Pages

Sunday, July 14, 2013

၆၆ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ တွင်ကျင်းပ


ဇွန်လ ၁၄၊ ၂၀၁၃

ကွာလာလမ်ပူ ။ ။ အာဇာနည်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲတစ်ရပ်ကို မလေးရှားနိုင်ငံ ကွာလာလမ်
ပူမြို့၌ ယနေ့ ဇူလိုင်လ ၁၄-ရက် နေ့လည် ၁၂-နာရီမှ ၅း၃၀ နာရီအထိ ပြုလုပ်လျက်ရှိပါသည်။ အာဇာနည်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲတွင် ဒေါ်သန်းမြင့်အောင်(ရန်ကုန် - နာရေးကူညီမှုအသင်း၊ ဒု-ဥက္ကဌ)မှ အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းသောလူ့ဘောင်၊ ၈၈-မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်
လင်းလူ့အဖွဲ့အစည်းမှကိုမင်းကိုနိုင်မှ နောက်ဆုံးခံတပ်နှင့်ကိုဂျင်မီမှ ပညာတန်ခိုးနှင့် ပရဟိတလူမျိုး ခေါင်း
စဉ်များဖြင့် ဟောပြောကြကြောင်း သိရသည်။

ဟောပြောပွဲသို့ မလေးရှားနိုင်ငံရောက် လူမျိုးပေါင်းစုံ ၊ ဘာသာပေါင်းစုံမှ မြန်မာနိုင်ငံသားများ တက်ရောက်
ခဲ့ကြကြောင်း သတင်းရရှိပါသည်။

အဆိုပါ ဟောပြောပွဲအား နှလုံးလှပရဟိတလူငယ်များ သွေးလှူရှင်အဖွဲ့ရံပုံငွေအဖြစ် ပြုလုပ်ခြင်းဖြစ်ကြောင်း
သိရသည်။
 
M-Media , RangonNewsDaily
ZawWinNaung(KTDA): 14.7.2013
 

0 comments:

Post a Comment