Pages

Tuesday, July 16, 2013

ဘိုင်ယန်မြူးနစ်အသင်း သီယာဂို အယ်ကန်တာယာကို ခေါ်ယူခွင့်ရ

Photo: ဘိုင်ယန်မြူးနစ်အသင်း သီယာဂို အယ်ကန်တာယာကို ခေါ်ယူခွင့်ရ
Tuesday, July 16, 2013

ဘိုင်ယန်မြူးနစ်နှင့် ဘာစီလိုနာအသင်းတို့သည် ကွင်းလယ် ကစားသမား သီယာဂိုအယ်ကန်တာယာ အတွက် ပေါင် ၂၁ ဒသမ ၆ သန်းဖြင့် သဘောတူညီမှု ရရှိခဲ့သဖြင့် ထို စပိန် ကစားသမားသည် ဘွန်ဒက်လီဂါ ချန်ပီယံအသင်းထံသို့ သွားရောက် ပူးပေါင်းရတော့မည်ဖြစ်ကြောင်း The Sun ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။

ကလပ်အသင်း နှစ်သင်းကြား သဘောတူညီမှုတွင် ထိုကစားသမားကို လေးနှစ်အတွင်း ကစားရမည့် ချစ်ကြည်ရေး ပြိုင်ပွဲတွင် ထည့်သွင်း ကစားစေရမည်ဟု ထည့်သွင်း ချုပ်ဆိုထားကြောင်း ထပ်မံ ဖော်ပြထားသည်။

ဘိုင်ယန် ဒါရိုက်တာ မာသီးယပ်စ် ဆမ်းမားသည် ထိုကစားသမားကို အသင်းနှင့် အမြန်ဆုံး အထိုင်ကျမည်ဟု ယုံကြည်ထားပြီး ဥရောပ ချန်ပီယံ အသင်းအတွက် နည်းပြသစ် ဂွါဒီယိုလာ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သဖြင့် ဂုဏ်ယူမိကြောင်း ထပ်မံ ဖော်ပြခဲ့သည်။ 

ဘာကာ လူငယ် ကစားသမားသည် ရက်ပိုင်းအတွင်း အီရီနာကွင်းသို့ လာရောက်ကာ ဆေးစစ်မှု ပြုလုပ်ရမည်ဖြစ်ကြောင်းနှင့် ၂၀၀၇ ခုနှစ် ဇွန်လအထိ လေးနှစ်ကြာ သက်တမ်းရှိ စာချုပ်ကိုလည်း လာရောက် ချုပ်ဆိုတော့မည်ဖြစ်ကြောင်း ဘိုင်ယန်အသင်း ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။ 

ဘိုင်ယန် ဥက္ကဋ္ဌ ရွမ်မင်နစ်က “နည်းပြ သစ်ဂွါဒီယိုလာက သူ့တပည့်ဟောင်းကို ခေါ်ယူချင်တယ်လို့ ဆိုတဲ့ သူ့ရဲ့ အကြီးမားဆုံး ဆန္ဒကို ဖြည့်ဆည်းပေးတဲ့ သဘောပါ” ဟု ဆိုခဲ့သည်။

သီယာဂိုကို မန်ယူအသင်း အပါအဝင် ဥရောပ အသင်းများက အသည်းအသန် ခေါ်ယူရန် ကြိုးစားနေမှုကို လက်ဦးမှု ရယူကာ ဘိုင်ယန် အသင်းက ကြားဖြတ် အမြန် ခေါ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။

အီတလီနိုင်ငံ၌ မွေးဖွားခဲ့သူ သီယာဂိုသည် ၂၀၁၃ ခုနှစ် ဥရောပ ယူ ၂၁ ပြိုင်ပွဲ ဗိုလ်လုပွဲတွင် စပိန်အသင်း ခေါင်းဆောင်အဖြစ် အီတလီ အသင်းကို တစ်ဦးတည်း သုံးဂိုးသွင်းကာ ချန်ပီယံဆုကို ရယူပေးနိုင်ခဲ့သည့် အသင်း ခေါင်းဆောင်လည်း ဖြစ်သည်။

The Voice Weekly

Tuesday, July 16, 2013

ဘိုင်ယန်မြူးနစ်နှင့်ဘာစီလိုနာအသင်းတို့သည် ကွင်းလယ် ကစားသမား သီယာဂိုအယ်ကန်တာယာ အတွက်
 ပေါင်၂၁ ဒသမ ၆ သန်းဖြင့် သဘောတူညီမှု ရရှိခဲ့သဖြင့် ထို စပိန် ကစားသမားသည် ဘွန်ဒက်လီဂါ ချန်ပီယံ
အသင်းထံသို့ သွားရောက် ပူးပေါင်းရတော့မည်ဖြစ်ကြောင်း The Sun ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။ ကလပ်အသင်း နှစ်သင်းကြားသဘောတူညီမှုတွင်ထိုကစားသမားကို လေးနှစ်အတွင်းကစားရမည့် ချစ်ကြည်
ရေး ပြိုင်ပွဲတွင် ထည့်သွင်း ကစားစေရမည်ဟု ထည့်သွင်း ချုပ်ဆိုထားကြောင်း ထပ်မံ ဖော်ပြထားသည်။

ဘိုင်ယန် ဒါရိုက်တာ မာသီးယပ်စ် ဆမ်းမားသည် ထိုကစားသမားကို အသင်းနှင့် အမြန်ဆုံး အထိုင်ကျမည်ဟု ယုံကြည်ထားပြီး ဥရောပ ချန်ပီယံ အသင်းအတွက် နည်းပြသစ် ဂွါဒီယိုလာ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေး
နိုင်သဖြင့် ဂုဏ်ယူမိကြောင်း ထပ်မံ ဖော်ပြခဲ့သည်။

ဘာကာလူငယ်ကစားသမားသည်ရက်ပိုင်းအတွင်း အီရီနာကွင်းသို့ လာရောက်ကာ ဆေးစစ်မှု ပြုလုပ်ရမည်
ဖြစ်ကြောင်းနှင့် ၂၀၀၇ ခုနှစ်ဇွန်လအထိ လေးနှစ်ကြာသက်တမ်းရှိစာချုပ်ကိုလည်းလာရောက် ချုပ်ဆိုတော့
မည်ဖြစ်ကြောင်း ဘိုင်ယန်အသင်း ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။

ဘိုင်ယန် ဥက္ကဋ္ဌ ရွမ်မင်နစ်က “နည်းပြ သစ်ဂွါဒီယိုလာက သူ့တပည့်ဟောင်းကို ခေါ်ယူချင်တယ်လို့ ဆိုတဲ့ သူ့
ရဲ့ အကြီးမားဆုံး ဆန္ဒကို ဖြည့်ဆည်းပေးတဲ့ သဘောပါ” ဟု ဆိုခဲ့သည်။

သီယာဂိုကို မန်ယူအသင်းအပါအဝင်ဥရောပအသင်းများကအသည်းအသန် ခေါ်ယူရန် ကြိုးစားနေမှုကိုလက်
ဦးမှု ရယူကာ ဘိုင်ယန် အသင်းက ကြားဖြတ် အမြန် ခေါ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။

အီတလီနိုင်ငံ၌ မွေးဖွားခဲ့သူ သီယာဂိုသည် ၂၀၁၃ ခုနှစ် ဥရောပ ယူ ၂၁ ပြိုင်ပွဲ ဗိုလ်လုပွဲတွင် စပိန်အသင်း
 ခေါင်းဆောင်အဖြစ် အီတလီ အသင်းကို တစ်ဦးတည်း သုံးဂိုးသွင်းကာ ချန်ပီယံဆုကို ရယူပေးနိုင်ခဲ့သည့် အသင်း ခေါင်းဆောင်လည်း ဖြစ်သည်။

The Voice Weekly , RangonNewsDaily
kolatt (Pabedan): 16.7.2013

0 comments:

Post a Comment