Pages

Thursday, September 19, 2013

ကနေဒါတွင် ဘတ်စ်ကားနှင့်ရထား တိုက်မိပြီး ၆ ဦးသေဆုံး

Photo: ကနေဒါတွင် ဘတ်စ်ကားနှင့်ရထား တိုက်မိပြီး ၆ ဦးသေဆုံး
Thursday, September 19, 2013 

အော့တာဝါ လမ်းဖြတ်နေရာတွင် ခုတ်မောင်းလာသည့် ရထားကို နှစ်ထပ်ဘတ်စ်ကားက ကြားဖြတ် ဝင်တိုက်မိခြင်းဖြစ်ပြီး လူပေါင်း(၃၀)ကျော် ဒဏ်ရာရခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ 

ကနေဒါနိုင်ငံတွင် ဘတ်စ်ကားနှင့် ရထားတိုက်မိမှုကြောင့် လူ(၆)ဦး သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။ အော့တာဝါ လမ်းဖြတ်နေရာတွင် ခုတ်မောင်းလာသည့် ရထားကို နှစ်ထပ်ဘတ်စ်ကားက ကြားဖြတ် ဝင်တိုက်မိခြင်းဖြစ်ပြီး လူပေါင်း(၃၀)ကျော် ဒဏ်ရာရခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ဒဏ်ရာရသူ အများစုကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး (၁၁)ဦးမှာ အခြေအနေ ဆိုးရွားကြောင်းလည်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ယခုမတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းရင်းကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးချေ။ ဘတ်စ်ကားသည် ရထားလာနေချိန်တွင် ကာထားသော အတားအဆီးများကိုကျော်ကာ ရထားနှင့် ပြေးဆောင့်ခဲ့ခြင်းဟု မျက်မြင်များက ပြောဆိုခဲ့သည်။

ယခုနှစ်အတွင်း ကနေဒါတွင် ရထားနှင့် ဆက်စပ်သည့် ဒုတိယမြောက် အထင်ကရ မတော်တဆမှုကြီးနှင့် ပတ်သက်၍ ရဲများက စုံစမ်းနေဆဲ ဖြစ်သည်။ ဇူလိုင်လက ကွိဘက်အနီးတွင် ဆီတင်ရထားတစ်စင်း လမ်းချော်ပြီး ပေါက်ကွဲရာမှ လူ(၄၇)ဦး သေဆုံးခဲ့ဖူးသည်။ ဗုဒ္ဓဟူးနေ့က ဖြစ်ပွားသော မတော်တဆမှုတွင် ဘတ်စ်ကားပေါ် လိုက်ပါလာသူများက ရထားကို လှမ်းမြင်သဖြင့် ကားရပ်ရန် အော်ဟစ်ခဲ့ကြသေးသော်လည်း ကားဒရိုင်ဗာက လမ်းပေါ် ဖြတ်မောင်းသွားခြင်းဟု သိရှိရသည်။

ဘတ်စ်ကားပေါ် ပါလာသူ တစ်ဦးဖြစ်သည့် တန်နာ ထရီပါနီရာက "လူတိုင်းက ရပ်၊ ရပ်လို့ အော်ကြတယ်။ ဘာလို့လဲဆိုတော့ ရထားလာနေတာကို ခရီးသည်တွေက မြင်ကြတယ်လေ"ဟု ပြောကြားခဲ့သည်။ မျက်မြင်များက ဘတ်စ်ကားသည် အနိမ့်ကာထားသည့် အတားအဆီးများကို ဖြတ်ကျော်ကာ ခရီးသည်တင် အတွဲ(၄)တွဲ ပါဝင်သည့် ရထားကို ဝင်တိုက်ခဲ့ခြင်းဟု ထွက်ဆိုခဲ့ကြသည်။ မျက်မြင်တစ်ဦးဖြစ်သည့် ဂရီဂိုရီမတ်ခ်က "ဘတ်စ်ကားက ရထားကို ထောင့်မှန် အနေအထားမျိုး ဝင်တိုးတာပါ။ ဒီမတော်တဆမှုကြီး ဖြစ်ပြီးတဲ့နောက် ရထားလမ်းပေါ်မှာ အလောင်းတွေ ပြန့်ကျဲသွားတယ်။ မြင်ကွင်းက တကယ့်ကို ကြောက်စရာပါပဲ"ဟု ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့သည် ရထားလမ်းဖြတ် မရောက်မီတွင် ဘတ်စ်ကား ဒရိုင်ဗာက အရှိန်မလျှော့ခဲ့ဆိုသော မျက်မြင်ထွက်ချက်များကို စုဆောင်း ရရှိထားသည်။ ဘတ်စ်ကား ဒရိုင်ဗာသည် သေဆုံးသူများထဲတွင် ပါဝင်ခဲ့ကြောင်းလည်း သိရသည်။ ယခုဖြစ်စဉ် အပြီးနောက် ကနေဒါ ဝန်ကြီးချုပ် စတီဖင်ဟာပါးက မိမိအနေဖြင့် သတင်းကြားမိသည့်အတွက် အလွန်စိတ်မချမ်းမသာ ဖြစ်ရကြောင်းနှင့် သေဆုံးသူများ၏ မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြောင်း Twitterတွင် ရေးသားထားခဲ့သည်။

