Pages

Sunday, May 12, 2013

ပြည်သူတိုင်းကသာ မိမိတာဝန်ကို အပြည့်အ၀ နားလည်နေမည် ဆိုပါက အာဏာရှင် စနစ်အောက်ကို ရောက်သွားရန် မရှိနိုင်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ပြည်သူတိုင်းကသာ မိမိတာဝန်ကို အပြည့်အ၀ နားလည်နေမည် ဆိုပါက အာဏာရှင် စနစ်အောက်ကို ရောက်သွားရန် မရှိနိုင်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ပြည်သူတိုင်းကသာ မိမိတာဝန်ကို နားလည်နေမည် ဆိုပါက နိုင်ငံတစ်နိုင်ငံသည် အာဏာရှင် စနစ်အောက်ကို ရောက်သွားရန် မရှိနိုင်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မေ ၁၁ ရက်က ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမ၌ ပြုလုပ်ခဲ့သည့် NLD ပညာရေးကွန်ရက်၏ ပညာဒါန ကျောင်းဆရာ၊ ဆရာမများ ဂုဏ်ပြုပွဲနှင့် တက်ကြွစွာ သင်ယူခြင်း၊ ဝေဖန်ပိုင်းခြား စဉ်းစားခြင်း အမှတ်စဉ် (၂) သင်တန်းဆင်းပွဲတွင် အဖွင့်မိန့်ခွန်းပြောရာ၌ ၎င်းက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

"ပြည်သူတစ်ယောက်ချင်း၊ တစ်ယောက်ချင်းဟာ ကိုယ့်ရဲ့တာဝန်ကို သိမယ်ဆိုရင် နိုင်ငံတစ်နိုင်ငံရဲ့ စနစ်ဟာ ဆိုးသွမ်းသွားစရာ ဘာမှမရှိဘူး။ ပြည်သူအားလုံး မဟုတ်ရင်တောင် တကယ့်အများစုကြီးကနေပြီး ကိုယ့်တာဝန်ကို ကိုယ်သိမယ်ဆိုရင် ဘယ်လိုလုပ် အာဏာရှင်စနစ်အောက် ရောက်သွားနိုင်မလဲ။ အာဏာရှင် လုပ်ချင်တဲ့ သူတွေကိုက နည်းသွားမယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ယင်းကဲ့သို့ ပြည်သူများကသာ မိမိတာဝန်ကို သိနေသည်ဆိုပါက အာဏာရှင် လုပ်ချင်သည့် သူများကလည်း ပြည်သူများ၏ စိတ်ကို သိသွားမည်ဖြစ်ကြောင်း၊ အာဏာရှင် လုပ်ချင်သည့်သူများကို လက်ခံမည့်သူ၊ အားပေးမည့် သူများလည်း နည်းသွားမည်ဖြစ်ကြောင်း၊ ပြည်သူတိုင်း၊ ပြည်သူတိုင်းကသာ မိမိတာဝန်ကို နားလည်နေမည် ဆိုပါက အလိုလို နိုင်ငံရေးအရလည်း လုံခြုံသွားမည်ဖြစ်ပြီး လူမျိုးရေး အရလည်း နေလို့ကောင်းသွားမည်ဖြစ်ကြောင်း၊ စီးပွားရေး အရလည်း တိုးတက်သွားမည်ဖြစ်ကြောင်း စသည်ဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

တကယ့်သတ္တိဆိုသည်မှာ အန္တရာယ်ကို သိရက်နှင့် မိမိတာဝန်အရ၊ မိမိယုံကြည်ချက်အရ လုပ်မည်ဆိုသည့် ယုံကြည်ချက်ပင် ဖြစ်ကြောင်း၊ ယင်းသတ္တိကို တာဝန်သိစိတ်နှင့် တွဲသွားမှသာ ခိုင်မာမည်ဖြစ်ကြောင်း၊ ကြောက်စိတ်ရှိသည် ဆိုသည်မှာ ရှက်စရာ မဟုတ်ဘဲ ယင်းကြောက်စိတ်ကို ထိန်းထားနိုင်ရန်နှင့် ကျော်လွှားနိုင်ရန်သာ အရေးကြီးကြောင်းလည်း ၎င်းကဆိုသည်။

ပညာနှင့် ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပိုင်းခြား စဉ်းစားဆင်ခြင်ခြင်းသည်သာ ပညာဖြစ်ကြောင်း၊ မိမိမှာရှိသည့် အချက်အလက်များကို  မိမိဘ၀၊ ပတ်ဝန်းကျင်နှင့် ဆီလျော်အောင် အသုံးချတတ်ခြင်းကသာ အရေးကြီးကြောင်း စသည်ဖြင့် ပြောသည်။

တက်ကြွစွာ သင်ယူခြင်း၊ ဝေဖန်ပိုင်းခြား စဉ်းစားခြင်း သင်တန်းမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် လက်အောက်ရှိ ဆရာ၊ ဆရာမများကို သင်ယူမှု ဗဟိုပြုစနစ်ကို လေ့ကျင့်ပေးသည့် သင်တန်းဖြစ်ပြီး အမှတ်စဉ် (၂) သင်တန်းတွင် ဆရာ၊ ဆရာမ ၈၀ ကျော် ပါဝင်ခဲ့သည်။

(အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးနှင့် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့အား တွေ့ရစဉ်)
(ဓာတ်ပုံ-ဇင်ဘိုလွင်)
(အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးနှင့် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့အား တွေ့ရစဉ်)
(ဓာတ်ပုံ-ဇင်ဘိုလွင်)
ပြည်သူတိုင်းကသာ မိမိတာဝန်ကို နားလည်နေမည် ဆိုပါက နိုင်ငံတစ်နိုင်ငံသည် အာဏာရှင် စနစ်အောက်
ကို ရောက်သွားရန် မရှိနိုင်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ မေ ၁၁ ရက်က ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမ၌ ပြုလုပ်ခဲ့သည့် NLD ပညာရေးကွန်ရက်၏ ပညာဒါန ကျောင်းဆရာ၊ ဆရာမများ ဂုဏ်ပြုပွဲနှင့် တက်ကြွစွာ သင်ယူခြင်း၊ ဝေဖန်ပိုင်းခြား စဉ်းစားခြင်း အ
မှတ်စဉ် (၂) သင်တန်းဆင်းပွဲတွင် အဖွင့်မိန့်ခွန်းပြောရာ၌ ၎င်းက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်
သည်။

"ပြည်သူတစ်ယောက်ချင်း၊ တစ်ယောက်ချင်းဟာ ကိုယ့်ရဲ့တာဝန်ကို သိမယ်ဆိုရင် နိုင်ငံတစ်နိုင်ငံရဲ့ စနစ်
ဟာ ဆိုးသွမ်းသွားစရာ ဘာမှမရှိဘူး။ ပြည်သူအားလုံးမဟုတ်ရင်တောင်တကယ့်အများစုကြီးကနေပြီး ကိုယ့်
တာဝန်ကို ကိုယ်သိမယ်ဆိုရင်ဘယ်လိုလုပ်အာဏာရှင်စနစ်အောက် ရောက်သွားနိုင်မလဲ။ အာဏာရှင် လုပ်
ချင်တဲ့ သူတွေကိုက နည်းသွားမယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ယင်းကဲ့သို့ ပြည်သူများကသာ မိမိတာဝန်ကို သိနေသည်ဆိုပါက အာဏာရှင် လုပ်ချင်သည့် သူများကလည်း
 ပြည်သူများ၏ စိတ်ကို သိသွားမည်ဖြစ်ကြောင်း၊အာဏာရှင်လုပ်ချင်သည့်သူများကိုလက်ခံမည့်သူ၊ အားပေး
မည့် သူများလည်း နည်းသွားမည်ဖြစ်ကြောင်း၊ ပြည်သူတိုင်း၊ ပြည်သူတိုင်းကသာ မိမိတာဝန်ကို နားလည်နေ
မည် ဆိုပါက အလိုလို နိုင်ငံရေးအရလည်း လုံခြုံသွားမည်ဖြစ်ပြီး လူမျိုးရေး အရလည်း နေလို့ကောင်းသွား
မည်ဖြစ်ကြောင်း၊ စီးပွားရေး အရလည်း တိုးတက်သွားမည်ဖြစ်ကြောင်း စသည်ဖြင့်လည်း ဒေါ်အောင်ဆန်း
စုကြည်က ပြောသည်။

တကယ့်သတ္တိဆိုသည်မှာ အန္တရာယ်ကို သိရက်နှင့် မိမိတာဝန်အရ၊ မိမိယုံကြည်ချက်အရ လုပ်မည်ဆိုသည့် ယုံကြည်ချက်ပင် ဖြစ်ကြောင်း၊ယင်းသတ္တိကိုတာဝန်သိစိတ်နှင့်တွဲသွားမှသာခိုင်မာမည်ဖြစ်ကြောင်း၊ ကြောက်
စိတ်ရှိသည် ဆိုသည်မှာ ရှက်စရာ မဟုတ်ဘဲ ယင်းကြောက်စိတ်ကို ထိန်းထားနိုင်ရန်နှင့် ကျော်လွှားနိုင်ရန်
သာ အရေးကြီးကြောင်းလည်း ၎င်းကဆိုသည်။

ပညာနှင့် ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပိုင်းခြား စဉ်းစားဆင်ခြင်ခြင်းသည်သာ ပညာ
ဖြစ်ကြောင်း၊ မိမိမှာရှိသည့် အချက်အလက်များကို မိမိဘ၀၊ ပတ်ဝန်းကျင်နှင့် ဆီလျော်အောင် အသုံးချတတ်
ခြင်းကသာ အရေးကြီးကြောင်း စသည်ဖြင့် ပြောသည်။

တက်ကြွစွာ သင်ယူခြင်း၊ ဝေဖန်ပိုင်းခြား စဉ်းစားခြင်း သင်တန်းမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပညာရေး
ကွန်ရက် လက်အောက်ရှိ ဆရာ၊ ဆရာမများကို သင်ယူမှု ဗဟိုပြုစနစ်ကို လေ့ကျင့်ပေးသည့် သင်တန်းဖြစ်ပြီး အမှတ်စဉ် (၂) သင်တန်းတွင် ဆရာ၊ ဆရာမ ၈၀ ကျော် ပါဝင်ခဲ့သည်။
 
Eleven Media , Rangonnewsdaily
RND:  :12.5.2013


0 comments:

Post a Comment