Pages

Sunday, July 14, 2013

“ အဆိပ်ရှိဆုံးသော လု့အသုံးဆောင်ပစ္စည်း ထိပ်တန်းသုံးမျိုး ”


နေ့တိုင်း သုံးစွဲနေသောလူ သုံးကုန်ပစ္စည်းထဲမှာ ဘယ်အရာက အဆိပ်အရှိဆုံးလဲ ???
(၁) တစ်ခါသုံး တု
(၂) ရေနွေးဖြင့် ပြုတ်ပြီး ပြန်လည်အသုံးပြုသော တူ
(၃) စားသောက်ဆိုင်များတွင် အမြဲသုံးနေကြ အပုခံ ပလစ်စတိတ် အိတ်များ ဖြစ်ပါတယ်။

လေ့လာစမ်းသပ်နည်းက .........
ပထမဦးဆုံး တစ်ခါသုံးတုကို (500 cc) ရေအေးထဲမှာ ခဏစိမ်ထားလိုက်ပါထို့နောက် 80'C ရေကို အပုပေး
လိုက်ပီးနောက် အအေးခံထားလိုက်ပါ(ထို့နည်းအတိုင်း ဆယ်ခါ လောက် လုပ်လိုက်ပါ ။)

ထိုရေကို ပုဇွန်ထည့်မွေးထားသော ကန်သေး (ငါးကန်)ထဲထည့် လိုက်ပါ နှစ်နာရီကြာပီးနောက် ပုဇွန်က ဆန့်

တငင်ဖြစ်လာပီး တစ်တရက်အတွင်း သေဆုံးသွား၏ ။ ငါးရက်ကြာသော် ထိုပြုတ်ထားသော ရေက နေက်ကျိ
နေပီး အနံ့ဆိုးများ ထွက်လာ၏ ကန်ထဲမှ ပုဇွန်များ၏ အရိပ်အရောင်ကို လုံးဝမတွေ့ရပါ ။ပဲပင်ပေါက်ဖေါက် (ရေစိမ်ပီး ပေါက်တဲ့ အသီးအရွက်)တဲ့ထဲသို့ တုပြုတ်ပီးသား ရေကိုထည့်လိုက်ပါ နောက်ဆုံး ရလဒ်က သိပ်မ
ကွာခြားပါဘုး ငါးရက်အတွင်း အပင်က ခြောက်ကပ်ပီး သေဆုံးသွား၏ ။

ရေနဲ့ပြုတ်ပီးသား တု ကအဆိပ် ရှိတုန်းပါပဲ .........
ရေနဲ့ပြုတ်ပီးသား တုကိုထပ်ပီး ရေအသစ်နဲ့ ပြန်စိမ် နောက်ပထမနည်းအတိုင်း ဆယ်ခါလုပ်ပီး စိမ်ထားတဲ့

ရေအေးကို ပုဇွန်မွေးထားတဲ့ ကန်ထဲကိုထည့်လိုက်ပါ နှစ်ရက်အတွင်း သေသွားတာကိုတွေ့ရ၏ အဲဒါက တု
ကိုဆယ်ခါလောက် ပြုတ်ပီးသားရေက အဆိပ်ရှိနေသေးတာကို တွေ့ရတယ် ။ဆယ်ခါလောက် အထပ်ထပ် အခါခါ ရေစိမ်ထားပီးတဲ့ တုထဲမှ (sulfur dioxide ) ဆာလဖါဒိုင်အောက်ဆိုက် ကို ထွက်လာစေတယ် ။

ဆာလဖါဒိုင်အောက်ဆိုက်က အစွန်ချွတ်ဆေး ပိုးသတ်ဆေး အဖြစ်သုံးကြတယ် ။အကောင်းဆုံးကတော့တစ်