Planet Myanmar Network

RangonNewsDaily:: September 19, 2013

အော့တာဝါ လမ်းဖြတ်နေရာတွင် ခုတ်မောင်းလာသည့်ရထားကို နှစ်ထပ်ဘတ်စ်ကားက ကြားဖြတ် ဝင်တိုက်
မိခြင်းဖြစ်ပြီး လူပေါင်း(၃၀)ကျော် ဒဏ်ရာရခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ကနေဒါနိုင်ငံတွင် ဘတ်စ်ကားနှင့် ရထားတိုက်မိမှုကြောင့် လူ(၆)ဦး သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့
ကြောင်း သိရှိရသည်။ အော့တာဝါ လမ်းဖြတ်နေရာတွင် ခုတ်မောင်းလာသည့် ရထားကို နှစ်ထပ်ဘတ်စ်
ကားက ကြားဖြတ် ဝင်တိုက်မိခြင်းဖြစ်ပြီး လူပေါင်း(၃၀)ကျော် ဒဏ်ရာရခဲ့ကြောင်း သတင်းများက ဖော်ပြ
ခဲ့သည်။ 
 
ဒဏ်ရာရသူ အများစုကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး (၁၁)ဦးမှာ အခြေအနေ ဆိုးရွားကြောင်းလည်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ယခုမတော်တဆမှု ဖြစ်ပွားရသည့်အကြောင်းရင်းကိုမူ ရှင်းရှင်းလင်း
လင်း မသိရသေးချေ။ ဘတ်စ်ကားသည် ရထားလာနေချိန်တွင် ကာထားသော အတားအဆီးများကိုကျော်ကာ ရထားနှင့် ပြေးဆောင့်ခဲ့ခြင်းဟု မျက်မြင်များက ပြောဆိုခဲ့သည်။

ယခုနှစ်အတွင်း ကနေဒါတွင် ရထားနှင့် ဆက်စပ်သည့် ဒုတိယမြောက် အထင်ကရ မတော်တဆမှုကြီးနှင့် ပတ်သက်၍ ရဲများက စုံစမ်းနေဆဲ ဖြစ်သည်။ဇူလိုင်လကကွိဘက်အနီးတွင် ဆီတင်ရထားတစ်စင်း လမ်းချော်
ပြီး ပေါက်ကွဲရာမှ လူ(၄၇)ဦး သေဆုံးခဲ့ဖူးသည်။ ဗုဒ္ဓဟူးနေ့က ဖြစ်ပွားသော မတော်တဆမှုတွင် ဘတ်စ်ကား
ပေါ် လိုက်ပါလာသူများက ရထားကို လှမ်းမြင်သဖြင့် ကားရပ်ရန် အော်ဟစ်ခဲ့ကြသေးသော်လည်း ကားဒရိုင်
ဗာက လမ်းပေါ် ဖြတ်မောင်းသွားခြင်းဟု သိရှိရသည်။

ဘတ်စ်ကားပေါ် ပါလာသူ တစ်ဦးဖြစ်သည့် တန်နာ ထရီပါနီရာက "လူတိုင်းက ရပ်၊ ရပ်လို့ အော်ကြတယ်။ ဘာလို့လဲဆိုတော့ ရထားလာနေတာကို ခရီးသည်တွေက မြင်ကြတယ်လေ"ဟု ပြောကြားခဲ့သည်။ မျက်မြင်
များက ဘတ်စ်ကားသည် အနိမ့်ကာထားသည့် အတားအဆီးများကို ဖြတ်ကျော်ကာ ခရီးသည်တင် အတွဲ(၎
)တွဲ ပါဝင်သည့် ရထားကို ဝင်တိုက်ခဲ့ခြင်းဟု ထွက်ဆိုခဲ့ကြသည်။ 
 
မျက်မြင်တစ်ဦးဖြစ်သည့် ဂရီဂိုရီမတ်ခ်က "ဘတ်စ်ကားက ရထားကို ထောင့်မှန် အနေအထားမျိုး ဝင်တိုးတာ
ပါ။ ဒီမတော်တဆမှုကြီး ဖြစ်ပြီးတဲ့နောက် ရထားလမ်းပေါ်မှာ အလောင်းတွေ ပြန့်ကျဲသွားတယ်။ မြင်ကွင်းက တကယ့်ကို ကြောက်စရာပါပဲ"ဟု ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့သည် ရထားလမ်းဖြတ် မရောက်မီတွင် ဘတ်စ်ကား ဒရိုင်ဗာက အရှိန်မလျှော့ခဲ့ဆိုသော မျက်မြင်
ထွက်ချက်များကိုစုဆောင်းရရှိထားသည်။ဘတ်စ်ကားဒရိုင်ဗာသည် သေဆုံးသူများထဲတွင် ပါဝင်ခဲ့ကြောင်း
လည်း သိရသည်။ ယခုဖြစ်စဉ် အပြီးနောက်ကနေဒါ ဝန်ကြီးချုပ် စတီဖင်ဟာပါးက မိမိအနေဖြင့် သတင်းကြား
မိသည့်အတွက် အလွန်စိတ်မချမ်းမသာ ဖြစ်ရကြောင်းနှင့် သေဆုံးသူများ၏ မိသားစုနှင့်ထပ်တူ ဝမ်းနည်း
ကြောင်း Twitterတွင် ရေးသားထားခဲ့သည်။

Planet Myanmar Network , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment