Pages

Sunday, July 14, 2013

ဖြုတ်ချခံရသော သမ္မတဟောင်း မော်စီအား ပြစ်မှုဆိုင်ရာဥပဒေအရ စစ်ဆေးမည်ဟု အီဂျစ် ထုတ်ပြန်ကြေညာ

Photo: မော်စီအား ပြစ်မှုဆိုင်ရာဥပဒေအရ စစ်ဆေးမည်ဟု အီဂျစ် ထုတ်ပြန်ကြေညာ
Sunday, 14 July 2013

ဖြုတ်ချခံရသော သမ္မတဟောင်း မော်စီအား ပြစ်မှုဆိုင်ရာဥပဒေအရ စုံစမ်းစစ်ဆေးမှု ပြုလုပ်မည်ဟု အီဂျစ်အစိုးရက စနေနေ့ (ဇူလိုင် ၁၃ ရက်) တွင် ထုတ်ပြန်ကြေညာသည်။ လျှို့ဝှက်ထောက်လှမ်းခြင်း၊ အကြမ်းဖက် တိုက်ခိုက်မှုများဖြစ်စေရန် လှုံ့ဆော်ခြင်း၊ နိုင်ငံ၏စီးပွားရေး ပျက်ယွင်းစေခြင်းတို့နှင့် ပတ်သက်၍ မော်စီအား စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။ 

အီဂျစ်တွင် ဇူလိုင် ၃ ရက် မော်စီအစိုးရအား စစ်တပ်ကြားဝင် ဖိအားပေး မှုဖြင့် ဖြုတ်ချခဲ့ပြီးနောက် မငြိမ်မသက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ မော်စီ၏ မွတ်ဆလင်မ် ညီအစ်ကိုတော်များအဖွဲ့ အဖွဲ့ဝင်များနှင့် ၎င်းအား ထောက် ခံသူများက စစ်တပ်အား ထိပ်တိုက်တွေ့ခဲ့ရာ အဓိကရုဏ်းများကြောင့် မော် စီထောက် ခံသူ ၅၇ ဦးသေဆုံးခဲ့သည်။ 

ထို့အပြင် မော်စီ ထောက်ခံသူနှင့် ဆန့်ကျင်သူများကြား အပြန်အလှန် တိုက်ခိုက် မှုများအတွင်း ၃၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ 

လက်ရှိ အီဂျစ်နို်င်ငံတွင် ကြားဖြတ်အစိုးရတစ်ရပ် ဖွဲ့စည်းထားပြီး လွှတ်တော်ရွေးကောက်ပွဲနှင့် သမ္မတရွေးကောက်ပွဲတို့ကို လာမည့် ၂၀၁၄ ခုနှစ် အစောပိုင်းတွင် ပြုလုပ်မည်ဟု ကြားဖြတ် အစိုးရက ကြေညာထား သည်။ ကြားဖြတ် အစိုးရ၏ ရွေးကောက်ပွဲဆိုင်ရာ ကြေညာချက်ကို မော်စီ၏ မွတ်ဆလင်မ် ညီအစ်ကိုတော်များအဖွဲ့က လက်မခံကြောင်း တုံ့ပြန်ပြော ကြားသည်။

Planet Myanmar Network

Sunday, 14 July 2013

ဖြုတ်ချခံရသော သမ္မတဟောင်း မော်စီအား ပြစ်မှုဆိုင်ရာဥပဒေအရ စုံစမ်းစစ်ဆေးမှု ပြုလုပ်မည်ဟု အီဂျစ်
အစိုးရကစနေနေ့ (ဇူလိုင် ၁၃ ရက်)တွင်ထုတ်ပြန်ကြေညာသည်။ လျှို့ဝှက်ထောက်လှမ်းခြင်း၊ အကြမ်းဖက်
တိုက်ခိုက်မှုများဖြစ်စေရန်လှုံ့ဆော်ခြင်း၊ နိုင်ငံ၏စီးပွားရေးပျက်ယွင်းစေခြင်းတို့နှင့်ပတ်သက်၍ မော်စီအား
စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။ အီဂျစ်တွင်ဇူလိုင်၃ ရက် မော်စီအစိုးရအားစစ်တပ်ကြားဝင်ဖိအားပေး မှုဖြင့် ဖြုတ်ချခဲ့ပြီးနောက် မငြိမ်မသက်
မှုများ ဖြစ်ပေါ်လျက်ရှိသည်။ မော်စီ၏မွတ်ဆလင်မ်ညီအစ်ကိုတော်များအဖွဲ့အဖွဲ့ဝင်များနှင့်၎င်းအား ထောက်
ခံသူများက စစ်တပ်အား ထိပ်တိုက်တွေ့ခဲ့ရာ အဓိကရုဏ်းများကြောင့် မော် စီထောက် ခံသူ၅၇ ဦးသေဆုံးခဲ့
သည်။

ထို့အပြင် မော်စီ ထောက်ခံသူနှင့် ဆန့်ကျင်သူများကြား အပြန်အလှန် တိုက်ခိုက် မှုများအတွင်း ၃၅ ဦး သေ
ဆုံးခဲ့ကြောင်း သိရသည်။

လက်ရှိ အီဂျစ်နို်င်ငံတွင် ကြားဖြတ်အစိုးရတစ်ရပ် ဖွဲ့စည်းထားပြီး လွှတ်တော်ရွေးကောက်ပွဲနှင့် သမ္မတရွေး
ကောက်ပွဲတို့ကို လာမည့် ၂၀၁၄ ခုနှစ် အစောပိုင်းတွင် ပြုလုပ်မည်ဟု ကြားဖြတ် အစိုးရက ကြေညာထား သည်။
 
ကြားဖြတ် အစိုးရ၏ ရွေးကောက်ပွဲဆိုင်ရာ ကြေညာချက်ကို မော်စီ၏ မွတ်ဆလင်မ် ညီအစ်ကိုတော်များအဖွဲ့
က လက်မခံကြောင်း တုံ့ပြန်ပြော ကြားသည်။

Planet Myanmar Network , RangonNewsDaily
ZawWinNaung(KTDA): 14.7.2013

0 comments:

Post a Comment