ခါသုံးတုကို မသုံးလျှင် ပိုကောင်းပါတယ်။ မသုံးမဖြစ် သုံးရရင်လဲရေနှင့် ပြုတ်ပီးမှ သုံးစေချင်တယ်။ဒါမှလဲအ
ဆိပ်က နည်းပါးနိင်ပါတယ်။

အဆိပ်မှာ တတိယ ရနေတာက အပုခံ ပလစ်စတိတ်ပါပဲ ။အပုနဲ့ထိတွေ့တဲ့အခါမှာ ပလစ်စတိတ်ထဲမှ bis

phenol A,နှင့်plasticizers ဆိုတဲ့ ဓါတ်ပေါင်းတွေ ထွက်လာတယ် (ကင်ဆာဖြစ်စေ၏)သုံးရက်အတွင်း ပုဇွန်
တွေ သေနေတာကို တွေ့ရတယ် ။

" တု နှင့် lymphadenoma (လင်ပါးသွေးကြောကြီးကင်ဆာ) "

(အပြင်စာ စားသုံးသူများ အထုးသတိပြု)လုတစ်ယောက်ရှိတယ် ဆေးလိပ်မသောက် အရက်မသောက် ကွမ်း

မစားပဲ oral cancer (ခံတွင်းပါးစပ် ကင်ဆာ) နဲ့ ဆုံးသွားတယ် သူက နေ့လည် ထမင်းစားပီးတိုင်းသွားကြားထိုး
တံကို ပါးစပ်ထဲမှာ အမြဲခဲထားလေ့ရှိတယ်။ ကြာကြာ ခဲထားတတ်၏ တော်တော်နဲ့ ထွေးမထုတ်ဘုး ။

တစ်နေ့ ပါးစပ်မှာ အပုဖုပေါက်နေသလို ပေါက်နေပီး ပြည်တယ်နေတာကို တွေ့ရပီး သွားတိုင်ရာ ဆေးခန်း

မှာ သွားပြတယ်။ဆရာဝန်က ကိစ္စမရှိပါဘုး ဆေးလိမ်းလိုက်ရင် ပျောက်သွားမယ်လို့ ပြောပါတယ်။ရက်တစ်
ပတ် ပီးတစ်ပတ် ကောင်းမလာတော့ဆရာဝန်က သေချာစစ်ဆေးကြည့်တော့ ကင်ဆာနောက်ဆုံးအဆင့်
ကို ရောက်နေတာကို တွေ့ရတော့ ဆေးရုံကြီးကို ညွှန်းလိုက်တယ် ။

နှစ်ကြိမ် ခွဲစိတ်ခံရပီး ကင်ဆာ အမြစ်ဖြတ်ဆေး (ဓါတ်ကင်) လုပ်ခဲ့သော်လည်း နောက်ဆုံး ကုမရပဲ ဆုံးသွား

တယ်။ သွားကြားထိုးတံနှင့်တစ်ခါသုံး တူများကိုကြာရှည်ပြီး ပါးစပ်မှာ ထိတွေ့နေသောကြောင့် မတော်တဆ ပါးစပ်မှာအနာလေးရှိ ခဲ့ရင် အန္တရယ်များပါတယ် လူတွေအတော်များများက လစ်လျှုရူ့ သတိမထားမိတာပါ တစ်ချို့သူတွေက အကျင့် ဖြစ်နေတာလဲ ပါတယ်။

အကောင်းဆူံးက မသုံးလျှင်ပိုကောင်းပါတယ် အစားစားပီးတိုင်း ပါးလုပ်ကျင်း သွားတိုက်ခြင်းဖြင့်လဲ ခံတွင်း
ကို သန့်ရှင်းစေတယ်။ ဘဝမှာ မမြင်နိင်တဲ့ လုသတ်သမားက အများကြီးပါ တတ်နိင်သလောက် ကာကွယ်
နိင်ရင်တော့ ကောင်းပါတယ် ။ ဘာကြောင့် ငါဖြစ်နေရတာလဲလို့ နောင်တမရစေနဲ့ ။ တူကို သုံးခါနီးမှာ
 ရေနွေးဖြင့် သုံးမိနစ်လောက် ရေစိမ်ကြည်လိုက်ပါ့အစွန်းချွတ်ဆေးတွေကို တွေ့မြင်ရပါလိမ့်မယ်...

