Pages

Sunday, July 14, 2013

ကိုယ်အင်္ဂါမသန်စွမ်းသူများ အနုပညာတက္ကသိုလ် တက်ရောက်ခွင့်၊ ဆည်းပူးခွင့်၊ လုပ်ကိုင်ခွင့် မရှိတော့ပြီလား….

ကိုယ်အင်္ဂါမသန်စွမ်းသူများ အနုပညာတက္ကသိုလ် တက်ရောက်ခွင့်၊ ဆည်းပူးခွင့်၊ လုပ်ကိုင်ခွင့် မရှိတော့ပြီလား….

Myanmar Physically Handicapped Associaton
ဇူလိုင် ၁၄၊ ၂၀၁၃
၂၀၁၃ခုနှစ်၊ ဇူလိုင်လ(၁၃)ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်၊ မန္တလေး) မှ ပထမနှစ်ဝင်ခွင့်လျှောက်လွှာခေါ်ယူခဲ့ရာ ကျောင်းသူ/ကျောင်းသားများ အတွက်လိုအပ်သော အရည်အခြင်းသတ်မှတ်ချက် အပိုဒ် (ခ) တွင် “ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်လက်အင်္ဂါချို့ယွင်းမှု မရှိစေရ။” ဟုဖော်ပြပါရှိပါသည်။

 ပြည်ထောင်စု မြန်မာနိုင်ငံသည်၂၀၁၁ခုနှစ်၊ ဒီဇင်ဘာလ (၇)ရက်နေ့တွင် UNCRPD ( Convention on The Rights of Person with Disability ) ကမ္ဘာ့ကုလသမဂ္ဂ၏ မသန်စွမ်းသူအခွင့်အရေးများဆိုင်ရာသဘောတူစာချုပ်အား လက်မှတ်ရေးထိုးသဘောတူညီခဲ့ပြီးဖြစ်ပါသည်။ နိုင်ငံတော်အနေဖြင့်လည်း မသန်စွမ်းသူများ၏အခွင့်အရေးများအား ကာကွယ်စောင့်ရှောက်နိုင်ရန် မသန်စွမ်း ဥပဒေကိုစတင်ရေးဆွဲနေပြီဖြစ်ပါသည်။
ကိုယ်အင်္ဂါမသန်စွမ်းသူများအနေဖြင့် အနုပညာလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကြောင်းနေသူများ များစွာရှိပါသည်။ ဥပမာအားဖြင့် နိုင်ငံကျော်အဆိုတော် ပိုင်သက်ကျော်၊ ရုပ်ရှင်နှင့်ဗီဒီယို ဒါရိုက်တာ သမီးမြတ်ကျော်(ဒေါ်သူဇာကျော်)၊ အမျိုးသားစာပေဆုရှင် စာရေးဆရာ မောင်စိန်ထွေး အစရှိသူတို့သည် ကိုယ်အင်္ဂါမသန်စွမ်းသူများဖြစ်ကြပြီး အနုပညာနယ်ပယ်အသီးသီးတွင် အောင်မြင်မှုရရှိနေသူများဖြစ်ကြပါသည်။ 

အဆိုပါ သာဓကများအရ ကိုယ်အင်္ဂါမသန်စွမ်းသူများသည် အနုပညာကို ခံစားနိုင်စွမ်းရှိခြင်း၊ ဖန်တီးနိုင်ခြင်းကိုအထင်အရှားဖော်ပြနေပါသည်။
ကြေးမုံသတင်းစာတွင် ဖော်ပြချက်အရ ၂၀၁၂ - ၂၀၁၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကိုအောင်မြင်ခဲ့ကြသည့် အနုပညာဘာသာရပ်ကို လေ့လာဆည်းပူးလိုသော ကိုယ်အင်္ဂါမသန်စွမ်းသူများသည် အဆိုပါအခွင့်အရေးကိုဆုံးရှုံးခဲ့ကြရပြီဖြစ်ရာ နိုင်ငံတော်အတွက်နှင့် ကိုယ်အင်္ဂါမသန်စွမ်းသူများအတွက် ကြီးမားသော ဆုံးရှုံးမှုကြီးတစ်ခုပင်ဖြစ်ပါသည်။ ယခင်က ပြည်သူ့ဝန်ထမ်းတာဝန် ထမ်းဆောင်ရန်အတွက် လျှောက်လွှာခေါ်ယူခြင်းများတွင်လည်း ကိုယ်လက်အင်္ဂါ ပြည့်စုံသန်စွမ်းသူ ဖြစ်ရမည်ဟု သတ်မှတ်ဖော်ပြပါရှိသဖြင့် ကိုယ်အင်္ဂါမသန်စွမ်းသူများအနေဖြင့် ပြည့်သူ့ဝန်ထမ်းတာဝန်ထမ်းဆောင်နိုင်ခွင့်ကို ဆုံးရှုံးခဲ့ရပြီးဖြစ်ပါသည်။

 ယခုအခါတွင် ပညာသင်ယူခွင့်၊ လေ့လာဆည်းပူးခွင့်ပါ ဆုံးရှုံးခဲ့ရပြီဖြစ်ပါသဖြင့် ကိုယ်အဂ်ါမသန်စွမ်းသူတစ်ဦးအနေဖြင့် များစွာစိတ်မကောင်း ဖြစ်ရကြောင်း တင်ပြလိုက်ရပါသည်။ မသန်စွမ်းသူများအားစာနာထောက်ထားသော၊ နားလည်နိုင်စွမ်းသော၊ တန်ဘိုးထားအလေးပြုသူများအနေဖြင့် အဆိုပါ အရည်အခြင်းသတ်မှတ်ချက်အား ၀ိုင်းဝန်းကန့်ကွက် ဆန္ဒဖော်ထုတ်ပေးကြပါရန် နိုင်ငံအရေးအတွက် တိုက်တွန်းလိုက်ရပါသည်။

