Pages

Saturday, July 13, 2013

စစ်ကိုင်းတိုင်းဒေသကြီး တိုင်းအထွေထွေအုပ်ချုပ်ရေး အတွင်းရေမှုး ဦးစိုးစိုးဇော်သည် လက်နက်/မူးယစ်မှောင်ခိုရာဇာဖြစ်ကြောင်း ကလေးမြို့မီဒီယာများမှ ထုတ်ဖော်

*** ကလေး တမူး ရဲ ဂယက် နောက်ဆက်တွဲအသံတစ်ခု ***

မူးယစ်ဆေးဝါးမှောင်ခိုမှုတွေမှာ ပါဝင်ပတ်သတ်နေလို့ ကလေးနဲ့တမူးက ရဲအရာရှိကြီးတွေကို ဖမ်းသတဲ့။

ကောင်းပါလေ့။ ဒီလိုကိစ္စတွေမှာ ပတ်သတ်နေတဲ့သူမှန်သမျှ အရေးယူသင့်ပါတယ်။ မေလတုန်းကလည်း ကလေးစစ်ဆေးရေးဂိတ်တစ်ခုမှာ ကားတစ်စီးကို တားတာ မရပ်ပဲ မောင်းပြေးတယ်။ ဒီတော့ အဲ့ဒီဂိတ်ကနေ စက်နဲ့ပေါက်ပြီး ပိတ်ဆို့ခိုင်းတော့ တမူးခရိုင်မှူးကိုယ်တိုင် ဆင်းပြီးဖမ်းတော့ မိသွားလေရဲ့။
ကားပေါ်မှာ မူးယစ်ဆေးတွေနဲ့ လူသုံးယောက်ပါ ဖမ်းမိတယ်။ ကားပိုင်ရှင်နဲ့မောင်းပြေးတဲ့သူကအငြိမ်းစား
ဗိုလ်ကြီးကျော်ရွှေ ဆိုလားပဲ။ အဲ့သတင်းလင့်လေးပေးမလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၀က်ဆိုက်မှာ ၀င်ရှာတော့ သတင်းက မရှိတော့ဘူး။ ပြန်ဖျက်လိုက်တယ်ထင်တယ်။

ဘာကြောင့်လဲတော့မသိဘူး။ အဲ့တုန်းကတော့ ကလေးက တရားခံဖမ်းခဲ့ကြတဲ့ ခရိုင်မှူး ဒုရဲမှူးကြီးဇော်နိုင်

ထွန်းတို့၊ တမူးခရိုင်မှူး ဒုရဲမှူးကြီးလှဝင်းတို့က ခု တရားခံတွေ ပြန်ဖြစ်သွားပြီပေါ့။ တရားကျစရာ ကောင်းပါ
ဘိ။ ထားပါတော့။

ကလေး၊ တမူးဘက်မှာ အာဏာပိုင်တွေကို ပိုက်ဆံပေး၊ လာဘ်ထိုးပြီး မူးယစ်ဆေးတွေ၊ လက်နက်တွေ သယ်

ထုတ်နေတာတော့ ဆယ်စုနှစ်နဲ့ချီအောင် ကြာပါပြီ။ အရင်ကတော့ အဲဒီ့ဘက်မှာ အာဏာအရှိဆုံးက ဒကစ ပဲ။ အရှည်ပြောရရင်တော့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ကလေး) ပေါ့။

တစ်ခါက မန္တလေးမှာ ကိုတင်အောင်မိုး ဆိုတဲ့လူတစ်ယောက်နဲ့ ရင်းနှီးဖူးတယ်။သူကတော့ သူ့ကိုယ်သူ ဗိုလ်

မှူးချုပ်သူရအောင်ကိုရဲ့ တူလို့ ပြောတာပဲ။ ဗိုလ်မှူးချုပ်သူရအောင်ကို ကလေးမှာ ဒကစမှူးဖြစ်တော့ သူက
တပ်ကြပ်ရာထူးနဲ့ ထောက်ပို့တပ်မှာ အမှုထမ်းနေတယ်။

နောက် သူ့ဦးလေး ဒကစကနေပြောင်းသွားတော့ သူလည်းတပ်ကထွက်ပြီး FAW ကားနှစ်စီး၊ သုံးစီးဝယ်၊ “ဒ

ကစ(ကလေး) ထောက်ပံ့ရေးတာဝန်”လို့ နာမည်ခံပြီး မန္တလေးနဲ့ကလေးကြားမှာ မှောင်ခိုကုန်တွေတင်တဲ့
အလုပ် လုပ်တယ်။ တင်တဲ့ကုန်တွေကတော့ အစုံပဲ။ တာချီလိတ်ဘက်ကနေ လက်နက်တွေဝယ်တယ်။

မန္တလေးမှာ ခဏထားပြီး သူ့ကားတွေနဲ့ ကလေးဘက်ကို ပို့တယ်။ မန္တလေးမှာ လက်နက်တွေခနထား
တဲ့အိမ်

ကလည်း သူ့ဦးလေး ဗိုလ်မှူးချုပ်သူရအောင်ကို အိမ်မို့လို့ စိတ်ချရတယ်လို့ တိုးတိုးတိတ်တိတ်ပြောပြတယ်။

တကယ်ပဲလား ကြွားတာလားတော့ မသိဘူးပေါ့ဗျာ။ ကလေးကနေ မူးယစ်ဆေးတွေ၊ ကွမ်းစားတဲ့ဆေးတွေ

 ပြန်တင်ပြီး မန္တလေးကိုပို့တယ်။

လက်နက်အပြင် ကျောက်စိမ်းတွေဘာတွေလည်း သယ်တယ်။ လက်နက်တွေ၊ ကျောက်စိမ်းတွေကို ဒီတိုင်း

ပေါ်တင်ကြီး သယ်တာတော့ မဟုတ်ဘူးပေါ့။ ဒကစ(ကလေး) အတွက် သယ်ပေးတဲ့ဆန်အိတ်တွေ၊ ရိက္ခာ
တွေနဲ့အုပ်ပြီး သယ်ရတာ။ လမ်းကြောင်းတစ်ခေါက်ကို ဘယ်လောက်ပေးရလဲလို့ စပ်စုမိတော့ “ဂျီဝမ်းကို (၅၀) လောက်တော့ ပေးရင် လမ်းကြောင်းရှင်းပါတယ်” လို့ မပွင့်တပွင့်ဖြေတယ်။

ဂျီဝမ်းဆိုတာကတော့ ဒကစ(ကလေး)က G(1) ဒုဗိုလ်မှူးကြီး စိုးစိုးဇော် ပေါ့။ အဲ့တုန်းက ဒကစမှူး ဗိုလ်မှူးချုပ်

ခင်မောင်အေးက အသက်ကလည်းရ၊ သမီးသုံးယောက်နဲ့ ချာလပတ်လည်နေတော့ ဂျီဝမ်းကြီးကအာဏာအ
ရှိဆုံးအချိန်ပေါ့။ ဒကစ(ကလေး)က ဂွင်ကောင်းလွန်းတော့ ဒုဗိုလ်မှူးကြီးစိုးစိုးဇော်က အဲဒီနေရာက မပြောင်း
ရအောင် နည်းမျိုးစုံသုံးလိုက်တာ အောင်မြင်တယ်ပြောရမယ်။

ဗိုလ်မှူးကြီးဖြစ်တဲ့အထိ ဒကစ(ကလေး)မှာ နှစ်အတော်ကြာကြာနေလိုက်ရတယ်။ ခုတော့ အကျဉ်းဦးစီးမှာ ညွှန်မှူးဖြစ်နေပါပြီ။ အတော်အတန်လည်း စုမိဆောင်းမိဖြစ်ပြီဆိုတော့ နားပြီပေါ့။

စောစောက ကိုတင်အောင်မိုးအကြောင်း ဆက်ရဦးမယ်။ သူကတော့ ကံမကောင်းရှာပါဘူး။ ကျွန်တော်
နဲ့

တွေ့ပြီး နောက်တစ်နှစ်လောက်ကြာတော့ ဂျီဝမ်းကြီးစိုးစိုးဇော်နဲ့ပြဿနာတက်တယ်လို့ သတင်းကြားလိုက်ရ
ပါတယ်။

သူ့ယာဉ်တန်းတွေအတွက် လိုင်းကြေးတစ်ခေါက်စာပဲပေးထားပြီး ယာဉ်တန်းကနှစ်ခေါက်ဆင်းသွားတာမို့ သူ့

ကိုကျော်တယ်ဆိုပြီး ဂျီဝမ်းကြီးက ပေါက်ကွဲပါတယ်။ မကျေမနပ်ဖြစ်ပြီး ကိုတင်အောင်မိုးအိမ်ကို ၀င်စီးခိုင်း
တယ်။

ကားတွေကိုလည်း ဖမ်းခိုင်းလိုက်တယ်။ မန္တလေးက လက်နက်တွေ ခဏထားတဲ့အိမ်ကိုလည်း ၀င်စီးတယ်လို့ သတင်းကြားတယ်။ ဘယ်လိုတွေရှင်းလိုက်ကြလဲတော့ မသိလိုက်ဘူး။ နောက်ဆုံးသတင်းကြား
လိုက်တာက

တော့ ကိုတင်အောင်မိုးက အိန္ဒိယထဲကို ၀င်ပြေးသွားတယ်လို့ ကြားလိုက်ရတယ်။

အိန္ဒိယထဲမှာ သူ့လက်နက် ဖောက်သည်တွေဖြစ်တဲ့ ကသည်းသူပုန်တွေရှိတယ်လေ။ အဲဒီကို ရောက်
သွား

တယ်ထင်ပါရဲ့။ နောက်တော့ ရန်ကုန်ကို ပြန်ရောက်လာသလိုလို၊ သေပဲသေသွားသလိုလိုတော့ သတင်း
တွေကြားရတယ်။ ခုထိတော့ အဆက်အသွယ်မရတော့ဘူး။

(မိုးဇေညိမ်း)
Monywa Time , RangonNewsDaily
ZawWinNaung(KTDA): 12.7.2013

0 comments:

Post a Comment