Sunday, 14 July 2013
ရန်ကုန်-ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အကြီးတန်းအရာရှိများ အပါအ၀င်
ဝန်ထမ်း ၂၀ ကျော်ကိုရာထူးမှ ဖယ်ရှားလိုက်သည့်အပြင် နိုင်ငံ တော်သို့
ကျပ်သိန်းပေါင်းနှစ်သောင်းကျော်ပေးလျော်ရမည်ဟု သတင်းရရှိသည်။ “ဒီကိစ္စကို ဘဏ္ဍာခွန်ဝန်ကြီး ဌာနကိုလွှဲပြောင်းပြီးပါပြီ”ဟု နိုင်ငံတော်သမ္မတ ရုံး မှ တာ ၀န်ရှိသူတစ်ဦးက ဆိုသည်။
ရာထူးမှဖယ်ရှားခံရသည့် ၀န်ထမ်းများတွင် တိုင်းဦးစီးမှူးနှစ်ဦး အပါအ၀င်
ရန်ကုန်၊ မန္တလေးမြို့များမှ မြို့နယ်လက်ထောက်ညွှန်ကြားရေး မှူးများလည်း
ပါဝင်ကြောင်းစုံစမ်းသိရသည်။
ထိုသို့ဖယ်ရှားခံရခြင်းမှာ
ပြည်တွင်းအခွန်ဦးစီးဌာနတွင် အဂတိ လိုက်စားမှုများရှိသည်ဟု
အောက်ခြေ၀န်ထမ်းများက ပြည်ထောင်စု အစိုးရအဖွဲ့သို့
တိုင်ကြားခဲ့ခြင်းကြောင့်ဖြစ်သည်။
အိမ်ခြံမြေရောင်းဝယ်ရာတွင် အခွန်ရှောင်မှုများ၊ အခွန်အပြည့်အ၀မရ
မှုတို့ကြောင့် ဈေးနှုန်းစံသတ်မှတ်ချက်ထား၍ အခွန်ကောက်ယူမှုများ ပြုလုပ် ရန်
စီစဉ်ထားကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ထိပ်ပိုင်းအရာရှိတစ်ဦး ကပြောကြားသည်။
သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအစိုးရဖြစ်စေရန် ဒီမိုကရေစီနိုင် ငံတော်တည်ဆောက်ရာတွင်ရသင့်ရထိုက်သော
အခွန်ဘဏ္ဍာငွေအား ရာခိုင်နှုန်းနှင့် စားနေသော အကျင့်ပျက်ဝန်ထမ်းများကို
စံနမူနာပြအရေး ယူပေးပါရန် အောက်ခြေ၀န်ထမ်းများက တိုင်ကြားခဲ့ခြင်းကြောင့်
ယခုကဲ့သို့ အရေးယူမှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
7Day News Journal , RangonNewsDaily
ZawWinNaung(KTDA): 14.7.2013
ထိုသို့ဖယ်ရှားခံရခြင်းမှာ ပြည်တွင်းအခွန်ဦးစီးဌာနတွင် အဂတိ လိုက်စားမှုများရှိသည်ဟု အောက်ခြေ၀န်ထမ်းများက ပြည်ထောင်စု အစိုးရအဖွဲ့သို့ တိုင်ကြားခဲ့ခြင်းကြောင့်ဖြစ်သည
အိမ်ခြံမြေရောင်းဝယ်ရာတွင် အခွန်ရှောင်မှုများ၊ အခွန်အပြည့်အ၀မရ မှုတို့ကြောင့် ဈေးနှုန်းစံသတ်မှတ်ချက်ထား၍ အခွန်ကောက်ယူမှုများ ပြုလုပ် ရန် စီစဉ်ထားကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ထိပ်ပိုင်းအရာရှိတစ်ဦး ကပြောကြားသည်။
သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအစိုးရဖြစ်စေရန် ဒီမိုကရေစီနိုင် ငံတော်တည်ဆောက်ရာတွင်ရသင့်ရထိုက
7Day News Journal , RangonNewsDaily
ZawWinNaung(KTDA): 14.7.2013
0 comments:
Post a Comment