Pages

Friday, September 20, 2013

ဆိုင်ကယ်မစီးရ အမိန့်ကို လှိုင်သာယာ ဆိုင်ကယ် ကယ်ရီသမားများ ဆန္ဒပြမည်

RangonNewsDaily:: September 20, 2013

လှိုင် သာယာမြို့နယ်အတွင်း ဆိုင်ကယ် စီးနင်းမောင်းနှင်သူများကို ပို့ကုန် သွင်းကုန်ဥပဒေအရ ထောင်ဒဏ် သုံးနှစ်ချမှတ်မည်ဟုဆိုသည့် ကြေညာချက်အပေါ် ဆိုင်ကယ်အငှား ယာဉ်မောင်း ၂၅၀ က စက်တင်ဘာ လ ၂၁ ရက်တွင် ဆန္ဒထုတ်ဖော် သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ဆန္ဒထုတ်ဖော်သွား ရန် မြို့နယ်အထွေထွေအုပ်ချုပ် ရေးအဖွဲ့သို့ လူဦးရေ ၅၀၀ ခန့် တင်ပြခွင့်ပြုရန် လျှောက်ထားခဲ့ သော်လည်း ၂၅ဝခန့်သာ ခွင့်ပြု ခဲ့ကြောင်း သိရ သည်။ယင်းသို့ ဆန္ဒထုတ်ဖော်ရ ခြင်းသည် ဩဂုတ်လ တတိယပတ် အတွင်းမှစတင်ကာ ရပ်ကွက်အုပ် ချုပ်ရေးမှူးများက ဆိုင်ကယ်စီး နင်းမောင်းနှင်သူများအား ပို့ကုန် သွင်းကုန်ဥပဒေပုဒ်မ-၈၁အရ ''ဆိုင်ကယ်စီးနင်း မောင်းနှင်သူများ တွေ့ရှိ ပါက ထောင်ဒဏ် သုံးနှစ်ချ မှတ်မည်''ဟူသော ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းကြောင့် ဖြစ်ပြီး ယင်းထုတ်ပြန်ချက်ကို ရုပ်သိမ်းပေး ရန်နှင့် လှိုင်သာယာမြို့နယ်အတွင်း တရားဝင် ဆိုင်ကယ်မောင်းနှင်ခွင့် ပြုရန် စသည့်အချက် ၁၀ ချက်ကို တောင်းဆို သွားမည် ဖြစ်ပြီး ဆန္ဒ ပြတောင်းဆိုရန်အတွက် လှိုင်သာ ယာမြို့နယ်မှူးရုံး၏ တရားဝင် ခွင့် ပြုမိန့်ရရှိထားကြောင်း ဆိုင်ကယ် ကယ်ရီသမားများထံမှ သိရသည်။
::
ကယ်ရီသမား ဦးကျော် လှိုင်မြင့်က ''ကျွန်တော်တို့နေတဲ့ နေရာက ကားမှတ်တိုင်နဲ့ဆိုရင် အတော်အလှမ်းဝေးပါတယ်။ ဒါ ကြောင့် အားလုံးက ကယ်ရီကိုပဲ အားကိုးနေတာပါ။ ခုမစီးရဘူးဆို တော့ သွားလာရေးအားလုံး ခက်ခဲ ကုန်တာပေါ့။

ကျွန်တော် တို့နေ ရာကိုတော့ စီးခွင့်ပေးသင့်ပါတယ်။ ဒါကြောင့် တရားဝင်စီးခွင့်ရရှိဖို့ကို တောင်းဆိုမှာပါ''ဟုပြောသည်။
::
လှိုင်သာယာ မြို့နယ် အုပ် ချုပ်ရေးမှူး ဦးထိန်စိုးက''ဥပဒေ အတိုင်း ခွင့်ပြုမိန့်တောင်းခံတာ ဖြစ်တဲ့အတွက် ခွင့်ပြုမိန့်ပေးလိုက် ပါပြီ။

လူဦးရေ ၅၀၀ တောင်းတာ ကို ၂၅၀ ပဲပေးရတာကတော့ ကားလမ်းတွေ ပိတ်သွားမှာစိုးလို့ ပါ''ဟု ရန်ကုန်
တိုင်းမ် သတင်းစာ သို့ပြောသည်။

ရန်ကုန်မီဒီယာ::-- , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment