Pages

Thursday, September 19, 2013

ပစ်ကပ်ကားတချို့ အခွန် ၅ ရာခိုင်နှုန်းသာ ကောက်မည်ဟု သတင်းထွက်လာပြီးနောက်ပိုင်း ထရပ်ကားများ အရောင်းအေး

RangonNewsDaily:: September 19, 2013
တံခါးနှစ်ပေါက်နှင့် လေးပေါက် ပါဝင်သောပစ်ကပ်ကားများအား အခွန်ငါး ရာခိုင်နှုန်းဖြင့်သာ ကောက်ခံမည်ဟု သ တင်းထွက်လာပြီး နောက်ပိုင်း ကုန်တင် Truck ကားများ အရောင်းအ၀ယ်အေးလျက် ရှိကြောင်း မင်းရဲကျော်စွာ ကားဝင်း အတွင်းမှ Truck ကားသီးသန့် ၀ယ်ရောင်း သမားတစ်ဦးမှ ပြောပြသည်။တံခါးလေးပေါက်ပါသော Double Cab ပစ်ကပ်ကားများကိုမူ ငါးရာခိုင်နှုန်း ဖြင့် သွင်းခွင့်ပြုရန် မသေချာသော်လည်း တံခါးနှစ်ပေါက် ပါဝင်သော Single Cab များမှာ ငါးရာခိုင်နှုန်းဖြင့် တင်သွင်းခွင့်ရရှိ နိုင်သောကြောင့် ၀ယ်လက်များမှ စောင့် ကြည့်နေကြောင်း သိရသည်။ 
Extra Cab ဟုခေါ်သော နောက်ခန်းတစ်ဝက်ပါသော ပစ်ကပ်ကားများအား Single Cab အတွင်းထည့်သွင်းမည်၊ Double Cab အ တွင်း ထည့်သွင်းမည် စသောအချက်မှာ လည်း သေချာရှင်းလင်းစွာ မသိရသေးသ ဖြင့် ထိုအချက်ကိုလည်း စောင့်ကြည့်နေ ကြကြောင်း ပြောပြသည်။
“ ပစ်ကပ်တွေက အခွန်ငါးရာခိုင် နှုန်းနဲ့ သွင်းခွင့်ပြုရင် ဒါက Truck အခွန် နဲ့ တူသွားပြီ။ ဒီပစ်ကပ်တွေရဲ့ Single Cab တို့ Extra Cab, Double Cab အခေါ်အဝေါ်တွေပေါ်မှာ မူတည်ပြီး အခွန် က သေချာမသိရသေးတော့ ပစ်ကပ်ရဲ့ အခွန်နှုန်းနွဲှ့ Truck အခွန်နှုန်း နှိုင်းယှဉ်ပြီး ၀ယ်လက်တွေက Truck တွေ ၀ယ်တာ စောင့်ကြည့်နေတဲ့ အနေအထားဖြစ်သွားတယ်။ 
ဒါက ဆက်စပ်နေတယ်” ဟု ပြော ပြသည်။ပစ်ကပ်များမှာ ရန်ကုန်မြို့နေ လူ တန်းစားများမှ စိတ်ဝင်စားမှုနည်းပါးပြီး နယ်မြို့များဖြစ်သော တောင်ကြီး၊ မန္တလေး၊ မူဆယ်၊ ဖားကန့် စသော တောင်ပေါ်ဒေသ အကြမ်းသုံးရန် စိတ်ဝင်တစား မေးမြန်းမှု များ ရှိ နေသော်လည်း အခွန်နှုန်းထား သေချာစွာသိရှိရန် စောင့်ကြည့်နေဆဲ ဖြစ် ကြောင်း သိရသည်။
Suzuki Carry ဖြစ်သော 660 CC အင်ဂျင်ပါဝါရှိကားများမှာ သိန်း(၆၀) ပတ်လည်တွင်ရှိနေပြီး ထိုအပေါ်တွင် ငွေ ကြေးအနည်းငယ်စိုက်ရုံဖြင့် အိမ်စီးကား ကောင်း တစ်စီးစီးမည်ဟူသော လူအများ ၏ အိုင်ဒီယာမှာလည်း ပြောင်းလဲလာ ကြောင်း ကားလေလံကုမ္ပဏီတစ်ခု၏ ဒါ ရိုက်တာမှ ပြောပြသည်။

Auto World::,,RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment