Pages

Tuesday, July 16, 2013

အာဇာနည်နေ့အခမ်းအနားကျင်းပစဉ် လမ်းအချို့ကို ခေတ္တပိတ်ထားမည်..

Tuesday, July 16, 2013

ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် (၆၆)နှစ်မြောက်၊ အာဇာနည်နေ့ အခမ်းအနားကို ဗဟန်းမြို့
နယ်ရှိ အာဇာနည်ဗိမာန်၌ ကျင်းပပြုလုပ် မည်ဖြစ်ပြီး အခမ်းအနားကျင်းပမည့်နံနက်(၄)နာရီအချိန်မှအခမ်း
အနားပြီးဆုံးသည်အထိ လမ်းအချို့ကို ခေတ္တပိတ်ထားမည်ဟုရန်ကုန်တိုင်းဒေသ ကြီးယာဉ်စည်းကမ်းထိန်း
သိမ်းရေးကြီးကြပ်မှုကော်မတီက သတိပေးနှိုးဆော်ထားသည်။
အဆိုပါနေ့တွင်ပိတ်ထားသော်လည်းလမ်းများကိုလည်း အတိအကျဖော်ပြထားရာတွင်အနောက်ရွှေဂုံတိုင်
လမ်းနှင့်လင့်လမ်းဆုံ၊ ဓမ္မစေတီလမ်းနှင့် အင်းယားလမ်းဆုံ၊ ဓမ္မစေတီနှင့် ဦးဝိစာရလမ်းဆုံ၊ အနောက်ရွှေဂုံ
တိုင်လမ်းနှင့် ဦးဝိစာရလမ်းဆုံတို့တွင် လမ်းလွှဲစနစ်ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

အာဇာနည်လမ်း၊ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်၊ အ နောက်ဘက်မုခ်၊ တောင်ဘက်မုခ်နှင့် မြောက်ဘက်မုခ်
(သွေးဆေးကန်)လမ်းတို့ကို ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ကြိုတင်သတိပေးနှိုးဆော်ထားသည်။

SkyNet TV Browser , RangonNewsDaily
kolatt (Pabedan): 16.7.2013

0 comments:

Post a Comment