Pages

Saturday, July 13, 2013

Telenor ကုမ္ပဏီ မြန်မာနိုင်ငံဆိုင်ရာ အမှုဆောင်အရာရှိချုပ် ခန့်အပ်

Photo: Telenor ကုမ္ပဏီ မြန်မာနိုင်ငံဆိုင်ရာ အမှုဆောင်အရာရှိချုပ် ခန့်အပ်
Saturday, 13 July 2013

ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် တင်ဒါအောင်မြင် ထားသော နော်ဝေ အခြေစိုက်ွှ Telenor ကုမ္ပဏီက မြန်မာနိုင်ငံ တွင် ဆောင်ရွက်မည့် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများအတွက် အမှုဆောင် အရာရှိချုပ်အဖြစ် Mr.Petter Furberg ကို ခန့်အပ်လိုက်ကြောင်း ယင်းကုမ္ပဏီက ဇူလိုင်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

Mr.Petter Furberg သည် လက်ရှိ အချိန်တွင် ထိုင်းနိုင်ငံရှိ Telenor ပိုင် dtac ဆက်သွယ်ရေး ဝန်ဆောင်မှု ကုမ္ပဏီတွင် ငွေစာရင်း အရာရှိချုပ် (Chief Financial Officer) အဖြစ် တာဝန်ယူထားသူဖြစ်ပြီး မြန်မာနိုင်ငံရှိ Telenor လုပ်ငန်းများအတွက် အမှုဆောင် အရာရှိချုပ်အဖြစ် တိုးမြှင့်တာဝန်ယူ မည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်း Telenor ကုမ္ပဏီက မြန်မာနိုင်ငံဆိုင်ရာ အမှုဆောင်အရာရှိချုပ် Mr.Petter Furberg သည် ဇူလိုင်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့တော်ရှိ PARKROYAL ဟိုတယ်တွင် တရားဝင် သတင်းစာရှင်းလင်းပွဲ ပြုလုပ် သွားမည် ဖြစ်သည်။

အဆိုပါ Telenor ကုမ္ပဏီက ခန့်အပ်လိုက်သည့် အမှုဆောင် အရာရှိချုပ်သည် မြန်မာအစိုးရနှင့် Telenor တို့ကြား ဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ အပြီးသတ် ညှိနှိုင်းသဘောတူပြီးချိန်မှသာ စတင် တာဝန်ယူမည် ဖြစ်ကြောင်း Telenor ကုမ္ပဏီထံမှ သိရသည်။

“မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာ အရည်အသွေးမြင့် ဆက်သွယ်ရေး ဝန်ဆောင်မှုတွေကို အများလက်လှမ်းမီတဲ့ အဖိုးအခနဲ့ ဆောင်ရွက်ပေးနိုင် မယ် လို့ ကျွန်တော် ယုံကြည်ထားပါတယ်” ဟု Mr.Petter Furberg က ဆိုသည်။

Telenor ၏ မြန်မာနိုင်ငံဆိုင်ရာ အမှုဆောင် အရာရှိချုပ်သည် ယင်းကုမ္ပဏီတွင် ၁၄ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ၎င်း၏ အတွေ့အကြုံများဖြင့် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ မြန်ဆန်စွာ ဖြန့်ကြက်ပေးနိုင်မည် ဖြစ်ကြောင်း Telenor Asia ၏ အကြီးအကဲဖြစ်သူ Sigve Brekke က ပြောကြားသည်။

ထို့အပြင် အင်တာနက်တွင် Telenor အမည်ဖြင့် ဖေ့စ်ဘုတ် စာမျက်နှာအတုများ ပေါ်ထွက်လာနေသောကြောင့် အဆိုပါကုမ္ပဏီက Telenor Myanmar တရားဝင် ဖေ့စ်ဘုတ် စာမျက်နှာကို ဇူလိုင်လ ၁၂ ရက်နေ့တွင် စတင်လွှင့်တင်ခဲ့သည်။

နော်ဝေအခြေစိုက် Telenor ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကာတာကုမ္ပဏီ Ooredoo နှင့်အတူ လုပ်ငန်းလိုင်စင်တင်ဒါ အောင်မြင်ထားပြီး ဖုန်းခေါ်ဆိုခများကို တစ်မိနစ်လျှင် အများဆုံး ၂၅ ကျပ်နှုန်းထားဖြင့် ဝန်ဆောင်မှု ပေးမည်ဟု ကတိပြုထားသည်။

The Voice Weekly

Saturday, 13 July 2013

ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် တင်ဒါအောင်မြင် ထားသော နော်ဝေ အခြေစိုက်ွှ Telenor ကုမ္ပဏီက မြန်မာနိုင်ငံ တွင် ဆောင်ရွက်မည့် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများအတွက် အမှုဆောင် အရာရှိချုပ်အဖြစ် Mr.Petter Furberg ကို ခန့်အပ်လိုက်ကြောင်း ယင်းကုမ္ပဏီက ဇူလိုင်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။ Mr.Petter Furberg သည် လက်ရှိ အချိန်တွင် ထိုင်းနိုင်ငံရှိ Telenor ပိုင် dtac ဆက်သွယ်ရေး ဝန်ဆောင်မှု ကုမ္ပဏီတွင် ငွေစာရင်း အရာရှိချုပ် (Chief Financial Officer) အဖြစ် တာဝန်ယူထားသူဖြစ်ပြီး မြန်မာနိုင်ငံရှိ Telenor လုပ်ငန်းများအတွက် အမှုဆောင် အရာရှိချုပ်အဖြစ် တိုးမြှင့်တာဝန်ယူ မည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်း Telenor ကုမ္ပဏီက မြန်မာနိုင်ငံဆိုင်ရာ အမှုဆောင်အရာရှိချုပ် Mr.Petter Furberg သည် ဇူလိုင်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့တော်ရှိ PARKROYAL ဟိုတယ်တွင် တရားဝင် သတင်းစာရှင်းလင်းပွဲ ပြုလုပ် သွားမည် ဖြစ်သည်။

အဆိုပါ Telenor ကုမ္ပဏီက ခန့်အပ်လိုက်သည့် အမှုဆောင် အရာရှိချုပ်သည် မြန်မာအစိုးရနှင့် Telenor တို့ကြား ဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ အပြီးသတ် ညှိနှိုင်းသဘောတူပြီးချိန်မှသာ စတင် တာဝန်ယူမည် ဖြစ်ကြောင်း Telenor ကုမ္ပဏီထံမှ သိရသည်။

“မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာ အရည်အသွေးမြင့် ဆက်သွယ်ရေး ဝန်ဆောင်မှုတွေကို အများလက်လှမ်းမီတဲ့ အဖိုးအခနဲ့ ဆောင်ရွက်ပေးနိုင် မယ် လို့ ကျွန်တော် ယုံကြည်ထားပါတယ်” ဟု Mr.Petter Furberg က ဆိုသည်။

Telenor ၏ မြန်မာနိုင်ငံဆိုင်ရာ အမှုဆောင် အရာရှိချုပ်သည် ယင်းကုမ္ပဏီတွင် ၁၄ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ၎င်း၏ အတွေ့အကြုံများဖြင့် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ မြန်ဆန်စွာ ဖြန့်ကြက်ပေးနိုင်မည် ဖြစ်ကြောင်း Telenor Asia ၏ အကြီးအကဲဖြစ်သူ Sigve Brekke က ပြောကြားသည်။

ထို့အပြင် အင်တာနက်တွင် Telenor အမည်ဖြင့် ဖေ့စ်ဘုတ် စာမျက်နှာအတုများ ပေါ်ထွက်လာနေသောကြောင့် အဆိုပါကုမ္ပဏီက Telenor Myanmar တရားဝင် ဖေ့စ်ဘုတ် စာမျက်နှာကို ဇူလိုင်လ ၁၂ ရက်နေ့တွင် စတင်လွှင့်တင်ခဲ့သည်။

နော်ဝေအခြေစိုက် Telenor ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကာတာကုမ္ပဏီ Ooredoo နှင့်အတူ လုပ်ငန်းလိုင်စင်တင်ဒါ အောင်မြင်ထားပြီး ဖုန်းခေါ်ဆိုခများကို တစ်မိနစ်လျှင် အများဆုံး ၂၅ ကျပ်နှုန်းထားဖြင့် ဝန်ဆောင်မှု ပေးမည်ဟု ကတိပြုထားသည်။

The Voice Weekly ,RangonNewsDaily
ZawWinNaung(KTDA): 12.7.2013

0 comments:

Post a Comment