Pages

Saturday, July 13, 2013

ဘရာဇီး အလုပ်သမားသောင်းချီ ဆန္ဒပြ၊ ဆိပ်ကမ်းများနှင့် လမ်းမများ လုပ်ငန်း ရပ်ဆိုင်း

Photo: ဘရာဇီး အလုပ်သမားသောင်းချီ ဆန္ဒပြ၊ ဆိပ်ကမ်းများနှင့် လမ်းမများ လုပ်ငန်း ရပ်ဆိုင်း
Saturday, 13 July 2013

ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အခြားသော ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများ အကျပ်အတည်း ဖြစ်နေခြင်းကြောင့် ဘရာဇီး အလုပ်သမားများ သောင်းနှင့်ချီ ဆန္ဒပြနေပြီး နိုင်ငံတွင်းရှိ ဆိပ်ကမ်းများနှင့် အဝေးပြေး လမ်းမကြီးများ လုပ်ငန်း လည်ပတ်မှု ရပ်ဆိုင်းသွားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဘရာဇီး အလုပ်သမား သမဂ္ဂများက နိုင်ငံတွင်းရှိ ပြည်နယ် ၁၀ ခုတွင် ဆန္ဒပြမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

ဆန္ဒပြမှုများကြောင့် ဘရာဇီးနိုင်ငံ၏ အလုပ် အများဆုံး ဆိပ်ကမ်းများဖြစ်သည့် ဆာပေါလို ဆိပ်ကမ်း၊ တန်ဂူအိုင်း တောင်ပိုင်း၊ ဆူပီနှင့် နိုင်ငံ အရှေ့တောင်ပိုင်းရှိ ဆိပ်ကမ်းများ လုပ်ငန်း လည်ပတ်မှု ရပ်ဆိုင်းသွားသည်။

ထို့အပြင် မြို့ကြီးများရှိ ခရီးသည်တင်ကား မောင်းနှင်သူများလည်း ဆန္ဒပြနေခြင်းကြောင့် အများပြည်သူ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ ရပ်ဆိုင်းသွားကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဘရာဇီးနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ဆာပေါလိုမြို့တွင် ဆန္ဒပြသမား ၄၀၀၀ ခန့်က နာမည်ကျော် အေဘန်ဒါ ပေါလစ်တာ လမ်းမကြီးကို ပိတ်ဆို့ထားသည်။

“ဘရာဇီး ကျန်းမာရေးနဲ့ ပညာရေး ကဏ္ဍတွေမှာ အကျပ်အတည်းတွေ ဖြစ်နေလို့ ကျွန်တော်တို့ ချီတက်ရခြင်း ဖြစ်ပါတယ်။ အဲဒီအရာတွေကို ပြောင်းလဲပစ်ရပါမယ်” ဟု ဆာပေါလို မြူနီစီပယ် ဝန်ထမ်းတစ်ဦး ဖြစ်သူ ပတ်ချိတီက AFP သတင်းကို ပြောကြားသွားသည်။

မြေယာနှင့် ပင်စင်စနစ် ပြုပြင်ပြောင်းလဲပေးရန်၊ တစ်ပတ် အလုပ်ချိန် သတ်မှတ်ချက် လျှော့ချပေးရန် နှင့် အခြားသော ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများကို အဆင့် မြှင့်တင်ပေးရန် အလုပ်သမား သမဂ္ဂ များက တောင်းဆိုလိုက်သည်။

အလုပ်သမားများက ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သော်လည်း ရဲတပ်ဖွဲ့များက မျက်ရည်ယိုဗုံးများ အသုံးပြု လူစုခွဲခဲ့သည်။

လက်ရှိ ဖြစ်ပွားနေသော ဆန္ဒပြမှုများမှာ ပြီးခဲ့သည့်လတွင်း ဖြစ်ပွားခဲ့သည့် လူပေါင်း သန်းနှင့်ချီ ပါဝင်ခဲ့သည့် ဆန္ဒပြပွဲများအောက် ပမာဏ သေးငယ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ပညာရေး၊ ကျန်းမာရေးနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် ဝန်ဆောင်မှု မြှင့်တင်ပေးရန် ဘရာဇီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒပြမှုများ ဇွန်လအတွင်း ပေါ်ပေါက်လာခြင်းကြောင့် ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများတွင် ပြုပြင်ပြောင်းလဲမှုများနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ပေးမည် ဟု သမ္မတ ဒိုင်မာရုဖ်ဘက်ဖ်က ကတိပြုခဲ့သည်။

ထို့အပြင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ပြုလုပ်ပေးမည်ဟု သမ္မတက အဆိုပြုသော်လည်း လာမည့်နှစ် ရွေးကောက်ပွဲ မကျင်းပခင် အချိန်တွင်း ယင်းဖြစ်စဉ် ပေါ်ထွန်းရန် မဖြစ်နိုင်ကြောင်း လွှတ်တော်က မှတ်ချက်ပြု ထားသည်။

The Voice Weekly

Saturday, 13 July 2013

ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အခြားသော ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများ အကျပ်အတည်း ဖြစ်နေခြင်းကြောင့် ဘရာဇီး အလုပ်သမားများ သောင်းနှင့်ချီ ဆန္ဒပြနေပြီး နိုင်ငံတွင်းရှိ ဆိပ်ကမ်းများနှင့် အဝေးပြေး လမ်းမကြီးများ လုပ်ငန်း လည်ပတ်မှု ရပ်ဆိုင်းသွားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ ဘရာဇီး အလုပ်သမား သမဂ္ဂများက နိုင်ငံတွင်းရှိ ပြည်နယ် ၁၀ ခုတွင် ဆန္ဒပြမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

ဆန္ဒပြမှုများကြောင့် ဘရာဇီးနိုင်ငံ၏ အလုပ် အများဆုံး ဆိပ်ကမ်းများဖြစ်သည့် ဆာပေါလို ဆိပ်ကမ်း၊ တန်ဂူအိုင်း တောင်ပိုင်း၊ ဆူပီနှင့် နိုင်ငံ အရှေ့တောင်ပိုင်းရှိ ဆိပ်ကမ်းများ လုပ်ငန်း လည်ပတ်မှု ရပ်ဆိုင်းသွားသည်။

ထို့အပြင် မြို့ကြီးများရှိ ခရီးသည်တင်ကား မောင်းနှင်သူများလည်း ဆန္ဒပြနေခြင်းကြောင့် အများပြည်သူ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ ရပ်ဆိုင်းသွားကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဘရာဇီးနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ဆာပေါလိုမြို့တွင် ဆန္ဒပြသမား ၄၀၀၀ ခန့်က နာမည်ကျော် အေဘန်ဒါ ပေါလစ်တာ လမ်းမကြီးကို ပိတ်ဆို့ထားသည်။

“ဘရာဇီး ကျန်းမာရေးနဲ့ ပညာရေး ကဏ္ဍတွေမှာ အကျပ်အတည်းတွေ ဖြစ်နေလို့ ကျွန်တော်တို့ ချီတက်ရခြင်း ဖြစ်ပါတယ်။ အဲဒီအရာတွေကို ပြောင်းလဲပစ်ရပါမယ်” ဟု ဆာပေါလို မြူနီစီပယ် ဝန်ထမ်းတစ်ဦး ဖြစ်သူ ပတ်ချိတီက AFP သတင်းကို ပြောကြားသွားသည်။

မြေယာနှင့် ပင်စင်စနစ် ပြုပြင်ပြောင်းလဲပေးရန်၊ တစ်ပတ် အလုပ်ချိန် သတ်မှတ်ချက် လျှော့ချပေးရန် နှင့် အခြားသော ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများကို အဆင့် မြှင့်တင်ပေးရန် အလုပ်သမား သမဂ္ဂ များက တောင်းဆိုလိုက်သည်။

အလုပ်သမားများက ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သော်လည်း ရဲတပ်ဖွဲ့များက မျက်ရည်ယိုဗုံးများ အသုံးပြု လူစုခွဲခဲ့သည်။

လက်ရှိ ဖြစ်ပွားနေသော ဆန္ဒပြမှုများမှာ ပြီးခဲ့သည့်လတွင်း ဖြစ်ပွားခဲ့သည့် လူပေါင်း သန်းနှင့်ချီ ပါဝင်ခဲ့သည့် ဆန္ဒပြပွဲများအောက် ပမာဏ သေးငယ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ပညာရေး၊ ကျန်းမာရေးနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် ဝန်ဆောင်မှု မြှင့်တင်ပေးရန် ဘရာဇီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒပြမှုများ ဇွန်လအတွင်း ပေါ်ပေါက်လာခြင်းကြောင့် ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများတွင် ပြုပြင်ပြောင်းလဲမှုများနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ပေးမည် ဟု သမ္မတ ဒိုင်မာရုဖ်ဘက်ဖ်က ကတိပြုခဲ့သည်။

ထို့အပြင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ပြုလုပ်ပေးမည်ဟု သမ္မတက အဆိုပြုသော်လည်း လာမည့်နှစ် ရွေးကောက်ပွဲ မကျင်းပခင် အချိန်တွင်း ယင်းဖြစ်စဉ် ပေါ်ထွန်းရန် မဖြစ်နိုင်ကြောင်း လွှတ်တော်က မှတ်ချက်ပြု ထားသည်။

The Voice Weekly , RangonNewsDaily
ZawWinNaung(KTDA): 12.7.2013

0 comments:

Post a Comment