Pages

Tuesday, July 16, 2013

မိတ္ထီလာတွင် ကျောင်းသားငယ် တစ်ဦးအား မွတ်စလင်ဖြစ်ကြောင်း သိရှိသွားသဖြင့် ကျောင်းအပြန်တွင် ဒုတ်ဖြင့်ရိုက်နှက်မှု့ဖြစ်ပွား

မိတ္ထိလာမြို့ ခရိုင်အားကစားကွင်း ဒုက္ခသည်စခန်းမှ ကလေးငယ်တစ်ဦးအား ဇူလိုင်လ ၁၀ ရက်နေ့ ကျောင်း အပြန်တွင် မွတ်စ်လင်မ်ဖြစ်ကြောင်း သိရှိ သွားသဖြင့် ရိုက်နှက်တိုက်ခိုက်မှု ဖြစ်ပွား ခဲ့သော ကြောင့် ယနေ့တွင် အဆိုပါ စခန်းမှ အစ္စလာမ် ဘာသာဝင်ကျောင်းသား တစ်ရာကျော် ကျောင်း မတက်ကြောင်း မိတ္ထီလာမြို့ခံ တစ်ဦးက မြန်မာမွတ်စ်လင်မ်မီဒီယာ သို့ ပြောသည်။ “မိဘတွေက သားသမီးတွေ လုံခြုံမှု မရှိတဲ့အတွက် ကျောင်းမလွတ်တော့တာ” ပာုကျောင်းသားမိဘ တစ်ဦးကပြောသည်။

အစ္စလာမ် ဘာသာဝင် ကလေးငယ် နှစ်ဦးဖြစ်သည့် မောင်အောင်ပိာန်းစိုး နှင့် မခင်သန္တာတို့သည် အ.လ.က ၃ မိတ္ထီလာတွင် Great 7 တွင်ပညာသင်ကြားနေသည့် အစ္စလာမ် ဘာသာဝင် ဒုက္ခသည် ကလေးငယ်များဖြစ်ပြီး ဇူလိုင်လ ၁၀ ရက်ညနေ ၄ နာရီ ၀န်းကျင်အချိန်တွင် ကျောင်းဆင်းသဖြင့် ဒုက္ခသည် စခန်းသို့အပြန် ကျောင်းနှင့် ကိုက် ၃၀၀ ၀န်းကျင်အကွာတွင် အရပ်ပုပု ခေါင်းတုံးကေနှင့် လူတစ်ဦးက ကလေးများအား မွတ်စလင်မ်ဖြစ်ကြောင်း သိရှိသွားသဖြင့် အထက်ပါ အတိုင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

“မင်းတို့က ဘယ်ကလဲဆိုတော့ ခရိုင်ကွင်းကလို့လည်း ပြောလိုက်ရော မအေ –ိုး ကုလားတွေဆိုပြီး ရိုက်တာ၊ ဆိုင်ကယ် ကယ်ရီဆွဲတဲ့ တစ်ယောက်က လမ်းကြုံတွေ့လို့ ၀င်လာတော့မှ ထွက်ပြေးသွားတယ်။ ပြေးသွားတဲ့ အချိန်မှာ ခါးတောင်းကြိုက် နောက်မှာ ဓါးမြောင်တစ်ချောင်းကို တွေ့လိုက်ရတယ်လို့ ပြောတယ်” ပာု ကလေးငယ်အား တိုက်ရိုက် မေးမြန်းခဲ့သူတစ်ဦးက မြန်မာမွတ်စ်လင်မ် မီဒီယာ သို့ပြော သည်။ ကလေးငယ်၏ ညာဘက်ချိုစောင်း နှင့်နောက်ကျောဘက်ကို အကြမ်းဖက်သူ တစ်ဦးက ဒုတ်ဖြင့် ရိုက်နှက်ခဲ့ကြောင်း သိရသည်။

“အားလုံးက စိုးရိမ်နေကြတာဆိုတော့ ၃ ယောက်ပဲကျောင်းသွားတယ်။အာဏာပိုင်တွေနဲ့ ဆရာ ဆရာမ တွေကတော့ တာဝန်ယူတယ်ပြန်တက်ပါလို့ ဒီနေ့ပြောတာပဲ။ဒါပေမဲ့ ကျွန်မတို့ကတော့ မယုံတော့ဘူး” ပာု မွတ်စလင်မ်တစ်ဦးကပြောသည်။

ရိုက်နှက်ခံ ခဲ့ရသည့် ကလေးငယ်၏ ဓာတ်ပုံ ပြင်ပသို့ မရောက်ရှိရေးအတွက် အာဏာပိုင်များက ကလေး ငယ်အား မျက်ခြေမပြတ် စောင့်ကြည့်နေကြောင်းလည်း သိရသည်။ မွတ်စ်လင်မ် ဒုက္ခသည် ၁၃၀၀ ၀န်းကျင် ယနေ့တိုင် နေထိုင်နေသည့် ခရိုင်အားကစားကွင်း ဒုက္ခသည်စခန်းတွင် ကျောင်းသား တစ်ရာနီးပါး နေ့စဉ်ကျောင်းတက်လျှက် ရှိကြောင်းသိရသည်။

အထက်ပါ အတိုင်းပြစ်မှုကျုးလွန်သူပာု ယူဆရသူတစ်ဦးကို ယနေ့နေ့လည် အချိန်တွင် မိတ္ထီလာရဲစခန်းတွင် ဖမ်းဆီးထားပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

မိတ္ထီလာရှိ ဗုဒ္ဓဘာသာဝင်များက အစ္စလာမ် ဘာသာဝင်များအား မြို့လုံးကျွှတ်သတ်ဖြတ် မီးရှို့ ဖျက်ဆီးခြင်း များကို မတ်လ ၂၀ မှစတင်ကာ ၃ ရက်တိုင်တိုင် ကျုးလွန်ခဲ့သဖြင့် အစ္စလာမ် ဘာသာဝင် သောင်းကျော်မှာ ဒုက္ခသည် အဖြစ် ယနေ့တိုင် ရှိနေကြဆဲဖြစ်သည်။

ပိာန်းအောင်၊
MyanmarMuslim.net , RangonNewsDaily
ZawWinNaung(KTDA): 15.7.2013

0 comments:

Post a Comment