သင့်ရဲ့ ကျန်းမာရေးအတွက် ကိုယ်တိုင်အသုံးပြုဖို့ စတီးတူကို အမြဲဆောင်ထားပါ။ ငွေမကုန် ကျန်းမာရေး

အတွက် အသင့်တယ်ဆုံးပါ ။ များသောအားဖြင့် တစ်ခါသုံးတူများက တရုတ် (Made in China) ဖြစ်ပါတယ် ။

တူတွေမှာ အများပြားဆုံးက မှိုတက်(ဖားဥ )နေတာကို တွေ့ရတယ် .။ တူလုပ်နေတဲ့ ပထမ အဆင့်က မပုတ်

သိုးတဲ့ ဆေးတစ်ထပ် ဒုတိယက အရောင်ချွတ်ဆေး (လှအောင် များများ ထည့်သုံးထား၏)အားလုံးက ကင်
ဆာဖြစ်စေတဲ့ (carcinogen) ကာဆီနိဂျင်ဖြစ်၏ ။ 

ဒါကြောင့်မို့ တစ်ခါသုံးတုနှင့် အပုခံပလက်စတိတ် သွားကြားထိုးတံများ သုံးခြင်းမှရှောင်စေချင်တယ် ......
............. ***** တကယ့်အဖြစ်တွေမို့ သူငယ်ချင်းတို့ကို သိစေချင်တယ် သယ်ချင်းတို့ အားလုံး ကျန်းမာ
ချမ်းသာ ပျော်ရွှင်ပါစေ ။

Copy from - satekuupuyar.blogspot

“ တစ်ခါသုံး ၀ါးတူများသည် အသည်းကင်ဆာ ဖြစ်နိုင်သည့်အတွက် မသုံးစွဲသင့်ဟုဆို ”

အလွယ်တကူ ရယူ သုံးစွဲနေကြသည့် တစ်ခါသုံး ၀ါးတူများသည် အသည်းကင်ဆာ ဖြစ်နိုင်သည့်အတွက် မ

သုံးစွဲ သင့်ကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းမှ အသင်းဝင် ဒေါ်ရီလွင်ကျော်ဇောက ၁၅-၃-၂၀၁၃ ရက်တွင် ပြောကြားသည်။

“ကျွန်မတို့ အသင်းက ပြည်သူတွေ စားသုံးဖို့ မသင့်တဲ့ အစားအသောက်တွေကို အမြဲ လေ့လာ စစ်ဆေးနေ

ပါသည်။ အခု နောက်ဆုံး စစ်ဆေး တွေ့ရှိချက်တွေအရဆိုရင် ၀ါးတူတွေမှာ မှိုတွေ ပေါက်လာတယ်ဆိုတာ
ကို တွေ့ရတယ်။ မြန်မာနိုင်ငံမှာ ၀ါးတူ တော်တော်များများက ပေါင်းမထားပါဘူး။ ၀ါးပင်ကို ခုတ်ပြီး ထွက်
လာတဲ့ ၀ါးကိုပဲ အဆင်ပြေသလို အချောသတ်ပြီး သုံးတာ ဖြစ်တယ်။ 

