Pages

Sunday, July 14, 2013

ရမဿွာန်ကို ကြိုဆိုသောအားဖြင့် လူတိုင်း ပါဝင်နိုင်သည့် ၀ါဖြေပွဲများ ဂျပန်နိုင်ငံတွင် ပြုလုပ်


Japan Free Iftars Welcome Ramadan


ဇူလိုင်-၁၃၊ ၂၀၁၃

ရမဿွာန် ဥပုသ်လကို ကြိုဆိုသောအားဖြင့် ဂျပန်လူမျိုးမွတ်စ်လင်မ်များက ဂျပန်နိုင်ငံ၏ အကြီးဆုံး ဗလီ
ကျောင်းတော်တွင်လူတိုင်းပါဝင်နိုင်သောဝါဖြေပွဲများပြုလုပ်ခဲ့သည်။မွတ်စ်လင်မ်မဟုတ်သူများပါ လာရောက်
သုံးဆောင်နိုင်ပြီး အစ္စလာမ့်ယဉ်ကျေးမှုများကိုလည်း လေ့လာနိုင်မည်ဖြစ်သည်။

“ဥပုသ်သီလဆောက်တည်ခြင်းဟာ ကျွန်တော်တို့ကို ပိုမို တိုးတက်ကောင်းမွန်အောင်ပြုပြင်ပေးပါတယ်။ တ
ကယ့်ကို ပျော်ဖို့လည်းကောင်းပါတယ်” ဟု   စားသောက်ပွဲအား စိတ်အားထက်သန်စွာစောင့်မျှော်နေခဲ့သူ
မော်ရိုကိုမှ အသက် ၂၇ နှစ်အရွယ် ကျောင်းသားတစ်ဦးဖြစ်သော ဘန်ဂ်ျဒီ အလ်မဟ်ဒီ (Benjdi El Mehdi) မှ The Japan Times သို့ ပြောကြားခဲ့ပါသည်။

အစ္စလာမ့်ပြက္ခဒိန်တွင် အမွန်မြတ်ဆုံးလဖြစ်သော ရမဿွာန်လသည် ဂျပန်နိုင်ငံ၌ ဇူလိုင်လ ၁၀ ရက်၊ ဗုဒ္ဓ
ဟူးနေ့က စတင်ခဲ့သည်။

ရမဿွာန်လ၌ အရွယ်ရောက်ပြီး မွတ်စ်လင်မ်များသည် အစာရေစာ၊ ဆေးလိပ်သောက်ခြင်း နှင့် လိင်မှုကိစ
္စများအား နံနက်နေထွက်ချိန်မှ နေ၀င်ချိန်အထိ ရှောင်ကြဉ်ကြရသည်။ မွတ်စ်လင်မ်တို့သည် မိသားစုစုံညီ
စွာဖြင့် စုပေါင်းဝါဖြေမှုများ ပြုလုပ်လေ့ရှိကြသည်။

ဂျပန်နိုင်ငံရှိ အကြီးဆုံးဗလီကျောင်းတော် တိုကျို ကာမီ (Tokyo Camii) တွင် ရမဿွာန်လအတွင်း နေ့စဉ်
နေ့တိုင်း ၀ါဖြေပွဲများကို ဗလီမှ တာဝန်ယူကျွေးမွေးပြီး၊ လာရောက်ဝါဖြေကြသူ လူ ၂၀၀ နီးပါး ရှိသည် ဟု သိ
ရသည်။

၎င်းဝါဖြေပွဲများတွင်တူရကီ၊အင်ဒိုနီးရှား၊ဂါနာ နှင့်အခြားနိုင်ငံများမှအမျိုးသား နှင့်အမျိုးသမီးများ လာရောက်
လေ့ရှိုကြသည်။

ဤ၀ါဖြေပွဲများမှာ မွတ်စ်လင်မ် ဆင်းရဲသူများ နှင့် ခရီးသွားများအား ဧည့်ခံကျွေးမွေးရာမှ စတင်ပေါ်ပေါက်
လာခဲ့ပြီး၊လွန်ခဲ့သောနှစ်အနည်းငယ်၌ တိုကျိုကာမီ ဗလီကျောင်းတော်က နိုင်ငံမျိုးစုံ၊ ဘာသာပေါင်းစုံ လူတို့
အား တည်ခင်းဧည့်ခံကျွေးမွေးသော ယင်းအစဉ်အလာကို စတင်ကျင့်သုံးခဲ့သည်။

ရမဿွာန်လတွင် ဥပုသ်ဆောက်တည်ခြင်းသည် မွတ်စ်လင်မ်များအား စိတ်ရှည်သည်းခံခြင်း၊ မိမိကိုယ်ကို
ထိန်းချုပ်ခြင်းကို သင်ကြားပေးပြီး၊ ထိုလ၏အချိန်ကာလများကို ၀တ်ပြုမှုများ၊ ကုရ်အာန်ဖတ်ရွတ်မှုများ နှင့်
ကောင်းမှုကျင့်ရပ်များအားဖြင့် အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်မှုရရှိရေး၌ မြှုပ်နှံလုံးပန်းထားကြသည်။

ဤလအတွင်း မွတ်စ်လင်မ်အများစုသည် နွမ်းပါးသူများ နှင့် ဒုက္ခရောက်နေသူများအတွက် ဇကာ့သ်ပေးကမ်း
ခြင်းကို ပိုမိုဦးစားပေးတတ်ကြသည်။နေ့စဉ်ပြုလုပ်သည့် ရမဿွာန်ဝါဖြေပွဲများသည် အစ္စလာမ့်ယဉ်ကျေးမှု
နှင့် ထုံးတမ်းဓလေ့များအတွက် ဖွင့်လှစ်ပြသပေးသော ပြူတင်းတစ်ချပ် ဖြစ်လျက်ရှိသည်။

“ အစ္စလာမ်ဘာသာအကြောင်း ကျောင်းမှာ သင်ကြားထားလို့ ဒီကိုလာရောက်လေ့လာတာဖြစ်တယ်။မွတ်စ်
လင်မ်တွေ အသားစားတယ်ဆိုတာကျွန်မ အရင်ကမသိခဲ့ဘူး ။သူတို့အကြောင်း ထပ်ပြီးတော့ လေ့လာချင်
သေးတယ် ”ဟု အဖော်တစ်ဦးနှင့်အတူဗလီကျောင်းတော်သို့လာရောက်သူအသက် ၁၇ နှစ်အရွယ် အထက်
တန်းကျောင်းသူတစ်ဦးက ဆိုသည်။

ဝါဖြေပွဲထံမှ သူမသည်တူရကီရိုးရာအစားအသောက်များကိုပထမဆုံးအကြိမ် မြည်းစမ်းစားသောက်ခဲ့ရသလို
၊ သူမ၏ ဘေးနားတွင်ထိုင်သောဘရူနိုင်းအမျိုးသမီးတစ်ဦးနှင့်လည်းစကားစမြည်ပြောဆိုရင်းနှီးခွင့်ရခဲ့သည်။
ယင်းစားဖွယ်များကို တူရကီနိုင်ငံမှလာရောက်သော စားဖိုမှူးသုံးဦးမှ ၀ါဖြေပွဲအတွက်သီးသန့်ချက်ပြုတ်ပေး
ထားခြင်းဖြစ်၏။

၎င်းတို့သည် နေ့လည်ခင်းမတိုင်မီ စတင်ချက်ပြုတ်ကြပြီး၊ သြဂုတ်လ ရမဿွာန်ပြီးသည်အထိ နေ့စဉ်လူ ၂၀၀ စာအတွက် တာဝန်ယူဆောင်ရွက်ကြရသည်။၁၉၃၀ ခုနှစ်တွင် ဂျပန်နိုင်ငံရှိ ဇာတိမတူညီသောမွတ်စ်
လင်မ်ဦးရေမှာ ၁၀၀၀ နီးပါးရှိလာခဲ့သည်။

၁၉၈၀ ခုနှစ်တွင်အီရန်၊ပါကစ္စတန် နှင့်ဘင်္ဂလားဒေ့ရှ်မှလာရောက်ကြသည့် ပြောင်းရွှေ့လုပ်သားများကြောင့်
ဂျပန်ရှိ မွတ်စ်လင်မ်ဦးရေသည် ထပ်မံမြင့်တက်လာခဲ့သည်။ ကမ္ဘာ့ဒဿမမြောက်လူနေအထူထပ်ဆုံးဖြစ်ပြီး၊ လူဦးရေ ၁၂၇ သန်းရှိသောဂျပန်နိုင်ငံတွင်ယခုအခါမွတ်စ်လင်မ်ဦးရေ ၁၂၀,၀၀၀ ၀န်းကျင်ရှိနေပြီဖြစ်သည်။

Ref: OnIslam , M-Media , RangonNewsDaily
ZawWinNaung(KTDA): 14.7.2013

0 comments:

Post a Comment