Pages

Tuesday, June 25, 2013

လူနေအိမ်များတွင် နိုင်ငံခြားသားများ တည်းခိုနိုင်ရန် စီစဉ်ဟုဆို

မန္တလေး၊ ဇွန် ၂၄

နိုင်ငံခြားသားများ ဝင်ရောက်မှု တိုးလာသည်နှင့်အညီ ဟိုတယ်မရှိသည့် ဒေသများတွင် လူနေအိမ် များ၌ နိုင်ငံခြားသားများ တည်းခိုနိုင်ရေး စီစဉ် ဆောင်ရွက်နေပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ဟိုတယ်အခန်း မလုံလောက်မှုကို ဖြေရှင်းနိုင်ရေးအတွက် ယခုအခါ Home Stay တည်းခိုနိုင်ရေး ခွင့်ပြုပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

မြန်မာ့ဓလေ့ နေထိုင်မှု လူမှုစရိုက်များ လေ့လာနိုင်ရေးအတွက် ယင်းသို့ Home Stay ခွင့်ပြုပေးမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး က ပြောကြားသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ဧည့်သည်များ ဝင်ရောက်မှုမှာ မန္တလေး၊ ရန်ကုန်၊ ပုဂံ စသည့်မြို့များတွင် စုပြုံ တည်းခိုနေသဖြင့် အခန်း မလောက်သည့် အနေအထားရှိပြီး အခြား ပြင်ဦးလွင်၊ စစ်ကိုင်း၊ ရွှေဘို၊ တောင်ကြီး စသည့် မြို့များတွင် ညအိပ် တည်းခိုပါက အခန်းမလောက်သည့် ပြဿနာ ဖြေရှင်းနိုင် ကြောင်း ၄င်းက ထပ်မံ ဆိုသည်။

“ဒေသခံတွေဆီမှာ နိုင်ငံခြားသား တည်းခိုနိုင်ရေးက အိမ်သာ၊ အစားအသောက်၊ သန့်ရှင်း သပ်ရပ်မှု စတာတွေက အဆင်သင့် မဖြစ်သေးဘူး။ ဒါတွေ ပြင်ဆင်ပြီးရင် ခွင့်ပြုပေးဖို့ ရှိပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။

နှစ်စဉ် ဧပြီလမှ ဇူလိုင်လအထိသည် ဧည့်အဝင် နည်းပါးသည့် ကာလဖြစ်သဖြင့် ဧည့်သည် များတတ်သည့် သြဂုတ်လမှ မတ်လအထိသာ Home Stay လိုအပ်မည်ဖြစ်ကြောင်း မန္တလေးမြို့တော်တွင် ၁၂ နှစ်ကြာ ဧည့်လမ်းညွှန် လုပ်ကိုင်နေသူ အမျိုးသား တစ်ဦးက ပြောကြားသည်။
“မြန်မာ့ဓလေ့တွေ လေ့လာနိုင်မယ့် အင်းလေး၊ ကျိုင်းတုံစတဲ့ ဒေသတွေမှာ Home Stay တွေ ခွင့်ပြု ပေးသင့်တယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့်နှစ်တွင် ရန်ကုန်လေဆိပ် ဝင်ပေါက်မှ နိုင်ငံခြားသား ခရီးသည် ငါးသိန်း ငါးသောင်းကျော် ဝင်ရောက်ခဲ့ပြီး ၂၀၁၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက နှစ်သိန်းခန့် ပိုမို ဝင်ရောက်လာခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

အင်းလေးဒေသတွင် ပြည်ပ ဧည့်သည်များ ညအိပ်တည်းခိုရန် ဟိုတယ် လုံလောက်မှု မရှိတော့ပေ။

The Voice Weekly ,RangonNewsDaily
kolatt(PBDN): 25.6.2013

0 comments:

Post a Comment

 
world time