Pages

Sunday, May 12, 2013

မိုယက်စ်အား မန်နေဂျာသစ်အဖြစ် ခန့်အပ်ကြောင်း မန်ယူ အတည်ပြု

ferguson-moyes

မန်ချက်စတာယူနိုက်တက်သည်အသင်းမန်နေဂျာသစ်အဖြစ် ဒေးဗစ်မိုယက်စ်အားခန့်အပ်ကြောင်း အတည်
ပြု ပြောကြားလိုက်သည်။ မိုယက်စ်သည် မန်ယူအသင်းအား ၂၇ နှစ်ကြာ ကိုင်တွယ်ခဲ့ပြီး အောင်မြင်မှု အများ
အပြား ရယူပေးနိုင်ခဲ့သည့် ဆာအဲလက်စ် ဖာဂူဆန်၏ နေရာကို ဆက်ခံမည်ဖြစ်သည်။
အသက် ၇၁ နှစ်အရွယ် ဖာဂူဆန်သည် ယခု ဘောလုံးရာသီကုန်တွင် မန်နေဂျာအဖြစ်မှ အနားယူမည်ဖြစ်
သည်။

မိုယက်စ်သည် မန်ယူတွင် မန်နေဂျာအဖြစ် ၆ နှစ်သက်တမ်း စာချုပ်တစ်ရပ် ချုပ်ဆိုမည်ဖြစ်ကြောင်း Daily Mail သတင်းတွင် ဖော်ပြသည်။ မန်ယူမန်နေဂျာသစ်အဖြစ် ကမ်းလှမ်းမှု ခံရခြင်းမှာ မိမိအတွက် အလွန် ဂုဏ်
ယူဖွယ်ရာပင်ဖြစ်ကြောင်း မိုယက်စ်က ပြောကြားသည်။ 

ထို့အပြင် မန်ယူမန်နေဂျာရာထူးအတွက် ဖာဂူဆန်က မိမိအား ထောက်ခံခဲ့ခြင်းကြောင့် ပျော်ရွှင်ကျေနပ်မိ
ကြောင်း၊ ဘောလုံးမန်နေဂျာတစ်ယောက်အဖြစ် ဖာဂူဆန်၏ စွမ်းဆောင်ခဲ့သမျှကို အလွန်လေးစားကြောင်း မိုယက်စ်က ဆက်လက် ပြောကြားသည်။ အဲဗာတန်အသင်းနှင့် မိုယက်စ်တို့၏ စာချုပ်သက်တမ်းမှာ ယခု 
ဘောလုံးရာသီကုန်တွင် ပြီးဆုံးမည်ဖြစ်ကြောင်း သိရှိရသည်။

Planet Myanmar Network,  Rangonnewsdaily
RND:  :12.5.2013

0 comments:

Post a Comment