ဒီတော့ ငါးရက်လောက်ဆိုရင် မှိုတွေက မမြင်ရပေမယ့် ရှိနေပါပြီ။ ဒီတော့ မှိုပါတဲ့ တူကို သုံးမိတဲ့အတွက် မှို
တွေကိုစားသလို ဖြစ်သွားနိုင်တယ်။ အသည်းကင်ဆာတွေ ဖြစ်နိုင်တယ်။ တတ်နိုင်ရင် ၀ါးတူကို မသုံးဘဲ သစ်
သားတူ၊ စတီးတူတွေကိုပဲ သုံးသင့်တယ်။ ပလတ်စတစ်တူကျတော့ အပူနဲ့ တွေ့ရင် ကင်ဆာဖြစ်နိုင်တာတွေ ရှိတယ်။ ကျန်းမာရေးအတွက် ရှောင်သင့်တယ်” ဟု ယင်းက ပြောကြားသည်။

အခြား ပြည်ပနိုင်ငံများသည် ၀ါးများကို သေချာပေါင်းခံပြီးမှ ၀ါးတူဖြတ်စက်ထဲသို့ ထည့်လေ့ရှိပြီး ပြည်တွင်းမှ ၀ါးတူများသည် ပေါင်းခံခြင်း မရှိကြောင်း သိရသည်။ လက်ရှိ ဈေးကွက်တွင် သုံးနေသော တစ်ခါသုံး တူများ

သည် ဈေးကွက်သို့ ရောက်ရှိရန် အတွက် တူဖြစ်ပြီး ပါကင်ထုတ်ပြီး ၇ ရက်ခန့် အနည်းဆုံးကြာကာ အဆိုပါ အချိန်တွင် မှိုများသည် နှစ်ရက်သားခန့် ရှိပြီး ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ မှိုများသည် သေးငယ်ပြီး လူမျက်စိနှင့် မြင်နိုင်ရန် ၂၇ ရက် ကြာအောင် စောင့်ရကြောင်း သိရသည်။ ထို့ကြောင့် ဆေးလိပ်မသောက်၊ ကွမ်းမစား၊ အရက်မသောက်ဘဲ အသည်းကင်ဆာဖြစ်သူ ပမာဏ မြင့်တက်
လာခြင်းသည် ၀ါးတူ အသုံးပြုမှုကြောင့်လည်း ဖြစ်ကြောင်း သိရသည်။

(ပြည်မြန်မာ)
“ လွယ်ကူစွာ ဝယ်ယူ သုံးစွဲနေသော ဝါးတူ၏ အန္တာရာယ် ”

မြန်မာနိုင်ငံစားသောက်ကုန် ရောင်းချနေသည့် ဈေးဆိုင်များ၏၉၅ ရာခိုင်နှုန်းကျော် လောက်တွင်ကျယ်ပြန့်

စွာ သုံးစွဲနေသော တရုတ် အစားအစာနှင့် ယခုနောက်ပိုင်း ယိုးဒယား၊ ဂျပန်၊ ကိုရီးယား စားသောက်ဖွယ်ရာ၊ ရှမ်းစားစရာများ အားလုံးအတွက် စားသောက်ရာတွင် အသုံးပြုနေသော တစ်ခါသုံး ဝါးတူ (Chopsticks) သုံး
စွဲခြင်းကြောင့် ကူးစက်ရောဂါ ကင်းစင် နိုင်တယ်။

စားသောက်မှုအတွက်အန္တရာယ် ကင်းတယ်လို့ ယူဆလာကြ ရာကနေ တစ်နိုင်ငံ လုံးမှာတွင်တွင်ကျယ်ကျယ်

 သုံးစွဲလာနေတာ တွေ့နိုင်ပါတယ်။အမှန်တော့တစ်ခါသုံးဝါးတူသုံးတိုင်းအန္တရာယ် ကင်းတယ်ဆိုတာ မဟုတ်
ပါဘူး။ ဒါကလည်း ကြည့်လိုက်ရင် ဖြူဖြူ၊ ဝါကြင်ကြင် အရောင်လေးတွေ ရှိတဲ့ ဝါးတူကို ဘယ်လို ထုတ်လုပ်
ပြီး ဈေးကွက်ထဲ မပို့ခင် ဘာတွေသုံးပြီး ဘယ်ချွတ် ဆေးတွေ သုံးတယ်ဆိုတာ မသိကြတာကြောင့်လည်း ဖြစ်
ပါတယ်။

ဝါးတူတွေပြု လုပ်တဲ့အခါ ဝါးတူပြုလုပ်တဲ့ စက်ရုံတွေမှာ ပထမဦးဆုံးဝါး တူအရွယ်အရှည် လေးတွေရအောင် ဝါးတွေကို ဖြတ်တောက်ကြပါတယ်။ပြီးရင်စက်ထဲထည့်ပြီးတူတံအကြမ်းထည်အချောင်း လေးတွေဖြစ်အောင်

လေးထောင့်ပုံ အချောင်းလေးတွေ စိတ်လိုက်ပါတယ်။ အဲဒီတူတံ အကြမ်းထည် လေးတွေကို ခြောက် သွား
အောင် အပူခန်းထဲမှာ မီးကင်ပါတယ်။ ခြောက်သွားတဲ့ တူတံအကြမ်း ထည်လေးတွေကို ဖြူသွားအောင် အ
လွယ်တကူ မှိုမတက် နိုင်အောင် လုံခြုံအောင် ဖုံးအုပ်ပြီးပဲ ဖြစ်ဖြစ်၊ အလုံပိတ် မှန်လုံခန်းထဲမှာပဲ ဖြစ်ဖြစ်ကန့် (Sulphur) ဓာတ်ငွေ့နဲ့ ပေါင်းတင် သလိုမျိုး ဓာတ်ငွေ့တိုက် ပေးပါတယ်။

အဲဒီလို ကန့်ငွေ့တိုက်တာ ၄၈ နာရီနီးပါး ကြာကြောင်း သိရပါတယ်။ ဒီလိုလုပ်ခြင်း အားဖြင့် တူတံလေးတွေ အရောင်စွဲ နေရာကနေ ဖြူဖွေး လာပေမယ့် အဲဒီတူတံတွေမှာ ဆာလဖာဒိုင် အောက် ဆိုက် (Sulphur dioxide

) စွဲကပ် ကျန်နေခဲ့မှာ သေချာပါတယ်။ ဒီလိုကန့်ငွေ့နဲ့ ပေါင်းတင် အရောင်ချွတ်ပြီးသား တူချောင်းပုံ အကြမ်း
တွေကို ပုံဖော်စက်ထဲ ထည့်ပြီး ပုံဖော်ရ ပါတယ်။ 

တူချောင်းပုံသဏ္ဌာန် ပေါ်သွားတဲ့ဝါးတူလေးတွေကို ပြောင်ချော၍ လှသွားအောင်အရောင်တင်စက်ထဲထည့်
ပြီး ရေနံဖယောင်း (Paraffin)နဲ့အရောင်တင်တိုက်ပေးပါတယ်။ အဲဒီအချိန်မှာလည်း ရေနံ ချက်ရာကရရှိသော
ဘေးထွက် အပိုပစ္စည်း ရေနံဖယောင်းထဲမှာ Polycyclic aromatic hydrocarbon ဖြစ်တဲ့ ကင်ဆာ ဖြစ်စေနိုင်
သော ဓာတ်တွေ ပါရှိပါတယ်။ အဲဒီအရောင် တင်ပြီးသား တူတံတွေကိုတော့ ပလတ်စတစ် အိတ်တွေနဲ့ ထုတ်
ပြီး ဖြန့်ချိပါ တော့တယ်။

စက်ရုံတွေမှာ ဒီလိုတူတံတွေ ထုတ်တဲ့အခါ မှိုတက်ပြီး အရည်အသွေးမမီ အရောင် မည်းညိုနေတဲ့ တူတွေကို စက်ရုံတွေက ထုတ်လုပ်မှု စရိတ် အရှုံးမခံနိုင်တဲ့ အတွက် Hydrogen peroxide ဆေးရည်တွေပါတဲ့ အရည်ထဲ ထည့်ပြုတ်ပြီး ဖြူသွားအောင်လုပ်ကြ ပါတယ်။ အချို့ဆိုလျှင် ပိုဖြူသွားအောင်Sodium pyrophosphate တွေပါ

