Pages

Tuesday, June 25, 2013

ကိုရီးယား ကျွန်းဆွယ် တင်းမာမှုများ မြင့်တက်နေခြင်းသည် အမေရိကန် လက်ချက်ဖြစ်ကြောင်း မြောက်ကိုရီးယား ပြောကြား

Photo: ကိုရီးယား ကျွန်းဆွယ် တင်းမာမှုများ မြင့်တက်နေခြင်းသည် အမေရိကန် လက်ချက်ဖြစ်ကြောင်း မြောက်ကိုရီးယား ပြောကြား 
Tuesday, June 25, 2013

ကိုရီးယား ကျွန်းဆွယ်အရေးနှင့် စပ်လျဉ်း၍ တင်းမာမှုများ အရှိန်အဟုန် မြင့်တက် နေခြင်းသည် အမေရိကန် နိုင်ငံ၏ လက်ချက်ပင် ဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံက ပြစ်တင် ဝေ

ဖန် ပြောကြားခဲ့သည့် အပြင် အမေရိကန် ပြည်ထောင်စု၏  စစ်အင်အား တိုးချဲ့ခြင်းကို  ရပ်တန့်ရန်  တောင်းဆိုခဲ့ကြောင်း သိရသည်။

၎င်းအပြင် အမေရိကန် ပြည်ထောင်စုသည် ၎င်းတို့၏ သရုပ် အစစ်အမှန်ကို ဖုံးကွယ် ထားနိုင်မည် မဟုတ်ကြောင်း Rodong Sinmun သတင်းဌာန၏ နေ့စဉ်တိုက်ရိုက်  ထုတ်လွှင့်မှု အစီအစဉ်၌ မြောက်ကိုရီးယား အာဏာရပါတီက ဇွန်၂၃ ရက်တွင် ရှင်းလင်းပြောကြားခဲ့ သည်ဟု သိရသည်။ ထို့ပြင် သမ္မတ အိုဘားမား၏ အာရှဒေသအား မဏ္ဍိုင်ပြုရေး အစီအစဉ် အတွက် တောင်ကိုရီးယား နိုင်ငံတွင် ကုလသမဂ္ဂ ကဲ့သို့သော အဖွဲ့အစည်းများ ဖွင့်လှစ်ခြင်းကိုလည်း  ဖျက်သိမ်းပေးရန် ကုလ သမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား သံအမတ်    ဆင်ဆန်းဟိုက တောင်းဆိုခဲ့ပြီးနောက် အဆိုပါ ရှင်းလင်း ပြောကြားချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယနေ့ခေတ် ကာလ၌ အရှေ့မြောက် အာရှဒေသများတွင် ဖြစ်ပွားလျက်ရှိသော ပြဿနာ အများစုသည် မြောက်ကိုရီးယားနှင့် အမေရိကန် နှစ်နိုင်ငံကြား ရန်လိုသော ဆက်ဆံရေး များကြောင့် ဖြစ်ကြောင်း ဆင်က ဇွန် ၂၂ ရက်က ပြောကြားခဲ့သည်ဟု သိရသည်။

ထို့ပြင် မိမိတို့ နိုင်ငံကို ခုခံ ကာကွယ်ရန်အတွက် မည်သည့် အဟန့်အတားမျိုးကို မဆို   အလျှော့ ပေးသွားမည် မဟုတ်သော်လည်း အမေရိကန် ပြည်ထောင်စုနှင့် အဆင့်မြင့် ဆွေးနွေးပွဲများ ကျင်းပရန မိမိတို့ နိုင်ငံဘက်မှ ကမ်းလှမ်းခဲ့ခြင်း ဖြစ်ကြောင်း ဆင်က ထပ်လောင်း ပြောကြားခဲ့သည်ဟု သိရသည်။  

မြ၀တီ

Tuesday, June 25, 2013

ကိုရီးယား ကျွန်းဆွယ်အရေးနှင့် စပ်လျဉ်း၍ တင်းမာမှုများ အရှိန်အဟုန် မြင့်တက် နေခြင်းသည် အမေရိကန်
နိုင်ငံ၏လက်ချက်ပင် ဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံက ပြစ်တင် ဝေဖန် ပြောကြားခဲ့သည့်အပြင် အမေ
ရိကန် ပြည်ထောင်စု၏ စစ်အင်အား တိုးချဲ့ခြင်းကို ရပ်တန့်ရန် တောင်းဆိုခဲ့ကြောင်း သိရသည်။ ၎င်းအပြင် အမေရိကန် ပြည်ထောင်စုသည် ၎င်းတို့၏ သရုပ် အစစ်အမှန်ကို ဖုံးကွယ် ထားနိုင်မည် မဟုတ်
ကြောင်း Rodong Sinmun သတင်းဌာန၏ နေ့စဉ်တိုက်ရိုက် ထုတ်လွှင့်မှု အစီအစဉ်၌ မြောက်ကိုရီးယား အာ
ဏာရပါတီက ဇွန်၂၃ ရက်တွင် ရှင်းလင်းပြောကြားခဲ့ သည်ဟု သိရသည်။
 
ထို့ပြင် သမ္မတ အိုဘားမား၏ အာရှဒေသအား မဏ္ဍိုင်ပြုရေး အစီအစဉ် အတွက် တောင်ကိုရီးယား နိုင်ငံတွင် ကုလသမဂ္ဂ ကဲ့သို့သော အဖွဲ့အစည်းများ ဖွင့်လှစ်ခြင်းကိုလည်းဖျက်သိမ်းပေးရန်ကုလသမဂ္ဂဆိုင်ရာ မြောက်
ကိုရီးယားသံအမတ်ဆင်ဆန်းဟိုက တောင်းဆိုခဲ့ပြီးနောက်အဆိုပါရှင်းလင်း ပြောကြားချက် ထွက်ပေါ်လာ
ခြင်း ဖြစ်သည်။

ယနေ့ခေတ် ကာလ၌ အရှေ့မြောက် အာရှဒေသများတွင် ဖြစ်ပွားလျက်ရှိသော ပြဿနာ အများစုသည်
 မြောက်ကိုရီးယားနှင့် အမေရိကန် နှစ်နိုင်ငံကြား ရန်လိုသော ဆက်ဆံရေး များကြောင့် ဖြစ်ကြောင်း ဆင်က ဇွန် ၂၂ ရက်က ပြောကြားခဲ့သည်ဟု သိရသည်။

ထို့ပြင် မိမိတို့ နိုင်ငံကို ခုခံ ကာကွယ်ရန်အတွက် မည်သည့် အဟန့်အတားမျိုးကို မဆို အလျှော့ ပေးသွားမည် မဟုတ်သော်လည်း အမေရိကန် ပြည်ထောင်စုနှင့် အဆင့်မြင့် ဆွေးနွေးပွဲများ ကျင်းပရန မိမိတို့ နိုင်ငံဘက်မှ ကမ်းလှမ်းခဲ့ခြင်း ဖြစ်ကြောင်း ဆင်က ထပ်လောင်း ပြောကြားခဲ့သည်ဟု သိရသည်။

မြ၀တီ , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၂၅.၆.၂၀၁၃

0 comments:

Post a Comment