Pages

Saturday, July 13, 2013

အာဇာနည်နေ့ တို့မမေ့မှသည်

Photo: အာဇာနည်နေ့ တို့မမေ့မှသည်
Saturday, 13 July 2013

အာဇာနည်ကြီးများ နိုင်ငံအတွက် အသက် စွန့်လွှတ်သွားသည့် နေ့သို့ (၆၆) ကြိမ်မြောက် ရောက်ကာ ၆၆ နှစ် တိုင်ခဲ့ပြီ။ လွတ်လပ်ရေးရအောင် သူတို့ အသက်စွန့် ကြိုးပမ်းသွားကြသည့် နိုင်ငံကား ပေါက်ပေါက်မြောက်မြောက် မရှိလှသေး။

အာဇာနည်ကြီးများသာ တမလွန်မှ လှမ်းမျှော် ကြည့်နိုင်လျှင်၊ လူပြန်ဖြစ်ပြီး ယခင်ဘဝကို မြင်နိုင်လျှင် သူတို့ တစ်စက်ကလေးမှ စိတ်ချမ်းသာကြမည် မဟုတ်။ သူတို့ လွတ်လပ်ရေးကို အရယူပေးခဲ့သည်မှာ ရာစုနှစ် ထက်ဝက်ပင် ၁၅ နှစ် စွန်းပြီ။ မြန်မာတို့ကား ဒုံရင်း ဒုံရင်း၊ မဖြစ်မြောက်။

အာဇာနည်ကြီးများသည် နိုင်ငံအတွက် အရာရာကို စွန့်လွှတ်ထားကြ သူများ ဖြစ်သည့်အတိုင်း လွတ်လပ်ရေးအတွက် ပေးဆပ်ရသည့် အဖိုးအ ခအဖြစ် သူတို့ အသက် ဆုံးရှုံးသည်ကို တစ်စက် ကလေးမျှ နှမြောကြမည် မဟုတ်။ သူတို့ အနစ်နာခံခဲ့သလောက် မြန်မာနိုင်ငံ ခရီးမရောက်သည်ကို သိလျှင်သာ ရင်ထုမနာ ဖြစ်ကြရလိမ့်မည်။

အင်္ဂလိပ် လက်အောက်ခံ ကျွန်ဘဝတွင် မနေချင်သောကြောင့်အ သက် သွေးချွေး ရင်းနှီးပြီး တိုက် ခဲ့ ရသော သူတို့သည် “အင်္ဂလိပ်လက်
အောက် နေတာမှ မင်းတို့ ပိုကောင်းဦးမယ်ကွာ၊ ကိုယ့်ဘာသာ ကိုယ် လည်း နေရရော အချင်းချင်း သတ်ကြ ဖြတ်ကြရော။ မစီမံတတ် မအုပ်ချုပ် တတ်နဲ့၊ ကျွန်ဘဝနဲ့ပဲ မင်းတို့ တန်တယ်” ဟူသော သွားပုပ်လေလွင့် ဝေဖန် ချက်များကို ကြားရလျှင် မခံချင်သော်လည်း ချေပရန် ခက်သောကြောင့် နာလိုခံခက် ဖြစ်ကြရမည်။

အာဇာနည်နေ့ ရောက်တိုင်း ရောက်တိုင်း ကျွန်တော်တို့တစ်တွေ စိတ်လှုပ်ရှားကြ၊ သတိရ အောက်မေ့ ကြသည်။ အထူးသဖြင့် ယခုနှစ်တွင် အာဇာနည်နေ့ အကြို လှုပ်ရှားမှုများသည် အားကောင်းမောင်းသန် ရှိလှသည်။သို့သော် မြန်မာပြည်သည် အာဇာနည်ကြီးများကို လက်တွေ့ ကျေးဇူးဆပ်ရန် ယခုထက် ပိုအားထုတ်ရဦးမည်။ 

