Pages

Sunday, May 12, 2013

ဖာဂူဆန် အနားယူသွားခြင်းအပေါ် ယာယာတိုရေး သုံးသပ်

ဖာဂူဆန် အနားယူသွားခြင်းအပေါ် ယာယာတိုရေး သုံးသပ်

မန်ချက်စတာစီးတီး ကွင်းလယ် ကစားသမား ယာယာတိုရေးက မြို့ခံပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက် အသင်းတွင် သက်တော်ရှည် မန်နေဂျာကြီး ဆာအဲလက်စ် ဖာဂူဆန် အနားယူသွားခြင်းကြောင့် အင်္ဂလန်
 ဘောလုံးလောကတွင် ဩဇာသက်ရောက်မှု အပြောင်းအလဲများ ဖြစ်လာနိုင်ကြောင်း သုံးသပ်ပြောဆိုခဲ့
သည်။
မန်ယူအသင်းတွင် ဖာဂူဆန် ကိုင်တွယ်ခဲ့သည့် (၂၆)နှစ်ကျော် သက်တမ်းအတွင်း အင်္ဂလန် ဘောလုံးလော
က၏ အောင်မြင်မှု အကြီးမားဆုံး အသင်းအဖြစ် ရပ်တည်နိုင်အောင် စွမ်းဆောင်လာနိုင်ခဲ့သည်။

သို့သော်လည်း ဖာဂူဆန် အနားယူကာ ဒေးဗစ်မိုယက်စ်က ၎င်းနေရာ ဆက်ခံချိန်တွင်မူ မန်စီးတီး၏ ခေတ်
သစ်တစ်ခု ရောက်ရှိလာရန် အခွင့်အရေး ဖြစ်လာမည်ဟုအိုင်ဗရီကို့စ်လက်ရွေးစင်က ယုံကြည်လျှက် ရှိသည်
။ မန်စီးတီးသည် ပြီးခဲ့သည့် ရာသီက ပရိးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့သော်လည်း ယခုရာသီတွင်မူ စောစီးစွာ
ပင် ဆုဖလားအား မန်ယူလက် ပြန်လည် လွှဲအပ်ပေးခဲ့ရသည်။

အသက်(၂၉)နှစ်ရှိ တိုရေးက "ဆာအဲလက်စ်က မန်ယူနဲ့ ပတ်သက်ပြီး အရာအားလုံးကို တည်ဆောက်ခဲ့သူပါ။ မန်ယူဟာ ခမ်းနားကြီးကျယ်လွန်းတဲ့ ကလပ်အသင်း တစ်ခုဖြစ်ပြီး ဆာအဲလက်စ်က အဓိက အခန်းကဏ္ဍမှာ ရှိနေခဲ့တယ်။ခုတော့သူအနားယူသွားတာဟာ မန်စီးတီးအတွက် အသာစီး အခြေအနေ တစ်ခုကို ဦးတည်နိုင်
ဖို့ ဖြစ်လာတာပါပဲ။

ကျွန်တော်တို့ လာမယ့်ရာသီကို အများကြီး မျှော်လင့်ရမယ်။ ဘာပဲဖြစ်ဖြစ် မန်စီးတီးနဲ့ မန်ယူအပြင် ချယ်လ်
ဆီး၊ လီဗာပူးလ်၊ အာဆင်နယ်တို့ ကြားမှာလည်း ပြိုင်ဆိုင်မှုတွေ ရှိနေမှာပါ"ဟု ပြောကြားသွားခဲ့သည်။

Source: DailyMail
Rangonnewsdaily
RND:  :12.5.2013

0 comments:

Post a Comment