Pages

Tuesday, July 16, 2013

မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရ ကိုယ်စားလှယ်အဖွဲ့ ဗြိတိန်နိုင်ငံသို့ ရောက်ရှိ


UK Trip1
သမ္မတဦးသိန်းစိန်အား ဆန္ဒပြရန် ပြင်ဆင်နေသူများ
ဇူလိုင် ၁၅၊ ၂၀၁၃

မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ဟာ ဇူလိုင်လ ၁၄ ရက်နေ့ ဗြိတိန်စံတော်ချိန် ညနေ ၆ နာရီခွဲမှာ အင်္ဂလန်နိုင်ငံ Heathrow လေဆိပ်ကို ဆိုက်ရောက်လာခဲ့ကြပါတယ်။
ဗြိတိန်ခရီးစဉ်အတွင်း မြန်မာနိုင်ငံအတွက် ပညာရေး၊ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ လူ့အခွင့်အရေးဆိုင်
ရာတွေ ဆွေးနွေးဖို့ ရှိနေတဲ့ မြန်မာသမ္မတနဲ့ ဗြိတိန်ဝန်ကြီးချုပ်တို့ တွေ့ဆုံကြမယ့်အချိန်မှာပဲ အင်္ဂလန်နိုင်ငံ
ရောက် မြန်မာ့အရေး လှုပ်ရှားသူများ၊ တရားမျှတမှူကို လိုလားသူ ဗြိတိန်နိုင်ငံသားများမှနေ၍ ပါလီမန် အ
ဆောက် အအုံ၊ ဝန်ကြီးချုပ်အိမ်တော် (၁၀) ဒေါင်းနင်းလမ်း၊ Chatham House,Sofitel hotel အစရှိတဲ့ လန်ဒန်
 မြို့ရဲ့ အချို့နေရာများ၌ ဇူလိုင် ၁၅ ရက် နေ့ ၌ လက်ရှိ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်နေဆဲ အခြေအနေတွေကို ဆန့်ကျင်ကန့်ကွက် ဆန္ဒထုတ်ဖော် ခဲ့ကြပါတယ်။

ယူကေနိုင်ငံ ဝန်ကြီးချူပ် ဒေးဗစ် ကင်မရွန်းနှင့် တွေ့ဆုံပွဲ အတွင်း သမ္မတ ဦးသိန်းစိန်ကဒီနှစ်ကုန်ကျရင် နိုင်
ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးမည်ဖြစ်ကြောင်း ကတိစကားပြောကြားခဲ့တယ်လို့လဲ သိရပါ
တယ်။

ဇူလိုင်လ၁၄ ရက်နေ့ကနေဇူလိုင်လ၁၈ ရက်နေ့အထိ ၅ ရက်တာကြာမြင့်မယ့်ဥရောပခရီးစဉ်အတွင်း သမ္မတ
ဦးသိန်းစိန်ဟာ အင်္ဂလန်နိုင်ငံ ပြီးနောက် ပြင်သစ်နိုင်ငံကို ခရီးဆက်လက် ထွက်ခွာ မည် ဖြစ်ကြောင်း သိရပါ
တယ်။

0 comments:

Post a Comment