Pages

Tuesday, July 16, 2013

မန္တလေးမြို့ ဘုရားကြီးအနောက်မုခ် ၈၄လမ်းပေါ်တွင် စကားများရာမှ ကိုရင်တပါးဓားထိုးခံရ

16-7-2013

စကားများရာမှ ကိုရင်တပါးအား ဓားဖြင့် ထိုးမှု ယနေ့နံနက်က ဘုရားကြီးအနောက်မုခ် ၈၄လမ်းပေါ်တွင် ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ကိုရင်အား ဓါးဖြင့်ထိုးသူကို---- ဗမာ/ဗုဒ ကျောက်ဆစ်လုပ်ငန်းလုပ်ကိုင်သူမှာ မဟာမြတ်မုနိဘုရားကြီးအနောက်မုခ်
၈၄လမ်းမပေါ်တွင် ဖွင့်လှစ်ထားသော 3D အင်တာနက်နှင့် နက်ဂိမ်းဆိုင်တွင် ညကတည်းက မူးပြီးအိပ်နေကြောင်း၊ မနက် ၆နာရီခွဲခန့်တွင် အဆိုပါမြို့နယ် ဓမ္မာစရိယအေးကျောင်းတိုက်မှ ကိုရင်ရှင်တိက္ခမှာ ဆွမ်းခံရင်း အပြန်တွင် ဂိမ်းဆိုသို့ဝင်ရာ ကို--နှင့်တွေ့ပြီး အရက်စော်နံကြောင်း ပြောရာမှတစ်ဆင့် အချင်းများရာ ဂိမ်းဆိုင်အပြင်ဘက်သို့ခေါ်ဆောင်သွားပြီး အသင့်ယူဆောင်လာသည့် အရိုးသွား ဆယ်လက်မခန့်ရှိသောဓားဖြင့် ရင်ညွှန့်အားထိုးခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဓားဖြင့်ထိုးသူကို---အား အနီးရှိ တာဝန်ကျ တပ်သားမှ ရဲစခန်းအား ဖုန်းဆက်အကြောင်းကြားကာ
ချက်ခြင်းဖမ်းဆီးနိုင်ခဲ့ပြီး ကိုရင်ရှင်တိက္ခမှ မန္တလေးမြို့အထွေထွေရောဂါကု
ဆေးရုံသို့ ပို့ဆောင်ကုလျှက်ရှိပြီး ထိုးသွင်းဒဏ်ရာမှာ မစိုးရိမ်ရကြောင်း သိရှိသည်။

ဖိုးလပြည့်
Popular Myanmar News, RangonNewsDaily
kolatt (Pabedan): 16.7.2013

0 comments:

Post a Comment