Pages

Friday, September 20, 2013

အခွန်ရှောင်သူများကို မန္တလေးစည်ပင် ဖော်ထုတ်အရေးယူမည်

RangonNewsDaily:: September 20, 2013

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ် အတွင်းတွင် ဆိုင်ရာလုပ်ငန်းများမှ အခွန်ပုန်း၊ အခွန်ရှောင်၊ အခွန်လွတ်များ ရှိနေမှုများကို ဖော်ထုတ် အရေးယူသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးအောင်မောင်းက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် စက်တင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်သော ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး သတ္တမအကြိမ် ပုံမှန်အစည်းအဝေးတွင် အမရပူရမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ကိုယ်စားလှယ် ဦးအောင်သိန်း တင်သွင်းခဲ့သော မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် စည်ပင်သာယာရေး အဖွဲ့များက ရသင့်ရထိုက်သော အခွန်တော်ငွေများ တိုးတက် ရရှိစေရေးအတွက် အခွန်ပုံး၊ အခွန်ရှောင်၊ အခွန်လွတ်များ ရှာဖွေစိစစ် ဖော်ထုတ်ရေး အဆိုနှင့် ပတ်သက်၍ ဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

အဆိုပါ အခွန်ငွေများ မှန်ကန်စွာ ရရှိအောင် ဆောင်ရွက်သွားမည်ဟု ကတိပြုပါကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့ကတော့ မှန်မှန်ကန်ကန် ပေးပါတယ်။ အခုလို ဝန်ကြီးက အခွန်ပုံး၊ အခွန်ရှောင်တာတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်မယ် ဆိုတော့ ကောင်းတာပေါ့ဗျာ” ဟု ချမ်းအေးသာစံမြို့နယ် အတွင်းမှ စားသောက်ဆိုင် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအနေနှင့် သက်ဆိုင်ရာ လုပ်ငန်းများအလိုက် အခွန်အခ ပေးဆောင်ရမည်ကို စာရင်းပြုစုခြင်း၊ လုပ်ငန်းပမာဏအရ ပေးဆောင်ရမည်ကို အများပြည်သူများ သိရှိစေရန် ထုတ်ပြန် ကြေညာပေးခြင်း၊ လုပ်ငန်း ဆောင်ရွက်မှုတိုင်း အတွက် အခကြေးငွေ ပေးဆောင်မှု ရှိ မရှိ စနစ်တကျ စိစစ်ခြင်းများပြုပါက ရသင့်ရထိုက်သည့် အခွန်ငွေများ ပြည့်မီစွာ ရရှိမည် ဖြစ်ကြောင်း ပြည်ကြီးတံခွန်မြို့နယ် မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလွင်က သုံးသပ်ပြောကြားသည်။

The Voice Weekly , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment