Pages

Tuesday, June 25, 2013

သီချင်းဆိုလို့မရတဲ့အချိန်ကအဆိုတော်တစ်ယောက်ကို စိတ်ဓာတ်ကျစေ တာပဲလို့ဆိုတဲ့ အဆိုတော်ဟန်ထွန်း

Photo: သီချင်းဆိုလို့မရတဲ့အချိန်ကအဆိုတော်တစ်ယောက်ကို စိတ်ဓာတ်ကျစေ တာပဲ
Tuesday, June 25, 2013

အသံချိုချို၊ သီချင်းအေးအေးလေးတွေနဲ့ ပရိသတ်ရင်ကို လှုပ်ခတ်စေခဲ့တဲ့သူ။ “အိပ်မက်ယန္တရား”၊ “ရှိနေမယ်” တစ်ကိုယ်တော်အခွေနှစ်ခွေထွက်ပြီးတဲ့နောက် တတိယ အခွေ “ခေါင်းနဲ့ပန်း” ကိုပါ ပရိသတ်ထံ ပို့ပေးလိုက်နိုင်ပြီဖြစ်သူ။ အဲဒီသူက ဟန်ထွန်း။ သူရဲ့ဂီတဖြတ်သန်းမှုကလည်း စိတ်ဝင်စားစရာ။ လိ(ဒ်)ဂစ်တာကို စိတ်ဝင် စားခဲ့သူ တစ်ယောက်ကအခုဆိုရင်စင်ပေါ်မှာ ပရိသတ်ရဲ့ လက်ခုပ်သံကို ရယူနိုင်နေပြီဖြစ်တဲ့ အဆိုတော်တစ်ယောက်ဖြစ်နေပြီ။ ဂစ်တာကို လွယ်ပြီး ဖျော်ဖြေတဲ့ သူ့ရဲ့ဟန်ပန်က ပရိသတ်တွေအတွက် မရိုးနိုင်စွာ။ တည်ငြိမ်အေးဆေးလှတဲ့သူ့ကို မေးခွန်း ၅ ခုကဏ္ဍအတွက် အမေးအဖြေတွေ လုပ်ဖြစ်ခဲ့တယ်။ သူ့အဖြေတွေကလည်း ပကတိရိုးရိုးရှင်းရှင်း …..

မေး – တစ်ကိုယ်တော်အခွေ အတွက် သီချင်းရွေးတဲ့အခါ ဘယ်လိုစဉ်းစားပြီး ရွေးဖြစ်ပါ သလဲ။ ကိုယ်ဆိုနိုင်လောက်မယ့် သီချင်းမျိုးကို အဓိကထားရွေး တာလား။ ဒါမှမဟုတ် ပရိသတ် ကြိုက်လောက်မယ် ထင်တဲ့ သီချင်းမျိုးကို အဓိကထားရွေး တာလား။

ဖြေ – “ရှိနေမယ်” အခွေတုန်းက တော့ အေးတဲ့သီချင်းတွေများ ခဲ့ပါတယ်။ ဒါကြောင့် နောက် အခွေကျရင်တော့ ပုံစံလေး နည်းနည်းသွက်တာလေးတော့ ထည့်မှဖြစ်မယ်ပေါ့။ ဒါကြောင့် လည်း “ခေါင်းနဲ့ပန်း”အခွေထဲမှာ နည်း နည်းသွက်တာလေးတွေ  ထည့်ထားတယ်။ own tune  ဖြစ်တဲ့အတွက် Hard Rock ပုံစံ မျိုးတွေ ထည့်ရတာပေါ့။ အနှေး ချည်းပဲဆိုရင်လည်း နားထောင် ရတာ ပျင်းတာပေါ့လေ။ တစ်ခါ နားထောင်ပြီးရင် ပျင်းသွား တာမျိုးတော့ ကိုယ်လည်းမဖြစ် ချင်ဘူး။ ပျင်းသွားမယ်၊ အေး သွားမယ်လို့ ထင်တဲ့နေရာတွေ ကျရင် နည်းနည်းလေး ပျော် စရာသီချင်းလေးတွေ ပုံစံမတူ တဲ့သီချင်းမျိုးတွေလည်း ထည့်ရ တယ်။ သီချင်းရွေးတာကတော့ ကိုယ်နိုင်တဲ့ သီချင်းကိုပဲ ရွေး တယ်။ ချက်ချင်း Mood သွင်း နိုင်တဲ့သီချင်းမျိုးပေါ့။ ကျွန်တော်တို့ကျတော့ ဂစ်တာလည်း တီး တော့ ကော့ဒ်လှတဲ့ သီချင်းမျိုး တွေကြိုက်တယ်။ အဓိကက တော့ ကိုယ်ဆိုနိုင်တဲ့ သီချင်း မျိုးကိုပဲ ရွေးတယ်။ဆိုတော့ဆို နိုင်တယ်။ ဒါပေမဲ့ သြသိ သွင်း လို့ မရတာမျိုးလည်း ရှိတယ်။ အဲဒီလိုမျိုးကျတော့လည်း တစ် ခါလောက်သွင်းကြည့်ရုံနဲ့ သိ တယ်။ ဆက်မသွင်းတော့ဘူး။ ဒီသီချင်းက ဖြုတ်ကိုချရတော့ မယ်ဆိုတာ သိလိုက်တယ်။ အဲ ဒါမျိုးဆို ထားခဲ့လိုက်တယ်။ ကိုယ်တောင်မကြိုက်မှတော့ ပရိသတ်လည်းကြိုက်နိုင်မယ် မထင်ဘူးလေ။

မေး – ကိုဟန်ထွန်းစပြီးစိတ်ဝင်စား ခဲ့တဲ့မြူးဇစ်ကဘာလဲ။ကိုယ်စိတ် ဝင်စားခဲ့တဲ့ မြူးဇစ်အပေါ် ကိုယ့်အသံ ကမလိုက်နိုင်တာမျိုး ကော ကြုံခဲ့ရဖူးလား။

ဖြေ – အင်းဗျ၊ ကျွန်တော်စကြိုက် တာကတော့ Rock ပါ။စနားထောင်တာကလည်း Rock ပဲ။ ဒါကြောင့် Rock ပဲရူးခဲ့တယ်။ အဆိုတော်လုပ်မယ်ဆိုတဲ့ အချိန်ကျတော့လည်း Rock ပဲ ဖြစ်ချင်ခဲ့တယ်။ ဆိုကြည့် လိုက်မှ ကိုယ်ကမနိုင်မှန်းသိခဲ့ရ တယ်။ ၁ဝ တန်းအောင်ပြီးခါစ ကျောင်းသားဘဝဆိုတော့လည်း အော်ဖို့ပဲ သိခဲ့တယ်။ အော်လို့ ရှိရင် နားထောင်လို့ မကောင်း ဘူးဆိုတာ ကြာမှသိလာတယ်။ ရော့ခ်ဆိုတာကလည်း အော် ရတဲ့ သီချင်းမျိုးဆိုတော့ အဲဒါ ကြီးကို ပျော့ပျော့လေးနဲ့ သွား ဆိုမယ်ဆိုရင်လည်း အံမဝင်ဘူး လေ။  ပင်ပန်းတာပေါ့။ ကိုယ့် မှာ ကြိုးစားပြီးဆိုနေရတာ။ အပင်ပန်းမခံချင်လို့တော့ မဟုတ် ဘူး။ဒါပေမဲ့ ကိုယ်ကရော့ခ်ကာ အသံမဟုတ်ဘူးလေ။ အဲဒီ တော့ မကြိုးစားနဲ့။ အကောင်း ဆုံးပဲ။ အချိန်လည်း ကုန်တယ်။ ကိုယ်လည်းမပျော်ဘူး။ ငယ် ငယ်တုန်းကတော့ လုပ်ချင်တာ ပဲ သိတာလေ။ လုပ်ကြည့်လိုက်မှ ကိုယ်နဲ့ သိပ်မလိုက်ဘူးဆိုတာ သိလိုက်ရတယ်။

မေး – ငယ်စဉ်က လိ(ဒ်)ဂစ်တာ သမား သိပ်ဖြစ်ချင်ခဲ့တဲ့ ကို ဟန်ထွန်းအနေနဲ့ ဘာကြောင့် အဆိုတော်လိုင်းကို ရောက်ဖြစ် သွားတာလဲ။ ဂီတလောကမှာ လိ(ဒ်)ဂစ်တာ သမားတစ်ယောက် အနေနဲ့ ရပ်တည်ရမှုက ခက် ခဲလို့များလား။

ဖြေ – လိ(ဒ်)တီးမယ်ဆိုပြီး ရန်ကုန်ကို ဆင်းလာခဲ့တယ်။ ၈ တန်းအောင် လောက်ကပေါ့။ အဆောင်နေရင်းနဲ့ ဆက်ပြီး လေ့လာသင်ကြားသွားမယ်လို့ စိတ်ကူးခဲ့တယ်။ အဲဒီအချိန်မှာ အဆင်မပြေတာတွေ အများ ကြီးပဲ။ နယ်ကလာတဲ့အတွက် နေဖို့၊ စားဖို့ အဆင်မပြေဘူး။ သင်ရမယ့်နေရာကလည်း မသွား တတ်၊ မလာတတ်ပေါ့။  ၈တန်း ပဲ ရှိသေးတာလည်း ပါတယ်။ အိမ်ကလည်း ကျောင်းတစ်ဖက် နဲ့ဆိုရင်တော့ အဆင်မပြေနိုင် ဘူးထင်တယ်ဆိုတော့ ကျွန် တော်လည်း စိတ်လျှော့ပြီး ပြန် သွားခဲ့တယ်။ တောင်ကြီးပြန် ရောက်တော့လည်း မင်္ဂလာ ဆောင်တွေမှာ တီးလိုက်၊ ဆို လိုက်ပေါ့။ တကယ်တမ်း တီး မယ်ဆိုပြန်တော့လည်း ကျွန် တော်က သေချာကြီး မသင်ခဲ့ရ တော့ စနစ်မကျဘူး။ အခြေခံ မကောင်းတော့ အပျော်တမ်းပဲ ဖြစ်နိုင်တော့မယ်ဆိုတာ ကိုယ့် ကိုယ်ကိုယ်သိလိုက်ပြီလေ။ ဒီ လောကကြီးထဲမှာ လည်း နေချင် သေးတယ်။ ဝင်ချင်သေးတယ် ဆိုတော့ တောင် ကြီးမြို့ပတ်ဝန်း ကျင်မှာ လုပ်တဲ့  ရှိုးတွေမှာ ဆိုခဲ့တယ်။ ကိုလေးဖြူ သီချင်း တို့၊  ကိုထူးအိမ်သင် သီချင်းတို့  ဆိုရင်းနဲ့  ပရိသတ်တွေက အားပေးကြတယ်။ အဲဒီမှာပဲ ငါသီချင်းဆိုလို့ရနိုင်တယ်ထင် တယ်ဆိုတဲ့ စိတ်ဖြစ်ခဲ့တယ်။အခု အချိန်မှာတော့  ကိုယ်ရွေး လိုက်တဲ့လမ်းက ကိုယ့် အတွက် သိပ်အကျိုးရှိသွားခဲ့တယ်။

မေး – နယ်က တက်လာတဲ့ လူငယ်တွေအနေနဲ့ ရန်ကုန်မှာ အခြေချတဲ့အခါ အခက်အခဲက တော့ အခုချိန်ထိရှိ နေတုန်းပါ ပဲ။ အခက် အခဲတွေကြောင့် နောက်ဆုတ်သွားတဲ့ လူတွေလည်းရှိတယ်။ အောင်မြင်ဖို့ ဆိုရင် အခက်အခဲတွေကို ခံနိုင်ရည်ရှိဖို့လို နေမလား။

ဖြေ – အခက်အခဲဆိုတာ ပံ့ပိုး မှုမရှိလို့ ခက်ခဲတာကိုး။ အသိုင်း အဝိုင်းကလည်းလိုတယ်။ ကိုယ်ကလည်း သီချင်းအပေါ်မှာ စိတ်စေတနာ မှန်မှန်ကန်ကန်နဲ့ လုပ်ထားရင်တော့ တစ်ချိန်ကျရင် အခက်အခဲတွေကို ဖြတ် ကျော်သွားနိုင်မှာပါ။ ကောင်းရင် ဘယ်နေနိုင်မလဲ။ ကျွန် တော်တို့တောင် အဆိုတော်ဆို ပေမယ့် တအားကောင်းတဲ့ အဆိုတော်တွေကို ပြန်အား ပေးရတာပဲလေ။ ကိုယ်လည်း နားထောင်ချင်တာကိုး။ ကိုယ်လည်းပရိသတ်ထဲက အဆိုတော် ပဲလေ။  အပျော်တမ်း  သိပ်မဆန်ဖို့လိုတယ်။ အခက်အခဲက တော့ ဘယ်နေရာမဆို ရှိမှာ ပါပဲ။ကိုယ်ခံနိုင်ရည်ရှိတဲ့ အခက် အခဲလား၊ခံနိုင်ရည်မရှိတဲ့ အခက် အခဲလားဆိုတာကတော့ ကိုယ့် ကိုယ်ကိုယ်မူတည်ပါတယ်။ ရင် ထဲမှာ တကယ်ကို အစစ်အမှန် နဲ့ လုပ်ထားတယ်ဆိုရင်တော့ တစ်ဆင့်စကား၊ တစ်ဆင့်နားနဲ့ ပျံ့သွားမှာပါ။ ကိုယ်ကိုယ်တိုင် က လည်း ကောင်းအောင်လုပ်ဖို့ လိုပါတယ်။

