Pages

Sunday, May 12, 2013

ငြိမ်းချမ်းလူ့အဖွဲ့အစည်းဖြစ်ပေါ်ရေး သြဝါဒပေး ဆွေးနွေးပွဲကို မန္တလေးမြို့နှင့် မြစ်ငယ်မြို့တွင် ပြုလုပ်

မြစ်ငယ်ဗလီ၊မြစ်ငယ်မြို့.၊၁၀-၅-၂၀၁၃


Photo Credit မေတ္တာ campaign
https://www.facebook.com/pages/%E1%80%B1%E1%80%99%E1%80%90%E1%81%B1%E1%80%AC-campaign/272019712847273

ငြိမ်းချမ်းလူ့အဖွဲ့အစည်းဖြစ်ပေါ်ရေးအတွက်သြ၀ါဒပေး ဆွေးနွေးပွဲကို မေလ ၁၀ ရက်နေ့က မွန်းလွဲ ၂း၃၀ နာရီ က မြစ်ငယ်မြို့ မြို့မဗလီမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ မြစ်ငယ်မြို့အတွင်းရှိဗုဒ္ဓဘာ
သာ၊ ဟိန္ဒူ၊ အစ္စလာမ်၊ ခရစ်ယာန် စတဲ့ ဘာသာပေါင်းစုံ မြို့ခံလူထု (၁၀၀)ကျော်တက်ရောက်ခဲ့ပြီး ပဋိပက္ခ
မဖြစ်ပွားအောင် ဘာသာရေး၊ လူမျိုးရေးကို ဦးမတည်ဘဲ ညှိနှိုင်းဆွေးနွေးကာကြိုတင်ကာကွယ်တားဆီးနိုင်ဖို့အတွက်စုပေါင်းလုပ်ဆောင်နိုင်ရေး ဆွေးနွေးခဲ့ပါတယ်။ အလားတူ ငြိမ်းချမ်းလူ့အဖွဲ့အစည်းဖြစ်ပေါ်ရေးအတွက် ဆွေးနွေးပွဲကိုမန္တလေးမြို့လက်ပံဗလီဝင်း အစ္စလာမ့်
ရောင်ခြည်အသင်း ရုံးခန်း၊ ၌ ၂၀၁၃ မေလ ၁၁ ရက် နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။ အခမ်းအ
နားအပြီးတွင် ကြွရောက်လာတဲ့ သံဃာတော်များ လက်ပံဗလီအား လေ့လာရေးကြွရောက်ခံကြပြိး ဗလီဂေါ
ပက ဥက္ကဌနှင့် တာဝန်ရှိသူများမှ ဗလီသမိုင်းနှင့် ဗလီတွင်း နေရာများအား ရှင်းလင်းပြသ ခဲ့ကြကြောင်း သိရှိ
ရပါသည်။
 
Harry Mdy FB နှင့် မြန်မာဓိက
Rangonnewsdaily
RND:  :12.5.2013

0 comments:

Post a Comment