ခင်မောင်သန်းအေး
မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း၊

ဇူလိုင် ၁၄၊ ၂၀၁၃
၂၀၁၃ခုနှစ်၊ ဇူလိုင်လ(၁၃)ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်၊ မန္တလေး) မှ ပထမနှစ်ဝင်ခွင့်လျှောက်လွှာခေါ်ယူခဲ့ရာ ကျောင်းသူ/ကျောင်းသားများ အတွက်လိုအပ်သော အရည်အခြင်းသတ်မှတ်ချက် အပိုဒ် (ခ) တွင် “ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်လက်အင်္ဂါချို့ယွင်းမှု မရှိစေရ။” ဟုဖော်ပြပါရှိပါသည်။ ပြည်ထောင်စု မြန်မာနိုင်ငံသည်၂၀၁၁ခုနှစ်၊ ဒီဇင်ဘာလ (၇)ရက်နေ့တွင် UNCRPD ( Convention on The Rights of Person with Disability ) ကမ္ဘာ့ကုလသမဂ္ဂ၏ မသန်စွမ်းသူအခွင့်အရေးများဆိုင်ရာသဘောတူစာ
ချုပ်အား လက်မှတ်ရေးထိုးသဘောတူညီခဲ့ပြီးဖြစ်ပါသည်။ နိုင်ငံတော်အနေဖြင့်လည်း မသန်စွမ်းသူများ၏
အခွင့်အရေးများအား ကာကွယ်စောင့်ရှောက်နိုင်ရန် မသန်စွမ်း ဥပဒေကိုစတင်ရေးဆွဲနေပြီဖြစ်ပါသည်။

ကိုယ်အင်္ဂါမသန်စွမ်းသူများအနေဖြင့် အနုပညာလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကြောင်းနေသူများ များစွာ
ရှိပါသည်။ဥပမာအားဖြင့် နိုင်ငံကျော်အဆိုတော်ပိုင်သက်ကျော်၊ ရုပ်ရှင်နှင့်ဗီဒီယိုဒါရိုက်တာသမီးမြတ်ကျော်
(ဒေါ်သူဇာကျော်)၊ အမျိုးသားစာပေဆုရှင် စာရေးဆရာ မောင်စိန်ထွေး အစရှိသူတို့သည် ကိုယ်အင်္ဂါမသန်
စွမ်းသူများဖြစ်ကြပြီး အနုပညာနယ်ပယ်အသီးသီးတွင် အောင်မြင်မှုရရှိနေသူများဖြစ်ကြပါသည်။

အဆိုပါ သာဓကများအရ ကိုယ်အင်္ဂါမသန်စွမ်းသူများသည် အနုပညာကို ခံစားနိုင်စွမ်းရှိခြင်း၊ ဖန်တီးနိုင်ခြင်း
ကိုအထင်အရှားဖော်ပြနေပါသည်။ကြေးမုံသတင်းစာတွင် ဖော်ပြချက်အရ ၂၀၁၂ - ၂၀၁၃ပညာသင်နှစ်တွင်
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကိုအောင်မြင်ခဲ့ကြသည့်အနုပညာဘာသာရပ်ကို လေ့လာဆည်းပူးလိုသော ကိုယ်
အင်္ဂါမသန်စွမ်းသူများသည် အဆိုပါအခွင့်အရေးကိုဆုံးရှုံးခဲ့ကြရပြီဖြစ်ရာ နိုင်ငံတော်အတွက်နှင့် ကိုယ်အင်္ဂါမ
သန်စွမ်းသူများအတွက် ကြီးမားသော ဆုံးရှုံးမှုကြီးတစ်ခုပင်ဖြစ်ပါသည်။ 
 
ယခင်ကပြည်သူ့ဝန်ထမ်းတာဝန်ထမ်းဆောင်ရန်အတွက် လျှောက်လွှာခေါ်ယူခြင်းများတွင်လည်းကိုယ်
လက်အင်္ဂါ ပြည့်စုံသန်စွမ်းသူ ဖြစ်ရမည်ဟုသတ်မှတ်ဖော်ပြပါရှိသဖြင့်ကိုယ်အင်္ဂါမသန်စွမ်းသူများအနေဖြင့်
ပည့်သူ့ဝန်ထမ်းတာဝန်ထမ်းဆောင်နိုင်ခွင့်ကို ဆုံးရှုံးခဲ့ရပြီးဖြစ်ပါသည်။

ယခုအခါတွင် ပညာသင်ယူခွင့်၊ လေ့လာဆည်းပူးခွင့်ပါ ဆုံးရှုံးခဲ့ရပြီဖြစ်ပါသဖြင့် ကိုယ်အဂ်ါမသန်စွမ်းသူတစ်
ဦးအနေဖြင့်များစွာစိတ်မကောင်း ဖြစ်ရကြောင်းတင်ပြလိုက်ရပါသည်။မသန်စွမ်းသူများအားစာနာထောက်
ထားသော၊ နားလည်နိုင်စွမ်းသော၊ တန်ဘိုးထားအလေးပြုသူများအနေဖြင့် အဆိုပါ အရည်အခြင်းသတ်မှတ်
ချက်အား ၀ိုင်းဝန်းကန့်ကွက် ဆန္ဒဖော်ထုတ်ပေးကြပါရန် နိုင်ငံအရေးအတွက် တိုက်တွန်းလိုက်ရပါသည်။

ခင်မောင်သန်းအေး
မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း၊

Myanmar Muslim Media
Myanmar Physically Handicapped Associaton
RangonNewsDaily
ZawWinNaung(KTDA): 12.7.2013
 
 

0 comments:

Post a Comment