အာဇာနည်နေ့ ဖြစ်ပေါ်လာခဲ့သည်မှာ နှစ်ပေါင်း လရှည် ကြာခဲ့ ပြီဖြစ်သော်လည်း ယနေ့တိုင် ကျွန်တော်တို့သည် သူတကာနောက် တွင် အောက်တန်း နောက်တန်း ကျနေဆဲ။ ဖွံ့ဖြိုးမှု အဆင့်အတန်းကို တိုင်းတာသည့် ဖွံ့ဖြိုးရေး ညွှန်းကိန်း အများအပြား တွင် မြန်မာနိုင်ငံ သည် နောက်မှ ရေတွက်လျှင် ထိပ်ဆုံးနားတွင် ရှိသည်။ ဖွံ့ဖြိုးမှု အနိမ့် ဆုံး နိုင်ငံများ (least developed countries) (ဝါ)အဆင်းရဲဆုံးများထဲတွင် တစ်နိုင်ငံ အပါအဝင်ဖြစ်သည်မှာ နှစ် ၃၀ ခန့် ရှိခဲ့ပြီ။

ပိုပြီး အခံရ ခက်စေသည်မှာ နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ရန် အခြေအနေကောင်းများ ရှိသော်လည်း နိုင်ငံ ချမ်းသာကာ တိုင်းသူပြည်သားတို့ဆင်းရဲနေကြခြင်း။ ရှေ့သို့တက်ရန် နေနေသာသာ နောက်သို့ ပြန်လျှောကျရင်း လျှောကျရင်း အောက်တန်း နောက်တန်း ရောက်ခဲ့ကာ ဘေးပတ်ဝန်းကျင်မှ မိမိနှင့် အခြေအနေတူ၊ အခြေအနေလျော့ နိုင်ငံများ အသီးသီး အထက် ကျော်တက်သွားကြသည်။ ၁၉၆၀ လောက်က ပိန်မသာ လိမ်မသာ တောင်ကိုရီးယား အိပ်မက်ပင် မမက်ဝံ့အောင် ခပ်ဝေးဝေး သို့ ရောက် သွားပြီ။ ၁၉၉၀ ခန့်က ဘဝတူ ဗီယက်နမ်နှင့် နှစ်၂၀ ခန့်အတွင်း ကြာလေ ကွာလေ။

အာဇာနည်ကြီးများ ကျဆုံးစဉ်က တစ်နိုင်ငံလုံး ကြိမ်မီးအုံးတမျှ ပူဆွေး ခဲ့ကြသည်။ တဖျစ် တောက် တောက်၊ ဒေါသ အမျက် ခြောင်းခြောင်းထွက်၊ အားကိုးရာမဲ့ ခံစားရသူက တစ်မျိုး၊ ငိုပွဲဆင်ကြသူက အများအပြား ဖြစ် ခဲ့ကြသည်။ သို့သော် သူတို့ ဆုံးပါးပြီး ဘာမျှပင် မကြာလိုက် အချင်းချင်း ချပွဲကြီး ဆင်လိုက်ကြသည်မှာ တစ်နိုင်ငံလုံး ပြည်တွင်းစစ် နွံထဲသို့ ကျဆင်းခဲ့သည်။

မြန်မာတို့ အချင်းချင်း ချကြသည့်နေ့ကို အမှတ်တရ မှတ်တမ်းတင် မထားကြသော်လည်း တကယ် တမ်း ရှိသာရှိလျှင် အာဇာနည်နေ့နှင့် ဖွားဖက်တော်အဖြစ် ၆၆ နှစ် အရွယ် ရှိလိမ့်မည်။ ဂုဏ်ယူစရာ မကောင်းလှသည့် ဂုဏ်ယူစရာအဖြစ် ကမ္ဘာပေါ်တွင် သက်တမ်း အရှည်ဆုံး ပြည်တွင်းစစ် ပိုင်ဆိုင် ထားသည်။ ငြိမ်းချမ်းရေး အခြေအနေကောင်းများ ပေါ်ထွန်းနေပြီ ဖြစ်သော်လည်း အဆုံးသတ်ရန် အားကုန် တွန်းရဦးမည်။

အာဇာနည်နေ့သည် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျဆုံးသွားသော ခေါင်း
ဆောင်ကြီးများကို အစွဲပြု ထားသောနေ့ ဖြစ်သော်လည်း ထိုနေ့မတိုင်မီ ပင် နိုင်ငံအတွက် အသက် သွေးချွေး စွန့်လွှတ် စွန့်စား သွားခဲ့သော တိုင်းသူပြည်သား အပေါင်းတို့ကို ဂုဏ်ပြုခြင်းဖြစ်သည်။ မည်သူမည်ဝါ မည်သို့ စွမ်းဆောင် စွန့်လွှတ်ခဲ့သည်ကို သိနိုင်ရန်၊ ခရေစေ့တွင်းကျ မှတ်တမ်းတင်ရန် မဖြစ်နိုင်သော်လည်း အညတရ မှတ်တမ်းမဝင်သူ အားလုံး၏ ကြိုးပမ်းမှုကြောင့် လွတ်လပ်ရေးရခဲ့ခြင်း ဖြစ်သည့်အတွက် သူတို့အားလုံး သည် ဂုဏ်ပြုထိုက်သူများ ဖြစ်သည်။

နိုင်ငံအတွက် စွန့်လွှတ် စွန့်စားခဲ့သူများ၏ အဖြစ်ချင်ဆုံး ဆန္ဒကို အကောင်အထည်ဖော်ခြင်းသည် သူတို့ကို အကောင်းဆုံး ဂုဏ်ပြုခြင်းဖြစ်သည်။ အလားအလာကောင်းများ ပေါ်ထွန်းနေပြီ ဖြစ်သည့် အတွက် ထိုအခွင့်အရေးများကို အသုံးချကာ နိုင်ငံ ရှေ့ရောက်အောင် ဝိုင်းတွန်းကြရန် လိုသည်။ ခေတ်သစ် သမိုင်းတစ်လျှောက်လုံး သူတစ်လူ ငါတစ်မင်းခဲ့ရာမှ ခြားနားချက်များကို ယခုတစ်ကြိမ်တွင် အသာဘေးချကာ လက်ချင်းယှက် လိုက်စေလိုသည်။ လသာတုန်း ဗိုင်းမငင်လိုက် လျှင် နောင်ယခု ကဲ့သို့ အခွင့်အရေးမျိုး ပြန်ရတော့မည် မဟုတ်။

နိုင်ငံနှင့် ချီသော အလုပ်များ မလုပ်နိုင်၊ မလုပ်ဖြစ်လျှင်လည်း စိတ်ပျက်ရန် မလို။ မိမိကိုယ်ကို တိုးတက်အောင် ကြိုးစား၊ မိမိ ပတ်ဝန်းကျင်ကို အ ကျိုးပြုနိုင်လျှင် အာဇာနည်ကြီးများ ဆန္ဒအတိုင်း လုပ်ဆောင်ခြင်းဖြစ်သည်။

မနက်ဖြန် သန်ဘက်ခါ နိုင်ငံရေး ဝင်လုပ်ရန် မလို၊ ရွေးကောက်ပွဲဝင်ရန် မလိုပါ။ လုပ်လက်စ အလုပ် ကိုပင် မနေ့ကထက် ပိုကောင်းအောင် လုပ်ကြပါက အရည်အသွေး တိုးတက်လာမည်။ မိမိကဲ့သို့ ကြိုးကုတ် အားထုတ်သူများ သောင်းနှင့် သိန်းနှင့် ချီလာလျှင် သက်ဆိုင်ရာ နယ်ပယ်တိုင်းတွင် တစ်ဆင့်ပြီး တစ်ဆင့် တက်လာမည်။ယင်းသည် နိုင်ငံ တိုးတက်ခြင်း ဖြစ်သည်။နိုင်ငံ ကမ္ဘာ့အလယ် တွင် ဝင့်ဝင့်ထည် ထည် နေနိုင်ရေးသည် အာဇာနည်ကြီးများ၏ ဆန္ဒပင် ဖြစ်သောကြောင့် အာဇာနည် ကြီးများ ဝမ်းမြောက်လိမ့်မည်။

