Pages

Tuesday, July 16, 2013

ကရာတေး အားကစားနည်း နဲ့ နန်းခင်ဇေယျာ

Photo: ကရာတေး အားကစားနည်း နဲ့ နန်းခင်ဇေယျာ 
Tuesday, July 16, 2013

မကြာမီ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပတော့မယ့် ၂၇ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲကြီး ကတော့ တဖြည်း ဖြည်း နီးကပ်လာပါပြီ။ ဒီဇင်ဘာ ၁၁ ကနေ ၂၂အထိ ရန်ကုန် ၊ နေပြည်တော်၊ မန္တလေး၊ ငွေဆောင်တို့မှာ ကျင်းပ သွားမယ့် ဆီးဂိမ်းအတွက် အားကစား ပရိသတ်တွေက တက် တက်ကြွကြွ အားပေးကြဖို့ ပြင်ဆင် နေကြသလို ပြိုင်ပွဲ ဝင်မယ့် အား ကစားသမားတွေ လည်း ပြင်းပြင်း ထန်ထန် လေ့ကျင့်နေကြပါတယ်။ အာဆီယံ ဒေသတွင်း နိုင်ငံတွေရဲ့ အထင်ကရ ပြိုင်ပွဲကြီးမှာ အားကစား နည်း ၃၃မျိုး ထည့်သွင်း ကျင်းပမှာ ဖြစ်ပြီး ဒီတစ်ပတ် ပေါ်ပြူလာဂျာနယ် ရဲ့ အားကစား ကဏ္ဍ အတွက်တော့ ကရာတေး အားကစားနည်း ကို အနုပညာရှင် နန်းခင်ဇေယျာ နဲ့ စီစဉ် ရိုက်ကူး တင်ဆက်လိုက်ပါတယ်။

ကရာတေး အားကစားနည်းအ တွက် ပါဝင် ကူညီသရုပ် ဆောင်ပေးခဲ့တဲ့ နန်းခင်ဇေယျာရဲ့ ဆီးဂိမ်း မျှော်လင့်ချက်ကတော့ “ဆီးဂိမ်းပြိုင်ပွဲကို ပြည်သူ တစ်ယောက် အနေနဲ့ တအား aမျှာ်လင့်မိတယ်။ ဒီပြိုင်ပွဲ ကို၄၄နှစ် ကြာမှ ပြန်ကျင်းပခွင့်ရ ခဲ့တယ်။ အိမ်ရှင် အဖြစ် ကျင်းပ ခွင့်ရမှာ ကိုလည်း ဂုဏ်ယူမိတယ်” လို့ နန်းခင်ဇေယျာ က ပြောပါတယ်။ နန်းခင်ဇေယျာက ဆီးဂိမ်း လှုံ့ ဆော်ရေး ဇာတ်လမ်းတိုတွေ မှာလည်း ပါဝင် သရုပ်ဆောင်ထားပြီး တိုက်ကွမ်ဒို အားကစားနည်း အတွက် မြင့်မြတ် နဲ့ တွဲပြီး ပါဝင်ထား ပါတယ်။ ဆီးဂိမ်း လှုံ့ဆော်ရေး အတွက် အမှတ်တရတွေ နဲ့ ပတ်သက်ပြီး နန်းခင်ဇေယျာက

“အမှတ်တရ တစ်ခုကတော့ ဒီဇာတ်လမ်းတို က ပထမဆုံး ရိုက်ခဲ့တာ ပါ။ ကြော်ငြာတွေ ပဲ ရိုက်တာများပြီး ဒီဟာက ပထမဆုံးပေါ့။ ဒီဇာတ်လမ်း တိုလေး ထွက်လာတဲ့ အခါမှာလည်း ပရိသတ်တွေက အားပေးကြတာ တအား ပျော်ရတယ်။ သရုပ်ဆောင် လုပ် ရတာတော့ ခက်ခဲပါတယ်” လို့ ပြောပြပါတယ်။ ဆီးဂိမ်း အတွက် လေ့ကျင့်နေကြတဲ့ အားကစား သမား တွေကို မြင်တွေ့ခဲ့ ရပြီး ဒီလို အပြင်း အ ထန်လေ့ ကျင့်နေကြတဲ့ အတွက် ဝမ်းသာမိကြောင်း ဆီးဂိမ်းတွင် ရွှေ များ ရယူပြီး မြန်မာ့ အရည်အချင်း ပြရမည် ဖြစ်ကြောင်း နန်းခင်ဇေယျာ က ဆိုပါတယ်။

