Pages

Tuesday, June 25, 2013

တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်တွင် ကားတိမ်းမှောက် တစ်ဦးတိမ်းပါး

Tuesday, June 25, 2013

တောင်ကြီးမြို့သို့ မောင်းနှင်လာသည့် ကားလေးလုံးထိုး ယာဉ်တစ်စီးသည် ဇလဲလမ်း ဘုရားဖြူရပ်ကွက်နယ်

မြေ ၁၁တွင် တိမ်းမှောက်မှု ဖြစ်ပေါ်ခဲ့ရာမှ ခရီးသွားတစ်ဦး တိမ်းပါးသွားခဲ့သည်။ တောင်ကြီးမြို့နယ်က ဇလဲ
အတက် လမ်းတွင် မောင်းနှင်လာသည့် အဆိုပါယာဉ်ရှေ့ရှိ ကားတစ်စီးမှာ မတက်နိုင်ဘဲဖြစ်နေစဉ် နောက်
သို့ တိမ်းရှောင်ရာမှလမ်းအနောက်ဘက်ရှိ ချောက်ထဲသို့ ထိုးကျကာခရီးသည်တစ်ဦးသေဆုံးခဲ့ခြင်း ဖြစ်သည်
ဟု တောင်ကြီးမြို့ အမှတ် -၂ ရဲစခန်းမှ ရဲတပ်သားနယ်ထိန်းက မဇ္ဈိမကို ပြောသည်။
သေဆုံးသူမှာမသဲဖြူဖြစ်ပြီးကားပေါ်တွင်လိုက်ပါလာသည့် ဒေါ်နန်းဆိုင်၊ မချစ်စု၊ မပြုံးချို၊ ဒေါ်ခမ်းတို့မှာလည်း
ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု အဆိုပါ ရဲဝန်ထမ်းက ပြောသည်။

သေဆုံးသူမသဲဖြူသည် တောင်ကြီးမြို့နယ်ဖာမွန်းကျေးရွာအုပ်စု၊လယ်ငယ်ရွာတွင် နေထိုင်သူသည်။ ''မိုးက

လည်းရွာထားတော့လမ်းကလည်း ချော်နေပါတယ်။ကားက လေးလုံးထိုးပါ၊ဒါကိုလူ၁ဝ ယောက်ကျော်ကျော်
လောက် တင်လာတယ်။ မတက်နိုင် တော့ ဘေးချောက်ထဲကျသွားတာ'' ဟု မျက်မြင်တစ်ဦးဖြစ်သူ ကိုစောဦး
က မဇ္ဈိမကို ပြော ကြားခဲ့သည်။

အဆိုပါဖြစ်စဉ်ကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄/က ဖြင့် ယာဉ်မောင်းဖြစ်သူ ထွန်းလင်းကို အမှုဖွင့်ထားသည်

ဟုလည်း တောင်ကြီးမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲအုပ် သန့်စင်ထွန်းက မဇ္ဈိမကို ပြောဆိုသည်။

Mizzima News , RangonNewsDaily
kolatt(PBDN): 24.6.2013

0 comments:

Post a Comment