Pages

Saturday, July 13, 2013

အသစ်ထွက်မည့် တေးသီချင်း အယ်လ်ဘမ်များ စတစ်ကာ အစား ဘားကုတ် စနစ်သစ် ပြောင်းလဲ အသုံးပြုသွားမည်

Photo: အသစ်ထွက်မည့် တေးသီချင်း အယ်လ်ဘမ်များ စတစ်ကာ အစား ဘားကုတ် စနစ်သစ် ပြောင်းလဲ အသုံးပြုသွားမည်
Saturday, 13 July 2013

အသစ် ထွက်မည့် တေးသီချင်း အယ်လ်ဘမ် များတွင် ဖော်ပြထားသည့် စတစ်ကာ အမှတ်အသား နေရာတွင် ဘားကုတ် စနစ်သစ် ပြောင်းလဲ အသုံးပြု သွား မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂီတ အစည်းအရုံး (ဗဟို) မှ ကြေညာချက် ထုတ်ပြန်သည်။

နိုင်ငံတွင်း ထွက်ရှိမည့် တေးသီချင်း အယ်လ်ဘမ် အသစ်များအား စနစ် တကျ ထုတ်လုပ် ဖြန့်ချိနိုင်ရန် အတွက် ယခင် စတစ်ကာ (Sticker) စနစ်အစား ဘားကုတ် (Barcode System) စနစ် ဖြင့် သြဂုတ်လ ၁ ရက်နေ့မှ စတင်၍ ပြောင်းလဲတော့မည် ဖြစ်ကြောင်း ၄င်း ကြေ ညာချက်တွင် ဖော်ပြထားသည်။

ထုတ်လုပ်ဖြန့်ချိ သူများ အနေဖြင့် ယခု ဇူလိုင် ၈ ရက်မှ စတင်၍ ယခင် စတစ်ကာများ ကပ်သည့် စနစ်အစား မြန်မာနိုင်ငံ ဂီတ အစည်းအရုံး မှ ထုတ် ပေးမည့် Barcode များအား မိမိတို့ Album Cover Design များတွင် ထည့်သွင်း၍ ပြောင်းလဲ ရိုက်နှိပ်ကြရမည် ဖြစ်ကြောင်း သိရသည်။ သြဂုတ်လ ၁ ရက်နေ့မှစ၍ ထွက်ရှိမည့် တေးအယ်လ် ဘမ်များ၏ (Tape, CD, VCD, DVD, Bluray, etc…) Album Cover Design များတွင် Barcode များ ထည့်သွင်းနိုင်ရန် ယခု ဇူလိုင်လ အတွင်း မှတ်တမ်းပြုစုရန် အလို့ငှာ အချိန်မီ စာမူများ တင်ကြပါရန် မြန်မာနိုင်ငံ ဂီတ အစည်းအရုံး (ဗဟို) မှ နှိုးဆော် ထားသည်။

Popular Myanmar News Journal

Saturday, 13 July 2013

အသစ် ထွက်မည့် တေးသီချင်း အယ်လ်ဘမ် များတွင် ဖော်ပြထားသည့်စတစ်ကာအမှတ်အသား နေရာတွင်
ဘားကုတ်စနစ်သစ် ပြောင်းလဲ အသုံးပြုသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဂီတ အစည်းအရုံး (ဗဟို) မှ ကြေ
ညာချက် ထုတ်ပြန်သည်။ နိုင်ငံတွင်းထွက်ရှိမည့် တေးသီချင်းအယ်လ်ဘမ်အသစ်များအားစနစ်တကျထုတ်လုပ် ဖြန့်ချိနိုင်ရန်အတွက်
ယခင်စတစ်ကာ (Sticker) စနစ်အစား ဘားကုတ် (Barcode System) စနစ် ဖြင့် သြဂုတ်လ ၁ ရက်နေ့မှ စတင်
၍ ပြောင်းလဲတော့မည် ဖြစ်ကြောင်း ၄င်း ကြေ ညာချက်တွင် ဖော်ပြထားသည်။

ထုတ်လုပ်ဖြန့်ချိ သူများ အနေဖြင့် ယခု ဇူလိုင် ၈ ရက်မှ စတင်၍ ယခင် စတစ်ကာများ ကပ်သည့် စနစ်အစား
 မြန်မာနိုင်ငံ ဂီတ အစည်းအရုံး မှ ထုတ် ပေးမည့် Barcode များအား မိမိတို့ Album Cover Design များတွင် ထည့်သွင်း၍ ပြောင်းလဲ ရိုက်နှိပ်ကြရမည် ဖြစ်ကြောင်း သိရသည်။
 
သြဂုတ်လ ၁ ရက်နေ့မှစ၍ ထွက်ရှိမည့် တေးအယ်လ် ဘမ်များ၏ (Tape, CD, VCD, DVD, Bluray, etc…) Album Cover Design များတွင် Barcode များ ထည့်သွင်းနိုင်ရန် ယခု ဇူလိုင်လ အတွင်း မှတ်တမ်းပြုစုရန် အလို့ငှာ အချိန်မီ စာမူများ တင်ကြပါရန် မြန်မာနိုင်ငံ ဂီတ အစည်းအရုံး (ဗဟို) မှ နှိုးဆော် ထားသည်။

Popular Myanmar News , RangonNewsDaily
ZawWinNaung(KTDA): 12.7.2013

0 comments:

Post a Comment