အားကစား လေ့ကျင့်တာက ဘယ်လို အကျိုးကျေးဇူးတွေ ရှိလဲလို့ နန်းခင်ဇေယျာကို မေးကြည့်တော့

“ငယ်ငယ် ကတည်းက လမ်းလျှောက် တာတို့၊ ယောဂ ကျင့်တာတို့၊ ကိုယ် လက် အားကစား လေ့ကျင့်တာတို့ လေ့ကျင့်ဖြစ်ခဲ့တယ်။ အားကစား လုပ်တာက ကောင်းတယ်။ ကြံ့ခိုင်မှု၊ ဖွံ့ဖြိုးမှု၊ သက်လုံတွေလည်း ကောင်းစေတယ်။ အားကစား လုပ်တဲ့သူနဲ့ မလုပ်တဲ့သူ နဲ့ က ကျန်းမာရေးချင်း ကွာတယ်။ အရင် တုန်းက ကရာတေး အကြောင်းကို နည်းနည်းပဲ သိခဲ့တယ်။ အခု ရိုက်တဲ့ အချိန် မှာတော့ ကရာတေး အားကစား သမားတွေကို တအား ချီးကျူးတယ်။ ညီမအနေနဲ့ ဓာတ်ပုံ ရိုက်ဖို့ ဟန်လုပ် တာတောင် တော်တော် ခက်ခဲတယ်။ ကရာတေး ကစားသမားတွေက တအား တော်ပြီး ကရာတေး အား ကစားနည်း ကလည်းတအား ကောင်းပါတယ်”လို့ ပြောပါတယ်။

ဆီးဂိမ်းပြိုင်ပွဲမှာ ကိုယ်တတ် နိုင်တဲ့ဘက်ကနေ တက်တက်ကြွကြွ ပါဝင်သွားမယ် ဆိုတဲ့ နန်းခင်ဇေယျာ က ဆီးဂိမ်းဝင်မယ့် အားကစား သမား တွေအတွက် အားပေး စကားကို

“အားလုံးကို ဆုရစေချင်တယ်။ အိမ် ရှင် လုပ်မှာဖြစ်တဲ့ အတွက် ဘာအား ကစားနည်း ပဲဖြစ်ဖြစ် ဆုရစေချင် တယ်။ ဒီက အားကစား သမားတွေ လည်းတော်တော် ကြိုးစားနေတဲ့ အတွက် ကြိုးစားမှု ရလဒ်ကို ခံစားရ မယ်လို့ မျှော်လင့် မိပါတယ်” လို့ နန်း ခင်ဇေယျာကပြော ပြခဲ့ပါတယ်။

ဒီဇင်ဘာ မှာ ကျင်းပမယ့် ဆီးဂိမ်း မှာတော့ ကရာတေး အားကစား နည်းကနေရွှေ ၁၇ခု၊ ငွေ ၁၇ခု၊ ကြေး၃၄ခု ချီးမြှင့်သွားမှာ ဖြစ်ပြီး (Kata) ခတနဲ့ (Kumite) ကုမိ ဆိုပြီး ပြိုင်ပွဲနှစ်မျိုး ပါဝင် မှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲ ၂မျိုးမှာ အမျိုးသား တစ်ဦးချင်း၊ အမျိုး သမီး တစ်ဦးချင်း ပြိုင်ပွဲတွေ၊ အသင်း လိုက် ပြိုင်ပွဲတွေ ပါဝင် မှာဖြစ်ပြီး (Kata) ပြိုင်ပွဲ အတွက် အားကစားသမား (၉)ဦး၊ (Kumite) ပြိုင်ပွဲ အတွက် အား ကစားသမား ၂၃ ဦး စခန်းဝင် လေ့ကျင့်နေကြောင်း ကရာတေး အဖွဲ့ချုပ်ကနေ သိရပါတယ်။