အာဇာနည်နေ့ကို အကောင်းဆုံး ဆင်နွှဲသည့်နည်းမှာ ကိုယ့်အလုပ် ကိုယ်ကောင်းသည်ထက် ကောင်းအောင် လုပ်ရန်သာ ဖြစ် သည်။ နိုင်ငံရေး သမား၊ ပြည်သူ့ဝန်ထမ်း၊ အစိုးရ၊ တောင်သူ၊ ကျောင်းသား စသည်ဖြင့် ကိုယ့် တာ ကိုယ်လုံအောင် လုပ်ဆောင်ကြလျှင် အာဇာနည်နေ့ကို အကောင်း ဆုံး ဂုဏ်ပြုခြင်း မည်ပေသည်။

အာဇာနည်နေ့သည် မြန်မာနိုင်ငံ တိုးတက်ခြင်းကို ပြသော ပြဒါးတိုင် ဖြစ်သင့် သည်။ (၆၇) နှစ်မြောက် အာဇာနည်နေ့ မြန်မာနိုင်ငံ အခြေအနေသည် (၆၆) နှစ်မြောက် အာဇာနည်နေ့ထက် သာရမည်။ ထို့အတူ ၆၈ သည် ၆၇ ထက်၊ ၆၉ သည် ၆၈ ထက် တစ်ဆင့်ပြီး တစ်ဆင့် တိုးတက်သည်ထက် တိုးတက်သွားရမည်။

ထိုသို့ စတင်ရန် ၂၀၁၃ ခုနှစ် (၆၆) နှစ်မြောက် အာဇာနည်နေ့သည် အသင့်လျော်ဆုံး ဖြစ်သည်။

ဇယ်သူ
The Voice Weekly

Saturday, 13 July 2013

အာဇာနည်ကြီးများ နိုင်ငံအတွက် အသက် စွန့်လွှတ်သွားသည့် နေ့သို့ (၆၆) ကြိမ်မြောက် ရောက်ကာ ၆၆ နှစ် တိုင်ခဲ့ပြီ။ လွတ်လပ်ရေးရအောင် သူတို့ အသက်စွန့် ကြိုးပမ်းသွားကြသည့် နိုင်ငံကား ပေါက်ပေါက်မြောက်
မြောက် မရှိလှသေး။ အာဇာနည်ကြီးများသာ တမလွန်မှ လှမ်းမျှော် ကြည့်နိုင်လျှင်၊ လူပြန်ဖြစ်ပြီး ယခင်ဘဝကို မြင်နိုင်လျှင် သူတို့ တစ်စက်ကလေးမှ စိတ်ချမ်းသာကြမည် မဟုတ်။သူတို့လွတ်လပ်ရေးကို အရယူပေးခဲ့သည်မှာ ရာစုနှစ် ထက်
ဝက်ပင် ၁၅ နှစ် စွန်းပြီ။ မြန်မာတို့ကား ဒုံရင်း ဒုံရင်း၊ မဖြစ်မြောက်။

အာဇာနည်ကြီးများသည် နိုင်ငံအတွက် အရာရာကို စွန့်လွှတ်ထားကြသူများ ဖြစ်သည့်အတိုင်းလွတ်လပ်ရေး
အတွက် ပေးဆပ်ရသည့် အဖိုးအ ခအဖြစ် သူတို့ အသက် ဆုံးရှုံးသည်ကို တစ်စက် ကလေးမျှ နှမြောကြမည် မဟုတ်။ သူတို့ အနစ်နာခံခဲ့သလောက် မြန်မာနိုင်ငံ ခရီးမရောက်သည်ကို သိလျှင်သာ ရင်ထုမနာ ဖြစ်ကြရ
လိမ့်မည်။

အင်္ဂလိပ် လက်အောက်ခံ ကျွန်ဘဝတွင် မနေချင်သောကြောင့်အ သက် သွေးချွေး ရင်းနှီးပြီး တိုက် ခဲ့ ရသော သူတို့သည် “အင်္ဂလိပ်လက်အောက် နေတာမှမင်းတို့ပိုကောင်းဦးမယ်ကွာ၊ကိုယ့်ဘာသာ ကိုယ် လည်း နေရ
ရာ အချင်းချင်း သတ်ကြ ဖြတ်ကြရော။ မစီမံတတ် မအုပ်ချုပ် တတ်နဲ့၊ ကျွန်ဘဝနဲ့ပဲ မင်းတို့ တန်တယ်” ဟူ
သော သွားပုပ်လေလွင့် ဝေဖန် ချက်များကို ကြားရလျှင် မခံချင်သော်လည်း ချေပရန် ခက်သောကြောင့် နာ
လိုခံခက် ဖြစ်ကြရမည်။

အာဇာနည်နေ့ ရောက်တိုင်း ရောက်တိုင်း ကျွန်တော်တို့တစ်တွေ စိတ်လှုပ်ရှားကြ၊ သတိရ အောက်မေ့ ကြ
သည်။ အထူးသဖြင့် ယခုနှစ်တွင် အာဇာနည်နေ့ အကြို လှုပ်ရှားမှုများသည် အားကောင်းမောင်းသန် ရှိလှ
သည်။သို့သော် မြန်မာပြည်သည် အာဇာနည်ကြီးများကို လက်တွေ့ ကျေးဇူးဆပ်ရန် ယခုထက် ပိုအားထုတ်
ရဦးမည်။

အာဇာနည်နေ့ ဖြစ်ပေါ်လာခဲ့သည်မှာ နှစ်ပေါင်း လရှည် ကြာခဲ့ ပြီဖြစ်သော်လည်း ယနေ့တိုင် ကျွန်တော်တို
့သည် သူတကာနောက် တွင် အောက်တန်း နောက်တန်းကျနေဆဲ။ဖွံ့ဖြိုးမှုအဆင့်အတန်းကိုတိုင်းတာသည့်
ဖွံ့ဖြိုးရေး ညွှန်းကိန်း အများအပြား တွင် မြန်မာနိုင်ငံ သည် နောက်မှ ရေတွက်လျှင် ထိပ်ဆုံးနားတွင် ရှိသည်။ ဖွံ့ဖြိုးမှုအနိမ့်ဆုံး နိုင်ငံများ (least developed countries)(ဝါ)အဆင်းရဲဆုံးများထဲတွင် တစ်နိုင်ငံ အပါအဝင်ဖြစ်
သည်မှာ နှစ် ၃၀ ခန့် ရှိခဲ့ပြီ။

ပိုပြီး အခံရ ခက်စေသည်မှာ နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ရန် အခြေအနေကောင်းများ ရှိသော်လည်း နိုင်ငံ ချမ်း
သာကာတိုင်းသူပြည်သားတို့ဆင်းရဲနေကြခြင်း။ ရှေ့သို့တက်ရန် နေနေသာသာ နောက်သို့ ပြန်လျှောကျရင်း
လျှောကျရင်း အောက်တန်း နောက်တန်း ရောက်ခဲ့ကာ ဘေးပတ်ဝန်းကျင်မှ မိမိနှင့် အခြေအနေတူ၊ အခြေ
အနေလျော့ နိုင်ငံများအသီးသီးအထက် ကျော်တက်သွားကြသည်။၁၉၆၀ လောက်က ပိန်မသာ လိမ်မသာ
တောင်ကိုရီးယား အိပ်မက်ပင် မမက်ဝံ့အောင် ခပ်ဝေးဝေး သို့ ရောက် သွားပြီ။ ၁၉၉၀ ခန့်က ဘဝတူ ဗီယက်
နမ်နှင့် နှစ်၂၀ ခန့်အတွင်း ကြာလေ ကွာလေ။

အာဇာနည်ကြီးများကျဆုံးစဉ်ကတစ်နိုင်ငံလုံးကြိမ်မီးအုံးတမျှပူဆွေးခဲ့ကြသည်။တဖျစ် တောက် တောက်၊ ဒေါ
သအမျက် ခြောင်းခြောင်းထွက်၊အားကိုးရာမဲ့ ခံစားရသူက တစ်မျိုး၊ ငိုပွဲဆင်ကြသူက အများအပြား ဖြစ် ခဲ့ကြ
သည်။ သို့သော် သူတို့ ဆုံးပါးပြီး ဘာမျှပင် မကြာလိုက် အချင်းချင်း ချပွဲကြီး ဆင်လိုက်ကြသည်မှာ တစ်နိုင်ငံ
လုံး ပြည်တွင်းစစ် နွံထဲသို့ ကျဆင်းခဲ့သည်။

မြန်မာတို့ အချင်းချင်း ချကြသည့်နေ့ကို အမှတ်တရမှတ်တမ်းတင်မထားကြသော်လည်းတကယ်တမ်းရှိသာ
ရှိလျှင် အာဇာနည်နေ့နှင့် ဖွားဖက်တော်အဖြစ် ၆၆ နှစ် အရွယ် ရှိလိမ့်မည်။ ဂုဏ်ယူစရာ မကောင်းလှသည့်
ဂုဏ်ယူစရာအဖြစ် ကမ္ဘာပေါ်တွင် သက်တမ်း အရှည်ဆုံး ပြည်တွင်းစစ် ပိုင်ဆိုင် ထားသည်။ ငြိမ်းချမ်းရေး 
အခြေအနေကောင်းများ ပေါ်ထွန်းနေပြီ ဖြစ်သော်လည်း အဆုံးသတ်ရန် အားကုန် တွန်းရဦးမည်။

အာဇာနည်နေ့သည်ဇူလိုင်လ၁၉ ရက်နေ့တွင်ကျဆုံးသွားသော ခေါင်းဆောင်ကြီးများကို အစွဲပြု ထားသော
နေ့ ဖြစ်သော်လည်း ထိုနေ့မတိုင်မီ ပင် နိုင်ငံအတွက် အသက် သွေးချွေး စွန့်လွှတ် စွန့်စား သွားခဲ့သော တိုင်း
သူပြည်သား အပေါင်းတို့ကို ဂုဏ်ပြုခြင်းဖြစ်သည်။ မည်သူမည်ဝါ မည်သို့ စွမ်းဆောင် စွန့်လွှတ်ခဲ့သည်ကို သိ
နိုင်ရန်၊ ခရေစေ့တွင်းကျ မှတ်တမ်းတင်ရန် မဖြစ်နိုင်သော်လည်း အညတရ မှတ်တမ်းမဝင်သူ အားလုံး၏ ကြိုးပမ်းမှုကြောင့် လွတ်လပ်ရေးရခဲ့ခြင်း ဖြစ်သည့်အတွက် သူတို့အားလုံး သည် ဂုဏ်ပြုထိုက်သူများ ဖြစ်
သည်။

နိုင်ငံအတွက် စွန့်လွှတ် စွန့်စားခဲ့သူများ၏ အဖြစ်ချင်ဆုံး ဆန္ဒကို အကောင်အထည်ဖော်ခြင်းသည် သူတို့ကို အကောင်းဆုံး ဂုဏ်ပြုခြင်းဖြစ်သည်။ အလားအလာကောင်းများ ပေါ်ထွန်းနေပြီ ဖြစ်သည့် အတွက် ထိုအခွင့်
အရေးများကိုအသုံးချကာ နိုင်ငံ ရှေ့ရောက်အောင်ဝိုင်းတွန်းကြရန်လိုသည်။ ခေတ်သစ်သမိုင်းတစ်လျှောက်
လုံး သူတစ်လူ ငါတစ်မင်းခဲ့ရာမှ ခြားနားချက်များကို ယခုတစ်ကြိမ်တွင် အသာဘေးချကာ လက်ချင်းယှက် လိုက်စေလိုသည်။ လသာတုန်း ဗိုင်းမငင်လိုက် လျှင် နောင်ယခု ကဲ့သို့ အခွင့်အရေးမျိုး ပြန်ရတော့မည် မ
ဟုတ်။

