Pages

Tuesday, June 25, 2013

"ဘာသာရေးအပိုင်းတွင် ကျွမ်းကျင်သူ မဟုတ်၍ မျိုးစောင့်ဥပဒေဆိုသည်ကို မသုံးသပ်လိုဟု ဒေါ်အောင်ဆန်းစုကြည်ပြော"

နေပြည်တော်၊ဇွန် ၂၅

လူပြောများနေသော အမျိုးစောင့်ဥပဒေဆိုသည်တွင် ဘာယာရေးနှင့် ဥပဒေ ရောယှက်နေသည့် အတွက် ဘာသာရေးအပိုင်းတွင်ကျွမ်းကျင်သူမဟုတ်၍ သုံးသပ် လိုခြင်းမရှိဟု ပြည်သူလွှတ်တော် တရားဥပဒေစိုးမိုး
ရေး ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကယနေ့ကျင်းပသောပဌမအကြိမ် ပြည်သူ့လွှတ်တော်သတ္တမ
ပုံမှန်အစည်းအဝေး ပထမနေ့ နေ့လည်ပိုင်းခေတ္တနားချိန်ဝယ် မီဒီယာများနှင့်တွေ့ဆုံစဉ်ပြောကြားသည်။
“အဲဒီဟာကနှစ်ဖက်ရှိတယ်လေ၊ဘာသာရေး နဲ့ ဥပဒေ နှစ်ပိုင်းရှိတယ်လေ၊ဘာသာရေး မှာ ကျွမ်းကျင်သူ မ
ဟုတ်တဲ့ အတွက် ဘာသာရေး နဲ့ ပတ်သတ်ပြီး အန်တီပြောလေ့ မရှိဘူး ၊လက်ရှိအန်တီတို့ တည်စဲ ဥပဒေ ထဲ
မှာ အဲလိုမျိုး ဥပဒေ မရှိဘူး၊ဥပဒေဆို တာဟာတော့ တရားမျှတ မှု ကို အခြေခံရမယ်တန်းတူညီမျှ မှုကိုအခြေ
ခံရမယ်ဆိုတာ အားလုံး လက်ခံထား တဲ့ဟာတွေပဲ ”ဟု ၎င်း ကပြောသည်။

တိုင်းမဂ္ဂဇင်း ထဲတွင် ဗုဒ္ဒဘာသာကို အကြမ်းဖက် မှုခေါင်စဉ်နှင့် ယှဉ်တွဲဖေါ် ပြ မှုနှင့်ပတ်သတ်၍ ဒေါ်အောင်

ဆန်းစုကြည်ကအဆိုပါ ဆောင်းပါးကိုဖတ်ရခြင်းမရှိသေးကြောင်း အစိုးရ ကကန့် ကွက်သည် ကို လည်း ကြား
ရကြောင်း အဆိုပါ ဆောင်းပါးကို ဖတ်ရှုရခြင်း မရှိသေးသည့် အတွက် သုံးသပ်မှု မပြုလုပ်လို ကြောင်း၎င်း က
ပြောသည်။

“ဘယ်ဘာသာပဲဖြစ်ဖြစ်ပေါ့ အကြမ်းဖက်မှုနဲ့ ပတ်သတ်ပြီး အထင်ခံရတာ ကတော့ ဘယ်ကောင်းမှာလဲ၊ဘာ

သာတရားဆိုတာကတော့အခြေခံကတော့လူသားတွေကြားမှာအချင်းချင်း မေတ္တာ ပွားဖို့ ဂရုဏာ ၊မုဒိတာ
ပွားဖို့ ဥပက္ခာ ပွားနိုင်ဖို့ ဒီဟာကိုတွန်းအားပေးရမယ် ဘယ်ဘာသာဖြစ်ဖြစ်ပါအများအမြင်မှာ အကြမ်းဖက်
တယ်လို့ မြင်လာတာ မကောင်းဘူးပေါ့၊ဒါပေမယ့်ဒီလို အမှားမြင်တာ မဖြစ်အောင် အားလုံးက ၀ိုင်းဝန်ကြိုး
ပမ်းဖို့ လိုတာပေါ့”ဟု ၎င်း ကပြောသည်။

ဘာသာတရားကိုးကွယ်ခြင်းမှာ ယုံကြည်မှုနှင့်သက်ဆိုင်ကြောင်းထိုကြောင့်ဘာသာတရားကို လိုက်စားသည့်

သူအားလုံးကယုံကြည်မှုခိုင်မာလျှင်မည်သည်အရာနှင့်မျှလုပ်လို မှမရပါကြောင်း၎င်း ကဘာသာရေး အပေါ် 
ကာ ကွယ်ရန်ဥပဒေ ပြဌာန်းရေးနှင့်ပတ်သတ်ပြီး ပြောကြားသည်။

“ဒါတွေနဲ့ ပတ်သတ်ပြီး အန်တီမဖြေချင်လို့ မဟုတ်ဘူးအခုအန်တီတို့ နိုင်ငံ အပေါ်မှာ အမြင်စောင်းလာပြီးဆို

တာ အားလုံသိနေတာပဲမီဒီယာတွေမှာ ဖြစိပျက်နေတာအားလုံးကြားမှာပါအရင်တုန်းကအန်တီတို့ တိုင်းပြည်
မှာ ဖြစ်ပျက်နေတာ ဒီမှာပဲဖြစ်နေတာ၊အခုအန်တီတို တိုင်းပြည်မှည ဖြစ်ပျက်နေတာတစ်ကမ္ဘာလုံးနဲ့ ဆက်
နွယ်နေတယ်ဒီဟာကို ချိန်ခွင် လျှာညီးမျှ အောင်လုပ်ရမယ်၊ကိုယ်နိုင်ငံအတွင်က ကိုယ်ပြည်သူတွေရဲ့စိတ်
အေးချမ်းလုံခြုံမှုကိုလည်းစဉ်စားရမယ်၊ကိုယ်နိုင်ငံမှာရှိတဲ့လူတိုင်းရဲ့အေးချမ်းတည်ငြိမ်မှု ကို စဉ်စားရမယ် 
ကွက်ပြီးတော့ စဉ်စားလို့ မရဘူး၊ တစ်ကမ္ဘာလုံးရဲ့ အနေအထားနဲ့ လည်းစဉ်စားရမယ်”ဟု ၎င်း ကပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သောပဋိပက္ခများသည်တစ်ဦးတစ်ယောက်တည်း အဖြေထုတ်ဖြေရှင်းနိုင်

သည့် ကိစ္စ မျိုး မဟုတ်ကြောင်းအခြေအနေ များကလည်းပြောင်းလဲမှု မြန်ဆန်ကြောင်း ဆက်လက်ဖြစ်ပွားမှု 
မရှိရန် ၀ိုင်းဝန် အဖြေရှာရန် လို အပ်ကြောင်း ၎င်း ကပြောသည်။

စိုင်းနောင်
Popular Myanmar News, RangonNewsDaily
kolatt(PBDN): 24.6.2013

0 comments:

Post a Comment