Pages

Tuesday, June 25, 2013

နေပြည်တော် လယ်ဝေးမြို့နယ်တွင် မီးပွိုင့်မှ မီးနီစဉ် ဖြတ်မောင်းသည့်ဆိုင်ကယ်နှင့် မော်တော်ယာဉ်တိုက်မိ

Tuesday, June 25, 2013

၂၄-၆-၂၀၁၃ ရက်နေ့ ၀၇၀၀ အချိန် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ဗောဓိကုန်းလမ်းဆုံ မီးပွိုင့်တွင် ပျဉ်း

မနားမြို့နယ်၊ကြို့ပင်အလယ်ရွာနေ မောင်တိုးတိုး(၂၀)နှစ်မောင်းနှင်ပြီးတစ်ရွာတည်းနေ မောင်သူဇော်ထက်
(၁၈)နှစ်လိုက်ပါလာသည့်ဆိုင်ကယ်သည် မီးပွိုင့်မီးနီနေစဉ် ပျဉ်းမနားလမ်းဟောင်းမှ လေဆိပ်သွားလမ်းသို့ ချိုးကွေ့မောင်းနှင်ရာမှ ရန်အောင်မြင်လမ်းဆုံမှလေဆိပ်ဘက်သို့ တရုတ်နိုင်ငံသား ကျောက်မျက်ပြပွဲခရီး
သည်(၂)ဦးအားတင်ဆောင်ပြီး ယာဉ်မောင်း(စိစစ်ဆဲ)မောင်းနှင်လာသော၇ဃ/၆၃၅၈ အေဒီဗင် အဖြူရောင်
ယာဉ်နှင့် ၀င်ရောက်တိုက်မိခဲ့သည်။
ယာဉ်တိုက်မိမှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ မောင်တိုးတိုးတွင် ၀ဲတံတောင်ပွန်း၊ခါးနာဝဲ/ယာဒူးပွန်း၊ ခြေ
မိုးပွန်းဒဏ်ရာများနှင့် မောင်သူဇော်ထက်တွင်နဖူး/ယာတံတောင်ပွန်း၊၀ဲလက်မောင်းနာကျင်၊ နှာခေါင်းဖူး
ရောင်၊၀ဲ/ ယာဒူးပွန်းဒဏ်ရာများရရှိခဲ့သဖြင့်လယ်ဝေးကုတင် (၁၀၀)ဆေးရုံသို့ တင်ပို့ကုသခဲ့သည်။

အဆိုပါ၇ဃ/၆၃၅၈ယာဉ်မှာရပ်တန့်ခြင်းမရှိဘဆက်လက်မောင်းနှင်သွားပြီး နှင်းဆီပန်းအ၀ိုင်းနှင့်သံလမ်းကူးကြားတွင်တရုတ်နိုင်ငံသားခရီးသည်(၂)ဦးအား ယာဉ်ပေါ်မှချထား ခဲ့ကာ ယာဉ်အား ဆက်လက် မောင်းနှင်

သွားခဲ့သည်။ 

လယ်ဝေးမြို့နယ်၊သာဝတ်္ထိနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များကအဆိုပါယာဉ်အားသာဝတ်္ထိနယ်မြေ၊ချိပ်ကပ်
တောင်အနီးလမ်းဘေးခြုံပုတ်ထဲ၌ယာဉ်မောင်းမပါဘဲတွေ့ရှိခဲ့သဖြင့် လယ်ဝေးယာဉ်မှုစစ်အဖွဲ့သို့ဆက်
လက် အကြောင်းကြားပြီး တရုတ်နိုင်ငံသား(၂)ဦးအားလမ်းကြောင်းလုံခြုံရေးတာဝန်ကျရဲတပ်ဖွဲ့ဝင်များမှ
နေပြည်တော်လေဆိပ်သို့ကူညီပို့ဆောင်ပေးခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍လယ်ဝေးမြို့မရဲစခန်းယာဉ်(ပ)၈/၂၀၁၃၊ ပြစ်မှုပုဒ်မ၃၃၇/၃၃၈ ဖြင့်အမှုဖွင့်လှစ်၍ တ
ရားခံဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာထွက်ပြေးတိမ်းရှောင်သွားသည့်ရန် ကုန်တိုင်းဒေသကြီး၊သင်္ဃန်းကျွန်း
 မြို့နယ်၊ဆ/ကရပ်ကွက်နေယာဉ်မောင်း ဇေယျာဝင်း(၂၉)နှစ်အားအမှုဖြင့်ဖမ်းဆီးအရေးယူထားကြောင်း
သတင်းရရှိ သည်။

ရဲဇာနည်

Tuesday, June 25, 2013

0 comments:

Post a Comment