မေး – ဘယ်လိုအခြေအနေမျိုးက အဆိုတော်တစ်ယောက်ကို စိတ် ဓာတ်ကျစေပါသလဲ။ အဲဒီအခြေ အနေမျိုးထိရောက်ရခြင်းက ဘာကြောင့်လို့ သုံးသပ်မိလဲ။

ဖြေ – အဆိုတော်တစ်ယောက်ကို စိတ်ဓာတ်ကျစေတာကတော့ သီချင်းဆိုလို့မရတဲ့အချိန်က စိတ်ဓာတ်ကျစေတာပဲ။ သီချင်းဆိုလို့ မရရင် တအားစိတ်ဓာတ်ထိခိုက် တယ်။တစ်ခါတလေ လူကဘာ မှန်းမသိဘူးလေ။ ဆိုလို့မရတဲ့ အချိန်က ပေါ်ပေါ်လာတယ်။ ကိုယ် Mood မရှိဘူးဆိုတာသိ တယ်။  ဘာသဘောလဲဆို တော့ အကျင့်ပါလာတာ ထင်တယ်။ လာသမျှ  ရှိုးအကုန် လက်ခံ။ အခွေလုပ်ဖို့အတွက် အဓိက ငွေကြေးပါဝင်လာပြီ။ ဒီပါလာတဲ့ ငွေကြေးက မရှာလို့ မရတော့ဘူး။ မရှာရင် အခွေ ဆက်လုပ်ဖို့ ပိုက်ဆံမရှိဘူး။ အခွေလုပ်ဖို့  ပိုက်ဆံလိုတယ်။ အရင်တုန်းကတော့  အခွေ သွင်းပြီးလို့  အခွေကြမ်း တင်ထားရင် ကိုယ့်ကိုကြိုက်တဲ့ ပရိုဂျူဆာက ကောက် သွားရော။အခုက ခေတ်က  မကောင်း ဘူး။ ခေတ်မကောင်းတော့ ပရို ဂျူဆာလည်း ဘယ်နားနေမှန်း မသိဘူးဆိုတော့ အခွေကို ကိုယ့်ဘာသာ ကိုယ်ထုတ်ရ တော့မယ်။ ကိုယ့်ဘာသာကိုယ် ထုတ်ဖို့    ပိုက်ဆံလိုတယ်။ ပိုက်ဆံလိုတယ်ဆိုတော့ ပိုက်ဆံ က ရှာရတာပေါ့။ ပိုက်ဆံရှာရ တော့ လာသမျှ ရှိုးအကုန်လက်ခံ ရတော့ တယ်။ ဝေးဝေးနီးနီး အကုန်လက်ခံတယ် ။ကြာတော့ ပင်ပန်းလာတယ်။ ပင်ပင်ပန်း ပန်းနဲ့ပဲဆိုရတဲ့အခါ သီချင်း က အော်တဲ့ သီချင်းတွေပါရင် ပြည့်ပြည့်ဝဝအော်နိုင် ပါ့မ လား ဆိုတဲ့ စိုးရိမ်စိတ်တွေ ဝင်တယ်။ ဝင်တော့ ကိုယ့်ဘာသာကိုယ် ထိန်းဆိုရတယ်။ ထိန်းဆိုရင်းနဲ့ နောက်ဆုံး Mood ပါ ပျောက်လာတယ်။ ကိုယ့်ကိုယ်ကိုယ် လည်း သိတယ်။ အဲဒီလိုကျရင် ကိုယ့်ကိုယ်ကိုယ်လည်း နည်း နည်းလေး မကြိုက်ချင်တော့ဘူး။ လက်ခံပြီးသား ဖြစ်နေတော့ လည်းသွားရတာပေါ့။ ကျွန်တော် တို့ကျတော့နုတဲ့ အသံမျိုးထဲမှာ ပါတယ်။ ဒီအသံက ခရီးသွားပါ များရင်၊ အိပ်ရေးပျက်ပါများ လာရင်ကြမ်းလာတယ်။ ဒါကြောင့် ကားနဲ့ အဝေးကြီးသွားရမယ့် နေရာမျိုးတွေ ကိုတော့ သွား မဆိုဖြစ်တော့ဘူး။

လင်းအက္ခရာ
ဓာတ်ပုံ-ဟန်းထွန်းဖေ့စ်ဘုတ်
(ဓာတ်ပုံ-ဟန်းထွန်း - Facebook)
Tuesday, June 25, 2013

အသံချိုချို၊သီချင်းအေးအေးလေးတွေနဲ့ပရိသတ်ရင်ကို လှုပ်ခတ်စေခဲ့တဲ့သူ။ “အိပ်မက်ယန္တရား”၊ “ရှိနေမယ်” 
တစ်ကိုယ်တော်အခွေနှစ်ခွေထွက်ပြီးတဲ့နောက်တတိယအခွေ “ခေါင်းနဲ့ပန်း”ကိုပါ ပရိသတ်ထံ ပို့ပေးလိုက်နိုင်
ပြီဖြစ်သူ။ အဲဒီသူက ဟန်ထွန်း။ သူရဲ့ဂီတဖြတ်သန်းမှုကလည်း စိတ်ဝင်စားစရာ။ လိ(ဒ်)ဂစ်တာကို စိတ်ဝင် စားခဲ့သူ တစ်ယောက်ကအခုဆိုရင်စင်ပေါ်မှာ ပရိသတ်ရဲ့ လက်ခုပ်သံကို ရယူနိုင်
နေပြီဖြစ်တဲ့အဆိုတော်တစ်ယောက်ဖြစ်နေပြီ။ဂစ်တာကိုလွယ်ပြီး ဖျော်ဖြေတဲ့ သူ့ရဲ့ဟန်ပန်က ပရိသတ်တွေ
အတွက် မရိုးနိုင်စွာ။ တည်ငြိမ်အေးဆေးလှတဲ့သူ့ကို မေးခွန်း ၅ ခုကဏ္ဍအတွက် အမေးအဖြေတွေ လုပ်ဖြစ်ခဲ့
တယ်။ သူ့အဖြေတွေကလည်း ပကတိရိုးရိုးရှင်းရှင်း …..

မေး – တစ်ကိုယ်တော်အခွေ အတွက် သီချင်းရွေးတဲ့အခါ ဘယ်လိုစဉ်းစားပြီး ရွေးဖြစ်ပါ သလဲ။ ကိုယ်ဆိုနိုင်
လောက်မယ့် သီချင်းမျိုးကို အဓိကထားရွေးတာလား။ဒါမှမဟုတ် ပရိသတ် ကြိုက်လောက်မယ်ထင်တဲ့သီချင်း
မျိုးကို အဓိကထားရွေး တာလား။

ဖြေ – “ရှိနေမယ်” အခွေတုန်းက တော့ အေးတဲ့သီချင်းတွေများ ခဲ့ပါတယ်။ ဒါကြောင့် နောက် အခွေကျရင်
တော့ ပုံစံလေး နည်းနည်းသွက်တာလေးတော့ ထည့်မှဖြစ်မယ်ပေါ့။ ဒါကြောင့် လည်း “ခေါင်းနဲ့ပန်း”အခွေထဲ
မှာ နည်း နည်းသွက်တာလေးတွေ ထည့်ထားတယ်။ own tune ဖြစ်တဲ့အတွက် Hard Rock ပုံစံ မျိုးတွေထည့်ရ
တာပေါ့။ အနှေး ချည်းပဲဆိုရင်လည်း နားထောင် ရတာ ပျင်းတာပေါ့လေ။ 
 
တစ်ခါ နားထောင်ပြီးရင် ပျင်းသွား တာမျိုးတော့ ကိုယ်လည်းမဖြစ် ချင်ဘူး။ ပျင်းသွားမယ်၊ အေး သွားမယ်လို့ ထင်တဲ့နေရာတွေ ကျရင် နည်းနည်းလေး ပျော် စရာသီချင်းလေးတွေ ပုံစံမတူ တဲ့သီချင်းမျိုးတွေလည်း ထည့်
ရ တယ်။ သီချင်းရွေးတာကတော့ ကိုယ်နိုင်တဲ့ သီချင်းကိုပဲ ရွေး တယ်။ 
 
ချက်ချင်း Mood သွင်း နိုင်တဲ့သီချင်းမျိုးပေါ့။ ကျွန်တော်တို့ကျတော့ဂစ်တာလည်းတီး တော့ ကော့ဒ်လှတဲ့ သီ
ချင်းမျိုး တွေကြိုက်တယ်။အဓိကက တော့ကိုယ်ဆိုနိုင်တဲ့ သီချင်းမျိုးကိုပဲ ရွေးတယ်။ဆိုတော့ဆို နိုင်တယ်။ 
 
