလုပ်သည့် စစ်ဆင်ရေးမျိုး အရှိန်မြှင့် လေ့ကျင့်နေကြောင်း သိရှိရသည် တရုတ်ရေတပ်သည် ၎င်းတို့၏ ပထမဆုံး လေယာဉ်တင် သင်္ဘောကြီးပေါ်တွင် တိုက်လေယာဉ်များ အဆင်းအတက် လေ့ကျင့်မှုကို အင်တိုက်အားတိုက် စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။ ရှန်ယန်း J-15 (ငါးမန်းပျံ) တိုက်လေယာဉ်များသည် ယခုအခါ လီအိုနင်း လေယာဉ်တင် သင်္ဘောကြီးပေါ်တွင် အဆင်းအတက် ပြုလုပ်သည့် စစ်ဆင်ရေးမျိုး အရှိန်မြှင့် လေ့ကျင့်နေကြောင်း သိရှိရသည်။ 
 
J-15များသည် လေယာဉ်တင် သင်္ဘောပေါ်တွင် တပ်စွဲနေရာယူနိုင်အောင် ဖန်တီးထားသည့် ဘက်စုံသုံး တိုက်လေယာဉ်များ ဖြစ်သည်။ J-15များကို ယူကရိန်းထံမှ တရုတ်က ဝယ်ယူခဲ့သော ဆူခွိုင်း Su-33 လေယာဉ်ကို ပုံစံပြောင်းကာ ရှန်ယန်းလေယာဉ် ကော်ပိုရေးရှင်းက ဖန်တီး ထုတ်လုပ်ထားခြင်းဖြစ်ပြီး ပြည်တွင်းဖြစ် လက်နက်များကို တပ်ဆင်ထားကြောင်း သိရသည်။

J-15၏ ပျံသန်းမှုစနစ်များနှင့် လက်နက်တင်ဆောင်မှု စနစ်များသည် များစွာ ကျယ်ပြန့်ကောင်းမွန်ကြောင်း တရုတ်စစ်ဘက်က ကြွေးကြော်ခဲ့ဖူးသည်။ J-15များကို တရုတ်ဖြစ် တိုင်ဟန် တာဘိုအင်ဂျင်များဖြင့် တွန်းအားပေး မောင်းနှင်စေခဲ့သည်။ J-15ကို (၂၀၀၉)ခုနှစ်၊ ဩဂုတ်လက စတင်စမ်းသပ် ပျံသန်းပြီးနောက် ယခုအခါ လီအိုနင်း သင်္ဘောကြီး၏ အဓိက ပင်တိုင်တိုက်လေယာဉ်အဖြစ် အသုံးပြုရန် ဦးတည်လာခဲ့ခြင်း ဖြစ်သည်။ လတ်တလောတွင်မူ စစ်ဆင်ရေးထက် လေယာဉ်များ အမှားအယွင်းမရှိ ချောမွေ့စွာ အဆင်းအတက် ပြုလုပ်ရေး လေ့ကျင့်မှုများကို အသားပေး လေ့ကျင့်နေဆဲ ဖြစ်သည်။

ရေတပ် နောက်တန်းသေနာပတိ ယန်ဇူးက "ရေတပ်ရဲ့ အမှတ်အသား ဆေးရောင်တွေကို J-15မှာ ရေးခြယ်ပြီးပါပြီ။ ခုဆိုရင် တာဝန်ထမ်းဆောင်မှုကိုလည်း အစပျိုးနိုင်ခဲ့ပြီ။ ပြောရမယ်ဆိုရင် လောလောဆယ် အတည်မပြုသေးပေမယ့် J-15တွေဟာ ရေတပ်ဖွဲ့မှာ တာဝန်စထမ်းနေပြီလို့ ယူဆရပါမယ်"ဟု ဆိုသည်။ 
 
၎င်းက J-15 တိုက်လေယာဉ်များကို ပမာဏ အမြောက်အမြား ထုတ်လုပ်သွားမည်ဟု ပြောကြားခဲ့သည်။ပထမအသုတ် ထုတ်လုပ်မှုက စတင်နေပါပြီ။ ဒီတိုက်လေယာဉ်တွေရဲ့ တာဝန်ထမ်းဆောင်မှု သက်တမ်းကလည်း ကြာရှည်ပါလိမ့်မယ်။ J-15တွေရဲ့ တည်ဆောက်ပုံဟာ အပြောင်းအလဲတွေ လုပ်ဆောင်ဖို့ အရမ်းလွယ်ကူတယ်။
 
 ရေဒါနဲ့ အီလက်ထရောနစ် ဆက်သွယ်ရေး စနစ်တွေ၊ အင်ဂျင်စနစ်တွေကို အဆင့်မြှင့်နိုင်အောင် စီစဉ်ထားတယ်။ နောက်ထပ် (၁၀)နှစ်၊ (၁၅)နှစ်လောက်မှာ အဆင့်မြှင့် မွမ်းမံမှုတွေ ထပ်လုပ်ပြီး လေယာဉ်တွေရဲ့ တာဝန်ထမ်းဆောင်မှု သက်တမ်းကို တိုးမြှင့်နိုင်မှာပါ"ဟုလည်း သေနာပတိယန်က ပြောကြားခဲ့သည်။ 
 
၎င်းက လီအိုနင်း သင်္ဘောကြီး၏ လေယာဉ်တင်ဆောင်နိုင်မှု စွမ်းရည်နှင့် ပတ်သက်ပြီး မေးမြန်းမှုကိုမူ "သင်္ဘော ကုန်းပတ်ပေါ်မှာ တာဝန်ထမ်းဆောင်နိုင်မယ့် တိုက်လေယာဉ် အရေအတွက်က (၃၆)စင်းလောက် ရှိပါလိမ့်မယ်"ဟု ဖြေကြားခဲ့သည်။ တရုတ်စစ်တပ်သည် ဘက်စုံသုံး တိုက်လေယာဉ် အမျိုးအစားဖြစ်သည့် J-15များကို (၁၆)စင်းထိ ထုတ်လုပ်ထားပြီးဖြစ်သည်။

Planet Myanmar Network , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment