Pages

Saturday, July 13, 2013

ပြည်ပသို့ ခေါ်ဆိုရာတွင် GSM နှင့် WCDMA ဖုန်းလိုင်း ဘီလ်များကို မြန်မာ ကျပ်ငွေဖြင့် ပြောင်းလဲ ကောက်ခံတော့မည်

Saturday, 13 July 2013

ယခုလမှစ၍ GSM နှင့် WCDMA မိုဘိုင်းလ်ဖုန်းလိုင်း ဘီလ်စနစ်များ ကို နိုင် ငံခြားသို့ ခေါ်ဆို ရာတွင် မြန်မာကျပ်ငွေ စနစ်ဖြင့် ပြောင်းလဲ ကောက် ခံတော့ မည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ သည်။

ပြည်ပသို့ ခေါ်ဆိုလိုပါက (တချို့သော နိုင်ငံများမှ အပ) တစ်မိနစ် ငွေကျပ် ၉ဝဝ သို့မဟုတ် အမေရိကန် ဒေါ်လာ သုည ဒသမ ၉ဝ ကို ကောက်ခံသည် ဟု Elite Tech Group က ထုတ်ပြန်သည်။ မြန်မာကျပ်ငွေဖြင့် အသုံးပြု လိုသူများသည် ယခင် FEC ဘီလ်စနစ်များကို ကုန်ဆုံးသည်အထိ ဆက် လက် အသုံးပြုနိုင်ကြောင်း ၄င်းက ဆက်လက်ပြောကြား ခဲ့သည်။

FEC ငွေဖြည့်ကတ် များသည် ဈေးကွက် အတွင်း၌ လက်ကျန်အဖြစ် ကတ်တချို့ ကျန်ရှိနေ သေးသော်လည်း အဆိုပါ ကတ်များကို ပြန်လည် သိမ်းဆည်းသွားမည် မဟုတ်ကြောင်း၊ အဆိုပါ ကတ်များ ထည့်သွင်း အသုံးပြုမည် ဆိုပါက ဆက်လက် အသုံးပြုခွင့် ပေးသွားမည် ဖြစ်ကြောင်း Call Center ၌ ဆက်သွယ်ရေး ကဏ္ဍကို တာဝန်ယူ ဖြေကြားပေးနေသူ တစ်ဦးက ပြောကြား ခဲ့သည်။

''ကျွန်တော်တို့ဆီက ဝယ်ထားတဲ့ ကတ်တွေကို နောက်တစ်ပတ် သော ကြာနေ့အပြီး ပြန်အမ်း ပေးဖို့ကိုယ်
စား
လှယ်တွေကို ပြောထားတယ်။ ငွေပြန် အမ်း ပေးမယ်။ ကတ်တွေက သုံးလို့ မရတော့တာမဟုတ်ဘူး
။ ရောင်း တဲ့သူတွေ ရောင်းလို့ မရမှာစိုးလို့ ပြန်သိမ်း ပေးတာပါ။ ပြန်အပ်ချင်ရင် ကျွန်တော် တို့ဆီက ကတ်တွေကို ကိုယ်စားလှယ်တွေက တစ်ဆင့် လက်ခံပေး နေ ပါတယ်'' ဟု Elite Tech Group မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

GSM နှင့်WCDMAမိုဘိုင်းလ်ဖုန်းလိုင်းများကို ပြည်ပသို့ ခေါ်ဆိုရာတွင် မြန်မာကျပ်ငွေဖြင့်
ပြောင်းလဲ ကောက်

ခံအသုံးပြုနိုင်မည် ဖြစ်ပြီးကျန်ရှိသည့်CDMAဖုန်းလိုင်းများ၊ အော်တိုဖုန်းလိုင်းများအတွက်မူလအတိုင်း ပြောင်း
လဲမှု မရှိသေးသော်လည်း မကြာခင်၌ လိုက်လံ ပြောင်းလဲသွားမည် ဖြစ်ကြောင်း Elite Tech Group ၏ Face book တွင် ဖော်ပြထားသည်။

ဇာနည်မောင်
မြ၀တီ , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၁၃.၇.၂၀၁၃

0 comments:

Post a Comment