သီဟ
ဓာတ်ပုံ-မင်းမင်းထွန်း

Popular Journal

Tuesday, July 16, 2013

မကြာမီ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပတော့မယ့် ၂၇ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲကြီး ကတော့ တဖြည်း ဖြည်း နီးကပ်လာပါပြီ။ ဒီဇင်ဘာ ၁၁ ကနေ ၂၂အထိ ရန်ကုန် ၊ နေပြည်တော်၊ မန္တလေး၊ ငွေဆောင်တို့မှာ ကျင်းပ သွားမယ့် ဆီးဂိမ်းအတွက် အားကစား ပရိသတ်တွေက တက်တက်ကြွကြွ အားပေးကြဖို့ ပြင်ဆင် နေကြသလို
 ပြိုင်ပွဲ ဝင်မယ့် အား ကစားသမားတွေ လည်း ပြင်းပြင်း ထန်ထန် လေ့ကျင့်နေကြပါတယ်။ အာဆီယံ ဒေသတွင်း နိုင်ငံတွေရဲ့ အထင်ကရ ပြိုင်ပွဲကြီးမှာ အားကစား နည်း ၃၃မျိုး ထည့်သွင်း ကျင်းပမှာ
 ဖြစ်ပြီး ဒီတစ်ပတ် ပေါ်ပြူလာဂျာနယ် ရဲ့ အားကစား ကဏ္ဍ အတွက်တော့ ကရာတေး အားကစားနည်း ကို အနုပညာရှင် နန်းခင်ဇေယျာ နဲ့ စီစဉ် ရိုက်ကူး တင်ဆက်လိုက်ပါတယ်။

ကရာတေး အားကစားနည်းအ တွက် ပါဝင် ကူညီသရုပ် ဆောင်ပေးခဲ့တဲ့ နန်းခင်ဇေယျာရဲ့ဆီးဂိမ်း မျှော်လင့်
ချက်ကတော့ “ဆီးဂိမ်းပြိုင်ပွဲကို ပြည်သူ တစ်ယောက် အနေနဲ့ တအား aမျှာ်လင့်မိတယ်။ ဒီပြိုင်ပွဲ ကို၄၄နှစ် ကြာမှ ပြန်ကျင်းပခွင့်ရခဲ့တယ်။အိမ်ရှင်အဖြစ် ကျင်းပ ခွင့်ရမှာ ကိုလည်း ဂုဏ်ယူမိတယ်” လို့ နန်းခင်ဇေယျာ
 က ပြောပါတယ်။ နန်းခင်ဇေယျာက ဆီးဂိမ်း လှုံ့ ဆော်ရေး ဇာတ်လမ်းတိုတွေ မှာလည်း ပါဝင် သရုပ်ဆောင်
ထားပြီး တိုက်ကွမ်ဒို အားကစားနည်း အတွက် မြင့်မြတ် နဲ့ တွဲပြီး ပါဝင်ထား ပါတယ်။ ဆီးဂိမ်း လှုံ့ဆော်ရေး အတွက် အမှတ်တရတွေ နဲ့ ပတ်သက်ပြီး နန်းခင်ဇေယျာက

“အမှတ်တရ တစ်ခုကတော့ ဒီဇာတ်လမ်းတို က ပထမဆုံး ရိုက်ခဲ့တာ ပါ။ ကြော်ငြာတွေ ပဲ ရိုက်တာများပြီး ဒီ
ဟာက ပထမဆုံးပေါ့။ ဒီဇာတ်လမ်း တိုလေး ထွက်လာတဲ့ အခါမှာလည်း ပရိသတ်တွေက အားပေးကြတာ တ
အား ပျော်ရတယ်။ သရုပ်ဆောင် လုပ် ရတာတော့ ခက်ခဲပါတယ်” လို့ ပြောပြပါတယ်။ ဆီးဂိမ်း အတွက် လေ့
ကျင့်နေကြတဲ့ အားကစား သမား တွေကို မြင်တွေ့ခဲ့ ရပြီး ဒီလို အပြင်း အ ထန်လေ့ ကျင့်နေကြတဲ့ အတွက် ဝမ်းသာမိကြောင်း ဆီးဂိမ်းတွင် ရွှေ များ ရယူပြီး မြန်မာ့ အရည်အချင်း ပြရမည် ဖြစ်ကြောင်း နန်းခင်ဇေယျာ က ဆိုပါတယ်။

