Pages

Friday, September 20, 2013

မြန်မာ့တပ်မတော်(ရေ)၏ ကိုယ်တိုင်တည်ဆောက်လျက်ရှိသော Stealth Frigate

RangonNewsDaily:: September 20, 2013

ဒီပုံက အများမျှော်လင့်နေတဲ့ Stealth Frigate စစ်ရေယာဉ် ကျန်စစ်သား (F-12) ပါ။ လွန်ခဲ့သော လအတန်ကြာ
က ရိုက်ထားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ကျွန်တော်တို့ရဲ့ တက်ကြွသော fan မိတ်ဆွေကြီး ကို Htet Aung မှ Myanmar Military Discussion Group ရှိ ကိုအဓိပတိ ထံမှ ကူးယူပေးပို့ခဲ့ခြင်း ဖြစ်ပါတယ်။
F-12 နှင့်ပတ်သက်ပြီး မေးမြန်းသူများ စိတ်ဝင်စားသူများ ရှိနေတာမို့ လေ့လာမိသလောက်ထဲက အချို့အချက်
တွေကို တင်ပြပေးလိုက်ပါတယ်။

တပ်မတော်(ရေ)မှကိုယ်တိုင်တည်ဆောက်လျက်ရှိသော F-12 Frigate စစ်ရေယာဉ်ကို ၂၀၁၂ ခုနှစ် စက်တင်

ဘာလတွင် ရေချခဲ့သည်။ ရေယာဉ် Design မှာ မူလစမ်းသပ် အောင်မြင်ထားသည့် ပထမအစီး(F-11) အပေါ်
တွင် အခြေခံထားသည်ဟု ယူဆရသော်လည်း မတူနိုင်သည့်အချက်မှာ Stealth နည်းပညာကို ဆန်းသစ်တီ
ထွင်တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ မြန်မာ့တပ်မတော်(ရေ)၏ ပထမဆုံး Stealth နည်းပညာ အစပျိုးခြင်း
ဖြစ်၍ ပြီးပြည့်စုံမှုအားနည်းနိုင်သော်လည်းသိသာထင်ရှားသောမှတ်တိုင်တစ်ခု စိုက်ထူနိုင်မည်ဟု ယုံကြည်ပါ
သည်။

ဖော်ပြပါစစ်ရေယာဉ်တွင် Multirole ဆောင်ရွက်နိုင်ရန် ရေပေါ်၊ရေအောက်၊လေကြောင်းရန် နှင့် အီလက်ထ

ရောနစ် စစ်ဆင်ရေး Capability ရှိသည့် လက်နက်ပစ္စည်းနှင့် စနစ်များ တပ်ဆင်သွားဖွယ်ရှိသည်။ (၁၂၀)ကီ
လိုမီတာ အထိပစ်ခတ်နိုင်သော ဒုံးများ၊ မြန်နူန်းမြင့် အမြောက်များ၊ CIWS များ၊ ရေငုပ်သင်္ဘောပစ်ဒုံးနှင့် Torp
edo များ၊Active/PassiveEW စနစ်များ၊OTH Target (မိုးကုပ်စက်ဝိုင်းလွန် ပစ်မှတ်) များအပါအဝင် ရေပြင်၊ရေ
အောက် နှင့် ဝေဟင် ပစ်မှတ်များကို ထောက်လှမ်းနိုင်မည့် အဆင့်မြင့် အာရုံခံစနစ်များ ပါဝင်မည်ဟု ခန့်မှန်း
ရသည်။ 

F-11 ကဲ့သို့ပင် သာမန် Combat System ထက် အဖက်ဖက်က အလေးသာသော Integrated Combat System တပ်ဆင်နိုင်ဖွယ်ရှိပြီးF-11 မှစမ်းသပ်ရရှိထားသောအားသာချက်/အားနည်းချက်များပေါ်တွင် အခြေခံမည်ဖြစ်
၍ လက်နက်များ၊ လက်နက်စနစ်များ၊ အာရုံခံစနစ်များနှင့် Integrated Combat System သည် F-11 ထက် ပို၍ အဆင့်မြင့်မားမည်ဟု သိရှိရသည်။

ထူးခြားချက်မှာ ရေယာဉ်၏ အနောက်ပိုင်းတွင် Heli Deck နှင့် Hanger ပါရှိသဖြင့် ASW / SAR / OTHT အ

ထောက်အကူပြု ရဟတ်ယာဉ် တင်ဆောင်နိုင်မည့် အနေအထား ဖြစ်ပါသည်။ယင်းသည် မြန်မာ့တပ်မတော်
(ရေ)၏ Naval Aviation အတွက် အဖိုးတန်သော ရှေ့ထွက်ခြေလှမ်းဦး ဖြစ်သလို 3D အနက်မှ Above Surface စွမ်းရည်အတွက်လည်း အခွင့်အရေးကောင်းတစ်ရပ်ဟု ဆိုနိုင်ပါသည်။

ရေယာဉ်အမြန်နူန်းမှာ(၂၈ )မိုင်ခန့် ဖြစ်နိုင်ပြီးStandardisationအရ Engineအမျိုးအစားမှာ F-11 နှင့် ဆင်တူနိုင်

သည်။ F-12 Stealth Frigate တည်ဆောက်ရေးအား သတ်မှတ်ထားရှိသော Schedule အတိုင်း စနစ်တကျ
ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုနှစ်ကုန်ပိုင်းခန့်မှစ၍ လက်နက်စနစ်များအပါအဝင် ရေယာဉ်ပေါ်တွင် တပ်
ဆင်ထားသောစနစ်အမျိုးမျိုးနှင့်ပင်လယ်ပြင် မောင်းနှင်မှုအမျိုးမျိုးအား အချိန်တစ်ခုယူ၍ လက်တွေ့စမ်းသပ်နိုင်
ကြောင်း ခန့်မှန်းရသည်။ 

ထို့ကြောင့် မြန်မာ့တပ်မတော်(ရေ)မှ ကိုယ်တိုင်တည်ဆောက်လျက်ရှိသော Stealth Frigate ၏ တပ်တော်ဝင်
အခမ်းအနားအား လာမည့် ၂၀၁၄ ခုနှစ်တွင် မြဝတီရုပ်သံမှ ကြည့်ရှုနိုင်တော့မည် ဖြစ်ပါကြောင်း ဖော်ပြအပ်
သည်။

မှတ်ချက်။ ကို Htet Aung ပေးပို့ထားသော အခြားဓါတ်ပုံများအားလိုအပ်သလိုဆက်လက်တင်ပြသွားမည် ဖြစ်

ပါသည်။

Myanmar Navy , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment