Pages

Saturday, July 13, 2013

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ၀န်ကြီးများအိမ်ယာ တွင် ရွှေအုန်းသီး-မောင်မောင် ဆိုသူ အဘယ်ကြောင့် ၀င်ထွက်ခွင့်ရနေပါသနည်း?

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက် တွင် တည်ရှိသော စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ
အဖွဲ့ လွှတ်တော်ဝန်ကြီးများအိမ်ယာ၏ အနောက်ဘက်တွင် ဂိတ်တံခါးပေါက်(၂)ပေါက်ရှိပြီး တစ်ပေါက်မှာ
ဝန်ကြီးချုပ်တစ်ဦးသာလျှင် ၀င်ခွင့် ထွက်ခွင့် ပြုလုပ်ရပြီး ကျန်ရှိသော လွှတ်တော် ဥက္ကဌ လွှတ်တော် ဒုဥက္ကဌ
 နှင့် တိုင်းဒေသကြီး ၀န်ကြီးများအားလုံး အ၀င်အထွက် ပြုလုပ်ခွင့် မရရှိကြောင်း ကျန်တစ်ပေါက်မှသာ အား
လုံးဝင်ထွက်ခွင့်ပြုလုပ် ခွင့်ပေးထားကြောင်းသိရပါသည်။
မည်သူတစ်ဦးတစ်ယောက်ကိုမျှ ပေး၍အ၀င်အထွက် ပြုလုပ်ခွင့် ပေးမထားပါဘူးဟု ဆိုပါသော်လည်းဝန်ကြီး
ချုပ် ကျေးဇူးမကင်းသူ မုံရွာမြို့မိ မြို့ဖ အမည်ခံ ခရိုနီ ရွှေအုန်းသီး-မောင်မောင် ဆိုသူကိုတော့ ၀န်ကြီးချုပ်အ
ဝင်အထွက်ပြုလုပ်သော ဂိတ်ပေါက် တံခါးမှ အ၀င်အထွက် ပြုလုပ်ခွင့် ပေးထားကြောင်းလည်း သိရ ပါသည်။

"တစ်ကယ်တန်းဆိုရင် စစ်ကိုင်းတိုင်းဒေသကြီးမှာ လွှတ်တော် ဥက္ကဌ ဆိုသူ က အမြင့်ဆုံးပါ အခုလိုမျိုးတွေ လုပ်နေတာက ဘယ်လိုမှ မသင့်လျှော်တဲ့ ကိစ္စရပ်ကြီးတစ်ခုပါ ။

တစ်နိုင်ငံလုံးမှာရှိတဲ့ လွှတ်တော်တွေထဲမှာ စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော်လောက် စုပ်ပြတ်သပ်နေတဲ့ လွှတ်တော် မရှိပါဘူး။

လွှတ်တော် အစည်းအဝေးတွေကျင်းပနေပြီဆိုရင်လည်း လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ တင်ပြမဲ့ အ

ချက်အလက်တွေကို ၀န်ကြီးချုပ်ရဲ့ခွင့်ပြုချက်ရမှသာ တင်ပြခွင့်ရကြပါတယ်။ လွှတ်တော်အစည်း အဝေး မစ
ခင်မှာ ၀န်ကြီးချုပ်က လွှတ်တော်ကိုယ်စားလှယ်တွေကို မင်းက ဘာတင်မှာလည်း အဲဒါမတင်နဲ့ မတင်ရဘူး
ဆိုပြီး ဆဲရေးတိုင်ထွာတာပြုလုပ် နေကြောင်းလဲသိရပါသည်။

Monywa Times , RangonNewsDaily
ZawWinNaung(KTDA): 12.7.2013

0 comments:

Post a Comment