အားကစား လေ့ကျင့်တာက ဘယ်လို အကျိုးကျေးဇူးတွေ ရှိလဲလို့ နန်းခင်ဇေယျာကို မေးကြည့်တော့“ငယ်
ငယ် ကတည်းက လမ်းလျှောက် တာတို့၊ ယောဂ ကျင့်တာတို့၊ ကိုယ် လက် အားကစား လေ့ကျင့်တာတို့လေ့
ကျင့်ဖြစ်ခဲ့တယ်။ အားကစား လုပ်တာက ကောင်းတယ်။ ကြံ့ခိုင်မှု၊ ဖွံ့ဖြိုးမှု၊ သက်လုံတွေလည်း ကောင်းစေ
တယ်။ အားကစား လုပ်တဲ့သူနဲ့ မလုပ်တဲ့သူ နဲ့ က ကျန်းမာရေးချင်း ကွာတယ်။ အရင် တုန်းက ကရာတေး အ
ကြောင်းကို နည်းနည်းပဲ သိခဲ့တယ်။ အခု ရိုက်တဲ့ အချိန် မှာတော့ ကရာတေး အားကစား သမားတွေကို တ
အား ချီးကျူးတယ်။ ညီမအနေနဲ့ ဓာတ်ပုံ ရိုက်ဖို့ ဟန်လုပ် တာတောင် တော်တော် ခက်ခဲတယ်။ ကရာတေး ကစားသမားတွေက တအား တော်ပြီး ကရာတေး အား ကစားနည်း ကလည်းတအား ကောင်းပါတယ်”လို့
 ပြောပါတယ်။

ဆီးဂိမ်းပြိုင်ပွဲမှာ ကိုယ်တတ် နိုင်တဲ့ဘက်ကနေ တက်တက်ကြွကြွ ပါဝင်သွားမယ် ဆိုတဲ့ နန်းခင်ဇေယျာ က ဆီးဂိမ်းဝင်မယ့် အားကစား သမား တွေအတွက် အားပေး စကားကို

“အားလုံးကို ဆုရစေချင်တယ်။ အိမ် ရှင် လုပ်မှာဖြစ်တဲ့ အတွက် ဘာအား ကစားနည်း ပဲဖြစ်ဖြစ် ဆုရစေချင် တယ်။ ဒီက အားကစား သမားတွေ လည်းတော်တော် ကြိုးစားနေတဲ့ အတွက် ကြိုးစားမှု ရလဒ်ကို ခံစားရ မယ်လို့ မျှော်လင့် မိပါတယ်” လို့ နန်း ခင်ဇေယျာကပြော ပြခဲ့ပါတယ်။

ဒီဇင်ဘာ မှာ ကျင်းပမယ့် ဆီးဂိမ်း မှာတော့ ကရာတေး အားကစား နည်းကနေရွှေ ၁၇ခု၊ ငွေ ၁၇ခု၊ ကြေး၃၄
ခု ချီးမြှင့်သွားမှာ ဖြစ်ပြီး (Kata) ခတနဲ့ (Kumite) ကုမိ ဆိုပြီး ပြိုင်ပွဲနှစ်မျိုး ပါဝင် မှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲ ၂မျိုး
မှာ အမျိုးသား တစ်ဦးချင်း၊ အမျိုး သမီး တစ်ဦးချင်း ပြိုင်ပွဲတွေ၊ အသင်း လိုက် ပြိုင်ပွဲတွေ ပါဝင် မှာဖြစ်ပြီး (Ka
ta) ပြိုင်ပွဲ အတွက် အားကစားသမား (၉)ဦး၊ (Kumite) ပြိုင်ပွဲ အတွက် အား ကစားသမား ၂၃ ဦး စခန်းဝင်
 လေ့ကျင့်နေကြောင်း ကရာတေး အဖွဲ့ချုပ်ကနေ သိရပါတယ်။

သီဟ
ဓာတ်ပုံ-မင်းမင်းထွန်း
Popular Journal , RangonNewsDaily
kolatt (Pabedan): 16.7.2013

0 comments:

Post a Comment