Pages

Thursday, September 19, 2013

အီသီယိုးပီးယား တိရစ္ဆာန်ရုံတွင် ခြင်္သေ့က လူတစ်ယောက်၏ လည်ပင်းအား ကိုက်ခဲသတ်ဖြတ်

RangonNewsDaily:: September 19, 2013

ခြင်္သေ့တစ်ကောင်မှာ ၎င်းင်းကို စောင့်ရှောက်နေသူတစ်ဦးအား အသေသတ်ခဲ့သည့် ဖြစ်ရပ်တစ်ခု တနလာင်္နေ့က အီသီယိုးပီးယားနိုင်ငံမြို့တော် Addis Ababa ရှိ တိရစ္ဆာန်ဥယျာဉ်တစ်ခု၌ ဖြစ်ပွားခဲ့ကြောင်း စက်တင်ဘာ ၁၈ ရက်က ဘီဘီစီသတင်းဌာနမှ ဖော်ပြထားသည်။ ယခုကဲ့သို့ ဖြစ်ပွားရခြင်းမှာ အဆိုပါ ခြင်္သေ့အိပ်စက်သည့် အတွင်းတံခါးအား ပိတ်ရန်မေ့သွားခဲ့ခြင်းကြောင့် ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားလိုက်သည်။

Kenenisa ဟု အမည်ပေးထားသည့် ခြင်္သေ့ကအသက် ၅၁ နှစ်အရွယ် Abera Silsay အားလည်ပင်းမှ ကိုက်ဖြတ်ကာ သတ်ဖြတ်လိုက်ခြင်းဖြစ်သည်။ ခြင်္သေ့က မိနစ် ၂၀ ခန့်လည်ပင်းကို ကိုက်ခဲထားခဲ့သည်။

“သူက တံခါးအမှတ် ၁၀ ထဲကိုဝင်သွားခဲ့ပါတယ်။ ဒါပေမဲ့ ခြင်္သေ့အိပ်တဲ့ တံခါးကို ပိတ်ဖို့မေ့သွားပါတယ်”ဟု တိရစ်္ဆာန်ဥယျာဉ်၏ အထွေထွေဒါရိုက်တာ Musie Kiflom က ပြောကြားခဲ့သည်။

အဆိုပါ တိရစ္ဆာန်ဥယျာဉ်မှာ ဘုရင်ဟောင်း #Haile #Selassie ၏ ခြင်္သေ့မွေးမြူသော နေရာတစ်ခုဖြစ်ပြီး ၁၉၄၈ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် အသက်ရှစ်နှစ်အရွယ်ခြင်္သေ့ကလည်း ထိုနေရာတွင် ပင်ရှိနေသေးသည်။

ယခုအခါတွင် အဆိုပါ တိရစ္ဆာန်ဥယျာဉ်အား ပိတ်ထားလိုက်ပြီဖြစ်သည်။
ဥယာဉ်အတွင်းသို့ နေ့စဉ်လာရောက် လည်ပတ်သူပေါင်း ၂၀၀၀ ခန့်ရှိသည်ဟု တာဝန်ရှိသူများက ဆိုသည်။

အစောင့်များက ခြင်္သေ့အားခြောက်လှန့်ရန်အတွက် သေနတ်များဖြင့် ပစ်ခတ်သော်လည်း မအောင်မြင်ခဲ့ပေ။

သေဆုံးသွားသူ Abera Silsay မှာ ခြသေ့င်္လှောင်အိမ်အား သန့်ရှင်းရေးလုပ်နေစဉ် ယခုကဲ့သို့ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

Mizzima - News, RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment