Pages

Friday, September 20, 2013

ဓာတုလက်နက်တွေကို ဖျက်ဆီးပြစ်မယ်လို့ ဆီးရီးယားပြော

Photo: ဓာတုလက်နက်တွေကို ဖျက်ဆီးပြစ်မယ်လို့ ဆီးရီးယားပြော
Friday, September 20, 2013

ဆီးရီးယားနိုင်ငံက ဓာတုလက်နက်တွေကို ဖျက်ဆီးပြစ်ဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ဆီးရီးယား သမ္မတ Bashar al-Assad ကပြောလိုက်ပါတယ်။

ဒါပေမယ့် ဓာတုလက်နက်တွေကို ဖျက်ဆီးပြစ်ရမယ့်ကိစ္စဟာ အတော်ရှုပ်ထွေးမဲ့ လုပ်ငန်းစဉ် တခုဖြစ်သလို နှစ်နဲ့ချီပြီးအချိန်ယူရမှာဖြစ်တဲ့အပြင် ဒေါ်လာပေါင်း ဘီလီယံနဲ့ချီပြိး ကုန်ကျမှုရှိမှာဖြစ်တယ်လို့ ဆီးရီးယားသမ္မတ ဘာရှာ အယ် အဆက် က အမေရိကန်နိုင်ငံ ရုပ်မြင်သံကြား သတင်းဌာနတခုနဲ့ အင်တာဗျူးမှာ ပြောသွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဆီးရီးယားနဲ့ မဟာမိတ်နိုင်ငံဖြစ်တဲ့ ရုရှားနိုင်ငံက သမ္မတ Vladimir Putin ကတော့ ဆီးရီးယားနိုင်ငံအနေနဲ့ သူတို့ရဲ့ ဓာတုလက်နက်တွေကို ဖျက်ဆီးပြစ်မယ်ဆိုတာ သူ့အနေနဲ့ သေသေချာချာ တပ်အပ် မပြောနိုင်ဘူးလို့ပြောပါတယ်။ ဒါပေမယ့် ဖျက်ဆီးလိမ့်မယ်လို့ မျှော်လင့်ကြောင်း ရုရှားသမ္မတ ကပြောပါတယ်။

ဆီးရီးယားနိုင်ငံက ပြည်တွင်းစစ်အတွင်း ဓာတုလက်နက် အသုံးပြုမှုကြောင့် ဒေသခံပြည်သူ ထောင်နဲ့ချီ ထိခိုက်သေဆုံးခဲ့ရတဲ့အတွက် အမေရိကန်နဲ့ ဗြိတိန်နိုင်ငံ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းတွေက ဆီးရီးယား အစိုးရကို မကျေမနပ် ဖြစ်နေကြသလို စစ်ရေးအရ အရေးယူ မယ့်အဆင့်ထိပါ စဉ်းစားလာကြတာဖြစ်ပါတယ်။

ABC Radio Australia

ဆီးရီးယား သမ္မတ Bashar al-Assad (Credit: AFP)
ဆီးရီးယား သမ္မတ Bashar al-Assad (Credit: AFP)
RangonNewsDaily:: September 19, 2013

ဆီးရီးယားနိုင်ငံက ဓာတုလက်နက်တွေကို ဖျက်ဆီးပြစ်ဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ဆီးရီးယား သမ္မတ Bashar al-Assad ကပြောလိုက်ပါတယ်။ ဒါပေမယ့် ဓာတုလက်နက်တွေကို ဖျက်ဆီးပြစ်ရမယ့်ကိစ္စဟာ အတော်ရှုပ်ထွေးမဲ့ လုပ်ငန်းစဉ် တခုဖြစ်သလို နှစ်နဲ့ချီပြီးအချိန်ယူရမှာဖြစ်တဲ့အပြင် ဒေါ်လာပေါင်း ဘီလီယံနဲ့ချီပြိး ကုန်ကျမှုရှိမှာဖြစ်တယ်လို့ ဆီးရီးယားသမ္မတ ဘာရှာ အယ် အဆက် က အမေရိကန်နိုင်ငံ ရုပ်မြင်သံကြား သတင်းဌာနတခုနဲ့ အင်တာဗျူးမှာ ပြောသွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဆီးရီးယားနဲ့ မဟာမိတ်နိုင်ငံဖြစ်တဲ့ ရုရှားနိုင်ငံက သမ္မတ Vladimir Putin ကတော့ ဆီးရီးယားနိုင်ငံအနေနဲ့ သူတို့ရဲ့ ဓာတုလက်နက်တွေကို ဖျက်ဆီးပြစ်မယ်ဆိုတာ သူ့အနေနဲ့ သေသေချာချာ တပ်အပ် မပြောနိုင်ဘူးလို့ပြောပါတယ်။ ဒါပေမယ့် ဖျက်ဆီးလိမ့်မယ်လို့ မျှော်လင့်ကြောင်း ရုရှားသမ္မတ ကပြောပါတယ်။

ဆီးရီးယားနိုင်ငံက ပြည်တွင်းစစ်အတွင်း ဓာတုလက်နက် အသုံးပြုမှုကြောင့် ဒေသခံပြည်သူ ထောင်နဲ့ချီ ထိခိုက်သေဆုံးခဲ့ရတဲ့အတွက် အမေရိကန်နဲ့ ဗြိတိန်နိုင်ငံ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းတွေက ဆီးရီးယား အစိုးရကို မကျေမနပ် ဖြစ်နေကြသလို စစ်ရေးအရ အရေးယူ မယ့်အဆင့်ထိပါ စဉ်းစားလာကြတာဖြစ်ပါတယ်။

ABC Radio Australia , RangonNewsDaily
kolatt (Pabedan)


0 comments:

Post a Comment