ထည့်ပြုတ် ကြောင်းသိရပါတယ်။ 

အဲဒီလို ဓာတုပစ္စည်းတွေ သုံးပြီး စီးပွားရေး မျက်နှာ တစ်ခုတည်းသာ ကြည့်ပြီးထုတ်လုပ်ခဲ့တဲ့တူတွေမှာဓာတု
ကြွင်းကျန် ကပ်ငြိပစ္စည်းတွေ ကပ်ကျန်နေတာ အသေအချာပဲ ဖြစ်ပြီး တူတံတွေထုတ်လုပ်ကြတဲ့ဘယ်စက်ရုံ
ကမှကြွင်းကျန်ဓာတုပစ္စည်း တွေကို ပြန်လည်သန့်စင်ပေးတာစိတ်ချရအောင် ဆောင်ရွက်တာမျိုးမရှိကြောင်း
သိရ ပါတယ်။

ဒီလို တူတံတွေကို မြန်မာနိုင်ငံနှင့် ကပ်လျက် တရုတ်နိုင်ငံ ယူနန်ပြည်မှာ အများဆုံး တွင်ကျယ်စွာ ထုတ်လုပ်

ပြီး မြန်မာပြည်ထဲကို ဈေး ကွက်တင် ရောင်းချနေ တာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အတွင်း တင်သွင်းလာတဲ့ စားသောက်ကုန် များကိုတော့ ကျန်းမာရေး ဝန်ကြီး ဌာနမှ စစ်ဆေးပြီး ဘေးထွက် ဆိုးကျိုးနှင့် အန္တရာယ်ရှိ၊ မရှိ စစ်ဆေးလျက် ရှိပါတယ်။ သို့သော်လည်း အစားအသောက်များကို တိုက်ရိုက် သယ်ယူ စားသုံးနေတဲ့ တူ
တံတွေကိုတော့ တစ်ခါမှ စစ်ဆေးတာ မကြားမိပါဘူး။

ဒါ့ကြောင့်လည်း နာမည်ကြီး ဟိုတယ်ကြီး တွေမှာ စတီး တူတံလေးတွေ၊ ငွေတူ တံလေးတွေသာ ချထားပေး

တာ သတိထား မိပါတယ်။ ဒါမျိုးတွေက ရေနွေးနှင့်ပြုတ် ပိုးသတ်ပြီး သုံးစွဲလျှင် ပိုအန္တရာယ် ကင်းနိုင်ပါတယ်။ 

အခုခေတ် အနေအထား အရ နာမည်ကြီး စားသောက်ဆိုင်တွေ အပါအဝင် လမ်းဘေး ညနေခင်းထွက် ဈေး
ဆိုင်အဆုံး အထက်ပါ ဝါးတူတွေကို နေရာအနှံ့ သန့်ရှင်း စင်ကြယ်တဲ့ စားသုံးရာမှာအန္တရာယ်ကင်း တူတံတွေ
အဖြစ် ကျေနပ်ဝမ်းမြောက်စွာ လက်ခံ သုံးစွဲနေကြတာ တွေ့နေရသည့် အတွက် တစ်ခါသုံးဝါးတူ သုံးစွဲတိုင်း အန္တရာယ်မရှိ ဘေးကင်းတယ်လို့ ထင်နေမယ့် အထင်လွဲ နေတာတွေ မဖြစ်စေဖို့ ရေး သား လိုက်ရပါသည်။ ။

မေချို(ထားဝယ်)

RangonNewsDaily
ZawWinNaung(KTDA): 14.7.2013

0 comments:

Post a Comment