Pages

Friday, September 20, 2013

စမ်းချောင်းမြို့နယ် ရှင်စောပုရပ်ကွက် ရှိ ရွှေရွက်လှေ အနှိပ်ခန်းကို ရဲများ ၀င်ရောက်ဖမ်းဆီး

RangonNewsDaily:: September 20, 2013

စမ်းချောင်းမြို့နယ်၊ ရှင်စောပုရပ်ကွက် စမ်းချောင်းလမ်းတွင် ဖွင့်လှစ်ထားသည့် ရွှေရွက်လှေ အနှိပ်ခန်းကို ရဲများက စက်တင်ဘာ ၁၈ ရက်ည ၈ နာရီခွဲက ၀င်ရောက်ဖမ်းဆီးခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန် ခဲ့သည်။
အဆိုပါ အနှိပ်ခန်းကို စမ်းချောင်းမြို့ နယ်ရဲတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးရာတွင် သီးသန့်ကာရံထားသော အခန်း အတွင်း ဧည့်သည်အမျိုးသားများအား နှိပ်ပေးရန်အတူရှိသည့် အနှိပ်သမငါးဦးနှင့် ဆိုင်မန်နေဂျာတို့အား ဖမ်းဆီးရမိခြင်း ဖြစ်သည်။ ဒါ့အပြင်အနှိပ်ခန်းသုံး ဆက်စပ်ပစ္စည်းများနှင့် အနှိပ်ခန်းမှရရှိငွေ ကျပ်တစ်သိန်းကိုလည်း သက်သေခံအဖြစ် သိမ်းဆည်းထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
::
၎င်းဖမ်းဆီးရရှိမှုအား စမ်းချောင်းမြို့နယ် ရဲစခန်းက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစီးဌာနနှင့် ညှိနှိုင်းကာ မြို့နယ်တရားရုံး သို့ ဆက်လက်၍ တရားစွဲဆိုတင်ပို့မည်ဖြစ်သည်။

Mizzima - News::-- , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment