Pages

Sunday, July 14, 2013

နေပြည်တော်မှ မန္တလေး အမြန်လမ်းပေါ် ယာဉ်မှောက်မှုကြောင့် အဆိုတော် ဆိုတေး ဇနီးကွယ်လွန်


14-7-2013
ယနေ့ ၁၄ ၇ ၂၀၁၃ နေ့လည် ၁၂နာရီ၃၀တွင် အဆိုတော် ဆိုတေး၏ ကားသည်နေပြည်တော်မှ မန္တေးသို့ 
အသွား မိုင်တိုင်အမှတ် ၂၉၁/၃၄ ကြားတွင်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ဆိုတေး၏ ဇနီး ဖြစ်သူ ဒေါ်
ချောချော သေဆုံးသွားခဲ့ကြောင်းသတင်း၇ရှိသည်။ထိုအပြင် ဆိုတေးနှင့်ဇနီးအပါအ၀င် လေးဦးအား မိထ္တီလာဆေးရုံသို့ ပို့ဆောင်ထားပြီး စိုးရိမ်ရသည့် အခြေ
အနေရှိကြောင်းနေပြည်တော် အမြန်လမ်းရဲမှူးကြီး ဦးနေ၀င်းကပြောကြားသည်။
အဆိုတော် ဆိုတေး ယာဉ်တိမ်းမှောက်မှု နောက်ဆုံး အခြေအနေ

သေမင်းတမန်လမ်းဟု ကျော်ဇောနေသောရန်ကုန် - မန္တလေးအမြန်လမ်းပေါ်တွင်မိတ္ထီလာအနီး
မိုင်တိုင်အမှတ် ၂၉၁/၃ အနီးတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ကားပေါ်တွင် လူလေးဦးလိုက်ပါလာရာ ကျန်နှစ်ဦး မစိုးရိမ်ရသော်လည်းဆိုတေးဇနီး မချောချောမှာ
မိတ္ထီလာဆေးရုံတွင် ကွယ်လွန်သွားခဲ့သည်။

ဆိုတေးမှာ ဦးခေါင်းတွင် ပြင်းထန်စွာထိခိုက်ထားပြီးယခုထိသတိမလည်သေးသဖြင့် အခြေအနေ
မကောင်း၍ မိတ္ထီလာဆေးရုံမှ မန္တလေးဆေးရုံသို့ ပို့လိုက်ကြောင်းသိရသည်။

ညနေ ၃နာရီခွဲတွင် မန္တလေးဆေးရုံကြီးရောက်ရှိလာပြီဖြစ်သော်လည်းအဆိုတော်ဆိုတေးရဲ့အခြေ
အနေ စိုးရိမ်ရဆဲဖြစ်သည်။
ယဉ်မောင်းဖြစ်သူမှာ ခြေနှင့် လက် ကျိုး ဒဏ်ရာများရရှိခဲ့ပြီး ကျန်ခရီးသည်တစ်ဦး၏ အခြေအနေကိုမူ သတင်းအတိအကျ မရရှိသေးပါ။ 
ယင်းအမှုအား သီးကုန်းရဲစခန်းမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။
အဆိုတော်ဆိုတေးသည် ဖိုးချစ်ဇာတ်အဖွဲ့တွင် သီချင်းသီဆိုရန်အတွက် ခရီးထွက်ခွာခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
RangonNewsDaily
ZawWinNaung(KTDA): 14.7.2013

0 comments:

Post a Comment