ဒါပေမဲ့ သြသိ သွင်း လို့မရတာမျိုးလည်းရှိတယ်။အဲဒီလိုမျိုးကျတော့လည်း တစ် ခါလောက်သွင်းကြည့်ရုံနဲ့ သိ
တယ်။ ဆက်မသွင်းတော့ဘူး။ ဒီသီချင်းက ဖြုတ်ကိုချရတော့ မယ်ဆိုတာ သိလိုက်တယ်။ အဲ ဒါမျိုးဆို ထားခဲ့
လိုက်တယ်။ ကိုယ်တောင်မကြိုက်မှတော့ ပရိသတ်လည်းကြိုက်နိုင်မယ် မထင်ဘူးလေ။

မေး – ကိုဟန်ထွန်းစပြီးစိတ်ဝင်စား ခဲ့တဲ့မြူးဇစ်ကဘာလဲ။ကိုယ်စိတ် ဝင်စားခဲ့တဲ့ မြူးဇစ်အပေါ် ကိုယ့်အသံ ကမလိုက်နိုင်တာမျိုး ကော ကြုံခဲ့ရဖူးလား။

ဖြေ – အင်းဗျ၊ ကျွန်တော်စကြိုက် တာကတော့ Rock ပါ။စနားထောင်တာကလည်း Rock ပဲ။ ဒါကြောင့် Rock ပဲရူးခဲ့တယ်။ အဆိုတော်လုပ်မယ်ဆိုတဲ့အချိန်ကျတော့လည်းRock ပဲ ဖြစ်ချင်ခဲ့တယ်။ ဆိုကြည့်လိုက်မှကိုယ်
ကမနိုင်မှန်းသိခဲ့ရတယ်။၁ဝ တန်းအောင်ပြီးခါစ ကျောင်းသားဘဝဆိုတော့လည်း အော်ဖို့ပဲသိခဲ့တယ်။ အော်
လို့ ရှိရင် နားထောင်လို့ မကောင်း ဘူးဆိုတာ ကြာမှသိလာတယ်။ ရော့ခ်ဆိုတာကလည်း အော် ရတဲ့ သီချင်း
မျိုးဆိုတော့ အဲဒါ ကြီးကို ပျော့ပျော့လေးနဲ့ သွား ဆိုမယ်ဆိုရင်လည်း အံမဝင်ဘူး လေ။ ပင်ပန်းတာပေါ့။ 
 
ကိုယ့် မှာ ကြိုးစားပြီးဆိုနေရတာ။ အပင်ပန်းမခံချင်လို့တော့ မဟုတ် ဘူး။ဒါပေမဲ့ ကိုယ်ကရော့ခ်ကာ အသံမ
ဟုတ်ဘူးလေ။ အဲဒီ တော့ မကြိုးစားနဲ့။ အကောင်း ဆုံးပဲ။ အချိန်လည်း ကုန်တယ်။ ကိုယ်လည်းမပျော်ဘူး။ ငယ်ငယ်တုန်းကတော့လုပ်ချင်တာပဲသိတာလေ။ လုပ်ကြည့်လိုက်မှ ကိုယ်နဲ့ သိပ်မလိုက်ဘူးဆိုတာသိလိုက်
ရတယ်။

မေး – ငယ်စဉ်က လိ(ဒ်)ဂစ်တာ သမား သိပ်ဖြစ်ချင်ခဲ့တဲ့ ကို ဟန်ထွန်းအနေနဲ့ ဘာကြောင့် အဆိုတော်လိုင်း
ကို ရောက်ဖြစ် သွားတာလဲ။ ဂီတလောကမှာ လိ(ဒ်)ဂစ်တာ သမားတစ်ယောက် အနေနဲ့ ရပ်တည်ရမှုက ခက် ခဲလို့များလား။

ဖြေ – လိ(ဒ်)တီးမယ်ဆိုပြီး ရန်ကုန်ကို ဆင်းလာခဲ့တယ်။ ၈ တန်းအောင် လောက်ကပေါ့။ အဆောင်နေရင်းနဲ့ ဆက်ပြီး လေ့လာသင်ကြားသွားမယ်လို့ စိတ်ကူးခဲ့တယ်။ အဲဒီအချိန်မှာ အဆင်မပြေတာတွေ အများ ကြီးပဲ။ နယ်ကလာတဲ့အတွက် နေဖို့၊စားဖို့ အဆင်မပြေဘူး။သင်ရမယ့်နေရာကလည်းမသွားတတ်၊မလာတတ်ပေါ့။
၈တန်း ပဲ ရှိသေးတာလည်း ပါတယ်။ အိမ်ကလည်း ကျောင်းတစ်ဖက် နဲ့ဆိုရင်တော့ အဆင်မပြေနိုင်ဘူးထင်
တယ်ဆိုတော့ ကျွန် တော်လည်း စိတ်လျှော့ပြီး ပြန် သွားခဲ့တယ်။ 
 
 တောင်ကြီးပြန် ရောက်တော့လည်း မင်္ဂလာ ဆောင်တွေမှာ တီးလိုက်၊ ဆို လိုက်ပေါ့။ တကယ်တမ်း တီး မယ်
ဆိုပြန်တော့လည်းကျွန် တော်က သေချာကြီးမသင်ခဲ့ရ တော့စနစ်မကျဘူး။ အခြေခံ မကောင်းတော့ အပျော်
တမ်းပဲ ဖြစ်နိုင်တော့မယ်ဆိုတာ ကိုယ့် ကိုယ်ကိုယ်သိလိုက်ပြီလေ။ 
 
ဒီ လောကကြီးထဲမှာ လည်း နေချင် သေးတယ်။ ဝင်ချင်သေးတယ် ဆိုတော့ တောင် ကြီးမြို့ပတ်ဝန်း ကျင်မှာ လုပ်တဲ့ရှိုးတွေမှာဆိုခဲ့တယ်။ကိုလေးဖြူသီချင်း တို့၊ ကိုထူးအိမ်သင် သီချင်းတို့ ဆိုရင်းနဲ့ ပရိသတ်တွေက အား
ပေးကြတယ်။အဲဒီမှာပဲငါသီချင်းဆိုလို့ရနိုင်တယ်ထင် တယ်ဆိုတဲ့ စိတ်ဖြစ်ခဲ့တယ်။အခု အချိန်မှာတော့ ကိုယ်
ရွေး လိုက်တဲ့လမ်းက ကိုယ့် အတွက် သိပ်အကျိုးရှိသွားခဲ့တယ်။

မေး – နယ်က တက်လာတဲ့ လူငယ်တွေအနေနဲ့ ရန်ကုန်မှာ အခြေချတဲ့အခါ အခက်အခဲက တော့ အခုချိန်ထိ
ရှိ နေတုန်းပါ ပဲ။ အခက် အခဲတွေကြောင့် နောက်ဆုတ်သွားတဲ့ လူတွေလည်းရှိတယ်။ အောင်မြင်ဖို့ ဆိုရင် အ
ခက်အခဲတွေကို ခံနိုင်ရည်ရှိဖို့လို နေမလား။

ဖြေ – အခက်အခဲဆိုတာ ပံ့ပိုး မှုမရှိလို့ ခက်ခဲတာကိုး။ အသိုင်း အဝိုင်းကလည်းလိုတယ်။ ကိုယ်ကလည်း သီ
ချင်းအပေါ်မှာ စိတ်စေတနာ မှန်မှန်ကန်ကန်နဲ့ လုပ်ထားရင်တော့ တစ်ချိန်ကျရင် အခက်အခဲတွေကို ဖြတ် 
ကျော်သွားနိုင်မှာပါ။ ကောင်းရင် ဘယ်နေနိုင်မလဲ။ ကျွန် တော်တို့တောင် အဆိုတော်ဆို ပေမယ့် တအား
ကောင်းတဲ့ အဆိုတော်တွေကို ပြန်အား ပေးရတာပဲလေ။ ကိုယ်လည်း နားထောင်ချင်တာကိုး။ ကိုယ်လည်း
ပရိသတ်ထဲက အဆိုတော် ပဲလေ။ အပျော်တမ်း သိပ်မဆန်ဖို့လိုတယ်။
 
အခက်အခဲက တော့ဘယ်နေရာမဆိုရှိမှာပါပဲ။ကိုယ်ခံနိုင်ရည်ရှိတဲ့အခက်အခဲလား၊ခံနိုင်ရည်မရှိတဲ့ အခက်
အခဲလားဆိုတာကတော့ ကိုယ့် ကိုယ်ကိုယ်မူတည်ပါတယ်။ ရင် ထဲမှာ တကယ်ကို အစစ်အမှန် နဲ့ လုပ်ထား
တယ်ဆိုရင်တော့ တစ်ဆင့်စကား၊ တစ်ဆင့်နားနဲ့ ပျံ့သွားမှာပါ။ ကိုယ်ကိုယ်တိုင် က လည်း ကောင်းအောင်
လုပ်ဖို့ လိုပါတယ်။

မေး – ဘယ်လိုအခြေအနေမျိုးက အဆိုတော်တစ်ယောက်ကို စိတ် ဓာတ်ကျစေပါသလဲ။ အဲဒီအခြေ အနေမျိုး
ထိရောက်ရခြင်းက ဘာကြောင့်လို့ သုံးသပ်မိလဲ။

ဖြေ – အဆိုတော်တစ်ယောက်ကို စိတ်ဓာတ်ကျစေတာကတော့ သီချင်းဆိုလို့မရတဲ့အချိန်က စိတ်ဓာတ်ကျ
စေတာပဲ။ သီချင်းဆိုလို့ မရရင် တအားစိတ်ဓာတ်ထိခိုက် တယ်။တစ်ခါတလေ လူကဘာ မှန်းမသိဘူးလေ။ ဆိုလို့မရတဲ့ အချိန်က ပေါ်ပေါ်လာတယ်။ 
 
ကိုယ် Mood မရှိဘူးဆိုတာသိ တယ်။ ဘာသဘောလဲဆို တော့ အကျင့်ပါလာတာ ထင်တယ်။ လာသမျှ ရှိုးအ
ကုန်လက်ခံ။အခွေလုပ်ဖို့အတွက် အဓိက ငွေကြေးပါဝင်လာပြီ။ ဒီပါလာတဲ့ ငွေကြေးကမရှာလို့ မရတော့ဘူး။
မရှာရင် အခွေ ဆက်လုပ်ဖို့ ပိုက်ဆံမရှိဘူး။ အခွေလုပ်ဖို့ ပိုက်ဆံလိုတယ်။ အရင်တုန်းကတော့ အခွေ သွင်းပြီး
လို့ အခွေကြမ်း တင်ထားရင် ကိုယ့်ကိုကြိုက်တဲ့ ပရိုဂျူဆာက ကောက် သွားရော။
 
အခုက ခေတ်က မကောင်း ဘူး။ ခေတ်မကောင်းတော့ ပရို ဂျူဆာလည်း ဘယ်နားနေမှန်း မသိဘူးဆိုတော့ အခွေကိုကိုယ့်ဘာသာ ကိုယ်ထုတ်ရ တော့မယ်။ကိုယ့်ဘာသာကိုယ်ထုတ်ဖို့ ပိုက်ဆံလိုတယ်။ပိုက်ဆံလိုတယ်
ဆိုတော့ ပိုက်ဆံ က ရှာရတာပေါ့။ ပိုက်ဆံရှာရ တော့ လာသမျှ ရှိုးအကုန်လက်ခံ ရတော့ တယ်။ ဝေးဝေးနီး
နီး အကုန်လက်ခံတယ် ။ကြာတော့ ပင်ပန်းလာတယ်။ 
 
ပင်ပင်ပန်း ပန်းနဲ့ပဲဆိုရတဲ့အခါ သီချင်း က အော်တဲ့ သီချင်းတွေပါရင် ပြည့်ပြည့်ဝဝအော်နိုင် ပါ့မ လား ဆိုတဲ့ စိုးရိမ်စိတ်တွေ ဝင်တယ်။ ဝင်တော့ ကိုယ့်ဘာသာကိုယ် ထိန်းဆိုရတယ်။ ထိန်းဆိုရင်းနဲ့ နောက်ဆုံး Mood ပါ 
ပျောက်လာတယ်။ ကိုယ့်ကိုယ်ကိုယ် လည်း သိတယ်။ 
 
အဲဒီလိုကျရင် ကိုယ့်ကိုယ်ကိုယ်လည်း နည်း နည်းလေး မကြိုက်ချင်တော့ဘူး။ လက်ခံပြီးသား ဖြစ်နေတော့ လည်းသွားရတာပေါ့။ကျွန်တော်တို့ကျတော့နုတဲ့အသံမျိုးထဲမှာ ပါတယ်။ ဒီအသံက ခရီးသွားပါ များရင်၊ အိပ်
ရေးပျက်ပါများ လာရင်ကြမ်းလာတယ်။ ဒါကြောင့် ကားနဲ့ အဝေးကြီးသွားရမယ့် နေရာမျိုးတွေ ကိုတော့ သွား မဆိုဖြစ်တော့ဘူး။

လင်းအက္ခရာ , RangonNewsDaily
kolatt(PBDN): 24.6.2013

0 comments:

Post a Comment