Pages

Tuesday, July 16, 2013

ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေး စစ်ပွဲတွင်း ပြစ်မှု ကျူးလွန်ခဲ့သူ အစ္စလာမ္မစ်ပါတီ ခေါင်းဆောင်ကို ထောင်နှစ် ၉၀ ချ

ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေး စစ်ပွဲတွင်း ပြစ်မှု ကျူးလွန်ခဲ့သူ အစ္စလာမ္မစ်ပါတီ ခေါင်းဆောင်ကို ထောင်နှစ် ၉၀ ချ
Tuesday, July 16, 2013

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ၁၉၇၁ ခုနှစ်က ပါကစ္စတန်နိုင်ငံမှ လွတ်လပ်ရေးစစ်ပွဲ ကာလအတွင်း ကျူးလွန်ခဲ့သော ပြစ်မှု ငါးခုဖြင့် ဘင်္ဂလားဒေ့ရှ် အစ္စလာမ္မစ်ပါတီ ခေါင်းဆောင်ကို ထောင်ဒဏ် နှစ် ၉၀ ချမှတ်ခဲ့ကြောင်း ဘီဘီစီ သတင်းတွင် ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အဓိက အစ္စလာမ်မ္မစ်ပါတီ တစ်ခုဖြစ်သော Islamist Jamaat-e-lslami ပါတီခေါင်းဆောင်အဖြစ်၁၉၆၉ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်ထိ တာဝန်ယူခဲ့သူ ဂူလန် အာဇန်ကို စစ်ပွဲ ကာလအတွင်း လူအစုလိုက် အပြုံလိုက် သတ်မှု၊ မုဒိမ်းမှုများဖြင့် ဘင်္ဂလားဒေ့ရှ် စစ် ရာဇဝတ်မှု တရားရုံးက ထောင်ဒဏ် နှစ် ၉၀ ချမှတ်လိုက်ခြင်း ဖြစ်သည်။

၎င်းအပေါ် ယခုကဲ့သို့ ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်၍ Islamist Jamaat-e-lslami ပါတီကို ထောက်ခံသူများနှင့် ရဲတပ်ဖွဲ့ဝင်များသည် ဂူလန်အာဇန်ကို ပြစ်ဒဏ် မချမှတ်ခင် ပဋိပက္ခဖြစ်ခဲ့ကြ သည်။

အသက် ၉၀ အရွယ် ရှိပြီဖြစ်သော ဂူလန်အာဇန်သည် လူသား မျိုးနွယ်အပေါ် ပြစ်မှု ကျူးလွန်မှုပေါင်း ၆၀ ကျော်ဖြင့် အမှု ရင်ဆိုင်ခဲ့ရပြီး အဆိုပါ စစ်ပွဲ ကာလအတွင်း ရက်စက်မှုများ ဖြစ်ပွားစေခဲ့သည့် ပြည်သူ့စစ် များ ထူထောင်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ထောင်ဒဏ် နှစ် ၉၀ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

လူထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့မှုနှင့် မုဒိမ်းမှု ကျူးလွန်ခဲ့သည့် အကြမ်းဖက် ပြည်သူ့စစ် အဖွဲ့ များ ထူထောင်ခဲ့မှုတွင် ဂူလန်အာဇန် ပါဝင်ခဲ့သည့် အခန်းကဏ္ဍကြောင့် ၎င်းကို သေဒဏ် ပြစ်ဒဏ် ချမှတ် သင့်ကြောင်း အစိုးရ ရှေ့နေများက ပြောကြားသည်။

သို့သော် ၎င်းအပေါ် စွဲဆိုထားသော ပြစ်မှုများသည် သတင်းစာများတွင် ပါဝင်သည့် ယင်းအချိန်က ၎င်းပြောကြားခဲ့သည့် မိန့်ခွန်းများ အပေါ်တွင်သာ မူတည်၍ ပြစ်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ လက်တွေ့ သက်သေပြနိုင်ခြင်း မရှိကြောင်း ဂူလန်အာဇန်၏ ရှေ့နေများက ပြောကြားသည်။

ယခုကဲ့သို့ ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်၍ အထွေထွေသပိတ် ဆင်နွှဲရန် Islamist Jamaat-e-lslami ပါတီက လှုံ့ဆော်ထားသည်။

ဂူလန်အာဇန်ကို အပြည်ပြည်ဆိုင်ရာ ပြစ်မှု တရားရုံးက ပြစ်ဒဏ် ချမှတ်ခဲ့ သည့် ဇန်နဝါရီလမှ စ၍ ပဋိပက္ခများ ဖြစ်ပွားခဲ့ခြင်းကြောင့် လူ ၁၀၀ ကျော် ခန့် သေဆုံးခဲ့ရသည်။

ဘင်္ဂလားဒေ့ရှ်တွင် ၁၉၇၁ ခုနှစ်က ဖြစ်ပွားခဲ့သော ကိုးလကြာ စစ်ပွဲတွင် လူပေါင်း သုံးသန်းခန့် သေဆုံးခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် တရားဝင် မီဒီယာများက ဖော်ပြကြပြီး သီးခြား လွတ်လပ်သော သုတေသီများကမူ လူ ငါးသိန်းခန့်သာ သေဆုံးသည်ဟု ဆိုကြသည်။

The Voice Weekly

Tuesday, July 16, 2013

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ၁၉၇၁ ခုနှစ်က ပါကစ္စတန်နိုင်ငံမှ လွတ်လပ်ရေးစစ်ပွဲ ကာလအတွင်း ကျူးလွန်ခဲ့သော
 ပြစ်မှုငါးခုဖြင့်ဘင်္ဂလားဒေ့ရှ် အစ္စလာမ္မစ်ပါတီ ခေါင်းဆောင်ကို ထောင်ဒဏ် နှစ် ၉၀ ချမှတ်ခဲ့ကြောင်း ဘီဘီစီ
 သတင်းတွင် ဖော်ပြထားသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်အဓိကအစ္စလာမ်မ္မစ်ပါတီတစ်ခုဖြစ်သော Islamist Jamaat-e-lslami ပါတီခေါင်းဆောင်
အဖြစ်၁၉၆၉ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်ထိ တာဝန်ယူခဲ့သူ ဂူလန် အာဇန်ကို စစ်ပွဲ ကာလအတွင်း လူအစုလိုက် အပြုံလိုက် သတ်မှု၊ မုဒိမ်းမှုများဖြင့် ဘင်္ဂလားဒေ့ရှ် စစ် ရာဇဝတ်မှု တရားရုံးက ထောင်ဒဏ် နှစ် ၉၀ ချမှတ်
လိုက်ခြင်း ဖြစ်သည်။

၎င်းအပေါ် ယခုကဲ့သို့ ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်၍ Islamist Jamaat-e-lslami ပါတီကို ထောက်ခံသူ
များနှင့် ရဲတပ်ဖွဲ့ဝင်များသည် ဂူလန်အာဇန်ကို ပြစ်ဒဏ် မချမှတ်ခင် ပဋိပက္ခဖြစ်ခဲ့ကြ သည်။

အသက်၉၀ အရွယ် ရှိပြီဖြစ်သောဂူလန်အာဇန်သည်လူသားမျိုးနွယ်အပေါ် ပြစ်မှု ကျူးလွန်မှုပေါင်း ၆၀
ကျော်
ဖြင့် အမှု ရင်ဆိုင်ခဲ့ရပြီး အဆိုပါ စစ်ပွဲ ကာလအတွင်း ရက်စက်မှုများ ဖြစ်ပွားစေခဲ့သည့် ပြည်သူ့စစ် များ ထူ
ထောင်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ထောင်ဒဏ် နှစ် ၉၀ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

လူထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့မှုနှင့် မုဒိမ်းမှု ကျူးလွန်ခဲ့သည့် အကြမ်းဖက် ပြည်သူ့စစ် အဖွဲ့ များ ထူ
ထောင်ခဲ့မှုတွင်ဂူလန်အာဇန်ပါဝင်ခဲ့သည့်အခန်းကဏ္ဍကြောင့်၎င်းကို သေဒဏ် ပြစ်ဒဏ် ချမှတ် သင့်ကြောင်း
အစိုးရ ရှေ့နေများက ပြောကြားသည်။

သို့သော် ၎င်းအပေါ် စွဲဆိုထားသော ပြစ်မှုများသည် သတင်းစာများတွင် ပါဝင်သည့် ယင်းအချိန်က ၎င်းပြော
ကြားခဲ့သည့် မိန့်ခွန်းများ အပေါ်တွင်သာ မူတည်၍ ပြစ်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ လက်တွေ့ သက်သေ
ပြနိုင်ခြင်း မရှိကြောင်း ဂူလန်အာဇန်၏ ရှေ့နေများက ပြောကြားသည်။

ယခုကဲ့သို့ ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်၍ အထွေထွေသပိတ် ဆင်နွှဲရန် Islamist Jamaat-e-lslami ပါတီ
က လှုံ့ဆော်ထားသည်။

ဂူလန်အာဇန်ကို အပြည်ပြည်ဆိုင်ရာ ပြစ်မှု တရားရုံးက ပြစ်ဒဏ် ချမှတ်ခဲ့ သည့် ဇန်နဝါရီလမှ စ၍ ပဋိပက
္ခများ ဖြစ်ပွားခဲ့ခြင်းကြောင့် လူ ၁၀၀ ကျော် ခန့် သေဆုံးခဲ့ရသည်။

ဘင်္ဂလားဒေ့ရှ်တွင်၁၉၇၁ ခုနှစ်က ဖြစ်ပွားခဲ့သောကိုးလကြာစစ်ပွဲတွင် လူပေါင်း သုံးသန်းခန့် သေ
ဆုံးခဲ့သည်
ဟု ဘင်္ဂလားဒေ့ရှ် တရားဝင် မီဒီယာများက ဖော်ပြကြပြီး သီးခြား လွတ်လပ်သော သုတေသီများကမူ လူ ငါး
သိန်းခန့်သာ သေဆုံးသည်ဟု ဆိုကြသည်။

The Voice Weekly , RangonNewsDaily
kolatt (Pabedan): 16.7.2013

0 comments:

Post a Comment