နိုင်ငံနှင့် ချီသောအလုပ်များမလုပ်နိုင်၊မလုပ်ဖြစ်လျှင်လည်း စိတ်ပျက်ရန် မလို။ မိမိကိုယ်ကို တိုးတက်အောင်
 ကြိုးစား၊ မိမိ ပတ်ဝန်းကျင်ကို အ ကျိုးပြုနိုင်လျှင် အာဇာနည်ကြီးများ ဆန္ဒအတိုင်း လုပ်ဆောင်ခြင်းဖြစ်သည်။

မနက်ဖြန် သန်ဘက်ခါ နိုင်ငံရေး ဝင်လုပ်ရန် မလို၊ ရွေးကောက်ပွဲဝင်ရန် မလိုပါ။ လုပ်လက်စ အလုပ် ကိုပင် မနေ့ကထက်ပိုကောင်းအောင်လုပ်ကြပါကအရည်အသွေး တိုးတက်လာမည်။ မိမိကဲ့သို့ ကြိုးကုတ်အားထုတ်
သူများ သောင်းနှင့် သိန်းနှင့် ချီလာလျှင် သက်ဆိုင်ရာ နယ်ပယ်တိုင်းတွင် တစ်ဆင့်ပြီး တစ်ဆင့် တက်လာ
မည်။ယင်းသည် နိုင်ငံ တိုးတက်ခြင်း ဖြစ်သည်။နိုင်ငံ ကမ္ဘာ့အလယ် တွင် ဝင့်ဝင့်ထည် ထည် နေနိုင်ရေးသည် အာဇာနည်ကြီးများ၏ ဆန္ဒပင် ဖြစ်သောကြောင့် အာဇာနည် ကြီးများ ဝမ်းမြောက်လိမ့်မည်။

အာဇာနည်နေ့ကို အကောင်းဆုံး ဆင်နွှဲသည့်နည်းမှာ ကိုယ့်အလုပ် ကိုယ်ကောင်းသည်ထက် ကောင်းအောင် လုပ်ရန်သာ ဖြစ်သည်။ နိုင်ငံရေးသမား၊ ပြည်သူ့ဝန်ထမ်း၊ အစိုးရ၊ တောင်သူ၊ ကျောင်းသား စသည်ဖြင့် ကိုယ့် 
တာ ကိုယ်လုံအောင် လုပ်ဆောင်ကြလျှင် အာဇာနည်နေ့ကို အကောင်း ဆုံး ဂုဏ်ပြုခြင်း မည်ပေသည်။

အာဇာနည်နေ့သည် မြန်မာနိုင်ငံ တိုးတက်ခြင်းကို ပြသော ပြဒါးတိုင် ဖြစ်သင့် သည်။ (၆၇) နှစ်မြောက် အာ
ဇာနည်နေ့ မြန်မာနိုင်ငံ အခြေအနေသည် (၆၆) နှစ်မြောက် အာဇာနည်နေ့ထက် သာရမည်။ ထို့အတူ ၆၈ သည် ၆၇ ထက်၊ ၆၉ သည် ၆၈ ထက် တစ်ဆင့်ပြီး တစ်ဆင့် တိုးတက်သည်ထက် တိုးတက်သွားရမည်။

ထိုသို့ စတင်ရန် ၂၀၁၃ ခုနှစ် (၆၆) နှစ်မြောက် အာဇာနည်နေ့သည် အသင့်လျော်ဆုံး ဖြစ်သည်။

ဇယ်သူ
The Voice Weekly , RangonNewsDaily
ZawWinNaung(KTDA): 12.7.2013

0 comments:

Post a Comment